Sunday, September 30, 2012

ဖေ့ဘွတ်သင်ပုန်းကြီးဖတ်စာ (၁)



သမ္မတကြီး ပြန်လာတော့မည်။
အုန်းအုန်းကျွတ်ကျွတ်ကြိုဖို့ ပြင်ဆင်နေကြပြန်ပြီ။
အရင်တစ်ခေါက်လို လုံထိန်းတွေ များများ ချထားကြပါစေ။
သတိဆိုတာ ပိုသည်မရှိပါ။

ကျုံပျော် ရဲတွေ သီပာတင်စိုးဇာတ်ကား အကြည့်များလှသည်။
မကောင်းသူထိပ် ကောင်းသူထိပ် ပြည်သူများအတွက်
တစ်လောကလုံး စိတ်မကောင်းဖြစ်ကြသည်။
ရဲများ လေးခွ သာကိုင်စေချင်သည်။

မုံရွာ ကြေးနီတောင် ရှင်းလင်းပွဲ
ဖေ့ဘွတ်မှာ ရှဲကြသည်။
ကိုမင်းကိုနိုင် စကား ရဲရဲတောက် ကို ကြိုက်၏
ဦး တို့ပဲ ပိုင်နေရုံနဲ့ မပြီးသေးပါ။
ဒီ့အတွက် တရုတ်တန်းကို သပိတ်မှောက်မည်။

ပုဒ်မ (၁၈) နဲ့ ကိုးန၀င်းကြေခဲ့ကြသည်။
ငြိမ်းချမ်းရေးသမားများအတွက် ထိပ်တုံး(၁)နှစ် အသပြာ (၃)သောင်း
အထက်က သမ္မတကြီးတို့ ပြောင်းနေကြတာကို
ကူညီပါရစေတို့က လိုက်ပြောင်နေကြသလိုပင်။
သင်ပုန်းကြီးဖတ်စာကို ကြိုတင်ခွင့်ပြုချက်မတင်ပဲ ရေးလိုက်မိသည်။

ခိုးကူးဖမ်းသလို နှစ်လုံးထီကို ဖမ်းစေချင်သည်။
ငါးလောင်းပြိုင်လည်း ပေါ်လျှင်ကောင်းမည်။
မပေါ်သေးလျှင်လည်းစောင့်ပါမည်။
မပြစ်မရှိသူကိုတော့ ရိုက်မစစ်ပါနှင့်။

ဒီနေ့တော့ တော်သေးပြီ။
အားပေးလျှင်ဆက်ရေးပါမည်။
သင်ပုန်းကြီးဖတ်စာ မပီပြင်သေးပါက။
ဦးဆုံးအစမို့ ခွင့်လွှတ်စေချင်သည်။



ဘကြီးဇော်

Wednesday, September 12, 2012

မျှော်လင့်ခြင်းထမင်းသိုးများ






    ညနေခင်းတွေဟာ
    ဒီကမ္ဘာပေါ်ကမြို့ရွာတွေကို
    ဘယ်လိုများ ကျရောက်ခဲ့ပါသလဲ။

    ဟောဒီလိုများ
    တစ်နေရာရာမှာတော့
    ကျရောက်ခဲ့မယ် ထင်တာပဲ
    ငရှဉ့်သွေးရောင် ကောင်းကင်လမ်းမှာ
    ငန်းမွေးရောင် ဘောင်းဘီ
    မြင်းချေးရောင်ဘိနပ်
    တိမ်သားရောင် ရှပ်အင်္ကျီကောင်းဝတ်လို့
    ညနေခင်းဟာ
    လေညင်းခံထွက်နေမယ်။

    အဲဒီမှာ
    လေညှင်းကလည်း
    နှင်းဆီခင်းတွေထဲ လူးလှိမ့်လာခဲ့လို့
    နှင်းဆီနံ့တွေနဲ့
    ကိုယ်လက်နှီးနှောခဲ့လို့မို့
    ညနေခင်းဟာ မွှေးပြီးနေပါလိမ့်မယ်။

    ဒါမှမဟုတ်ရင်လဲ
    ဖန်ကလပ်ထဲမှာ
    ဝိုင်ပုလင်းထဲမှာ
    ညနေခင်းဟာ တစ်ကိုယ်လုံး ဆင်းစိမ်ပြီး
    စည်းစိမ်ယစ်မူး ပျော်ပါးနေတာလဲ
    ကမ္ဘာမြေ တစ်နေရာက
    မြို့တစ်မြို့မှာ
    ရှိဖြစ်တန်ကောင်းလေရဲ့။

    ဒီမှာ
    ဟောဒီမှာ
    ရန်ကုန်အစွန် ငမိုးရိပ်ချောင်းစပ်နားက
    ထားပါ
    လယ်ကွင်းတွေ ဝိုင်းရံထားလို့မို့
    လယ်ကွင်းတွေနဲ့ ရန်ကုန်မှာပေါ့။

    ၇ပေ၊ ၁ဝပေ အခန်းတစ်ခုထဲမှာ
    ညနေခင်းဟာ...
    လူဆန်ချင်နေရှာပါတယ်။
    ဒီအခန်းမှာ
    ညနေခင်းမှာ
    ဝမ်းစာသင်္ဘောဟာလဲ
    ဆိုက်ကပ်မလာခဲ့သေးပါဘူး။

    ဒီမှာတော့
    ညနေခင်းဟာ
    အထိအခိုက်အကျအရှုံးများစွာနဲ့
    သူဆင်းရဲသား ဖြစ်ခဲ့ရှာရဲ့။

    ဒီညနေခင်း
    အလင်းဝပ်အားပိန်ပိန်မှာ
    သူ့နို့ပိန်ကလေးကို လီဆယ်ပြီး
    နို့တိုက်နေတဲ့ ကလေးအမေ
    အသက်ငယ်ငယ် အရွယ်အိုအို
    လူသားအရောင်အဝါမှိန်မှိန်
    တစ်လွှာပြီးတစ်လွှာပေါ့
    ဒီမိန်းမသားရဲ့မျက်နှာမှာ
    မျှော်လင့်ခြင်း အရေပြားတွေကွာကျ

    ဒီလိုမျိုး
    မျှော်လင့်ခြင်းကို
    ညနေခင်းကို
    စောင့်မျှော်ခြင်းကို
    ဆာလောင်ခြင်းကို
    ဘဝကိုမျိုမျိုချခဲ့ရလွန်းလို့
    စောင့်မျှော်ခြင်း နာရီတွေသာ
    ခရီးထွက်သွားမယ်ဆိုရင်
    ခုလောက်ဆို
    နယူးယောက်မြို့ ရောက်လောက်ပြီလို့
    ဒီလိုမျိုး တွေးမိလေသလား

    သားသည်အမေ အဘွားအိုမလေး
    လမ်းမမျှော် သူ့မျက်နှာကို
    ခါယမ်းလိုက်ကာ
    သူ့ကလေးတွေကို လှမ်းကြည့်မိရဲ့။

    အခန်းထောင့် ဖျာကြမ်းစုတ်စုတ်မှာ
    ဖျားနာနေတဲ့ကလေး
    စောင်ခြုံလို့။

    တကယ်တော့
    ကလေးရော စောင်ပါ ဖျားနာနေခဲ့ပါပြီ။
    ထမင်းဆာလွန်းတဲ့ကလေး
    တစ်အီအီနဲ့
    ဒီတက်လို့၊
    ဒီမှာ။

    သူ့လက်လာတိုးတဲ့သွေးက
    သူ့ကလေးတွေ သူ့ရင်ခွင်မှာ
    သူ့မျက်စိအောက်မှာပေမယ့်
    သူ့ကလေးတွေနဲ့ သူနဲ့
    ကမ်းဝေးနေတာမြင်ရ
    သူ့သက်ပြင်း မီးသင်္ဘောဟာ
    မီးခိုးတအူအူနဲ့ ထွက်ခွာသွားတော့ရဲ့။

    ဒီမှာ
    သူ့အသက်ရှင်ခြင်းအပေါ်
    ခပ်ပြင်းပြင်း ရိုက်ထားတဲ့
    သံကျစ်ဆူးကို နှုတ်ဖို့လုပ်လိုက်တော့
    “အိမ်ကထွက်သွားတဲ့ အိမ်သားဟာ
    အသိုက်ကထွက်သွားတဲ့ ငှက်ပေါ့လေ” တဲ့၊
    ငှက်ခတ်သမားနဲ့ တွေ့လို့များ
    အသက်ပါသွားလေသလား
    မျက်လုံးတစ်ဖက်တည်းနဲ့ပဲ
    အိမ်ပြန်လာလေမလား
    လက်ကျိုးပြီး ပြန်လာမလား
    ခြေတစ်ဖက်တည်းနဲ့များ အိမ်ပြန်လာမလား။

    သူ့နှလုံးသားကို
    အဲဒီလို
    သွားပွတ်သပ်မိရှာတယ်။

    နောက်ဆုံး
    အကောင်းဆုံး
    ကလေးအမေ သူဆင်းရဲသားရဲ့မယား
    ဒီလိုတွေးမိရှာတယ်
    အူဟောင်းလောင်းနဲ့ပေါ့
    ဒီ့ထက်ကောင်းတဲ့ညစာမျိုး
    မရှိတော့ပါဘူးတဲ့။
    စားရေရိက္ခာတွေ
    မပါလာရင်လဲ နေပါစေတော့
    (မိမွေးတိုင်း ဖမွေးတိုင်း )
    ကောင်းမွန်ချောမောစွာ
    အိမ်ပြန်လာရင်ဘဲ တော်ပါပြီ... တဲ့၊
    အဲဒီလိုနဲ့
    မျှော်လင့်ခြင်းဟာ
    ထမင်းအသိုးများသာ ဖြစ်ခဲ့ပါတယ်။

    ဒီထမင်းအသိုးများပဲ
    ချဉ်ခြင်းပြင်းစွာ ဖြစ်မိပါသတဲ့
    အဆွေခင်ပွန်းကောင်း ညနေရေ။



    မောင်ချောနွယ်

ကြွေဒါကိုက ပွင့်ခြင်းပဲ



ပန်းဆိုတာ
ကြွေဒါကိုက ပွင့်ခြင်းဘဲ။
တပွင့်ချွေရင်
တပွင့်ဝေလွင်နေမှာဘဲ။
နှစ်ပွင့်ချွေရင်
နှစ်ပွင့် ဝေလွင်နေမှာဘဲ။
ကဲ ….. ခြွေစမ်းပါဦး
လေရူးလေနော့ ၊ သော့နှင်မဆုံး
လေသင်ဓုန်းလား ၊ မုန်တိုင်းလားဘဲ
တအားတိုက်စမ်း ၊ ချွေစမ်းပါဦး
ပန်းအဖူးတွေ ၊ မြေမှာကြွေအောင်
မွချွေစမ်းပါ ၊ မမှုပါဘူး
ကြွေဒါကိုက ပွင့်ခြင်းဘဲ ။
ပန်းအဘိဓမ္မာ
ဒါပါပဲလေ ၊ ချွေလို့ ကြွေကြွေ
ကြွေလို့ နေနေ ၊ ကြွေဒါကိုက ပွင့်ခြင်းဘဲဟေ့။


မောင်ချောနွယ်
credit to bigbox mmcp
credit to Lin Htin

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက် …

ဟိုး ခပ်ဝေးဝေး …
ကြီးကောင်ဝင်စ အသံလေးမှာ
ပြန်စရာ အိမ်မရှိရှာဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ
အကုသိုလ်ပန်းတွေ ဝေပုံကလည်း
အဖူးပေါ် အညွန့်တက်
တပ်မက်စရာပါလား အမေ
သံသရာတေးချင်းလေးတွေက စီစီ
ပုရစ်ကလေးလို သားက မြည်လို့ပေါ့
တစ်ခါတစ်ရံတော့ အမေရယ်
သားဘ၀ဟာ
မြေငွေ့ပျံ ညလေးတစ်ည ဖြစ်ခဲ့ရတယ်။

သားလေ
သူ့ကိုယ်ပိုင်အသီးတွေ
ညွှတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမယ့်
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးကို
အားကျမိတယ်။

အမေရယ်
လေတွေထန်နေလေလေ
သားမှာ ကြေကွဲရလေပါပဲ
မိုးဦးအကျစောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ ညတွေမှာ
မိုးတွေသိပ်ပြီးရွာတာပဲ အမေရယ်။

အမှောင်နဲ့ စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို့
အသံတွေတောင် ငုတ်နေခဲ့ပါပြီ အမေ။

ဆုံးရှူံးမှုသစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘ၀ရဲ့ အစိတ်အပိုင်းတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ အမေရဲ့။

တကယ်တော့လည်း အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေး တစ်ချောင်းပါဗျာ၊
အမေရယ်
ဟောဒီကမ္ဘာလောကကြီးမှာ
အမေ့သား ကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလား အမေ
သားရဲ့ အချစ်မှာလေ
ဟောဒီကမ္ဘာကြီး နစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ်။

ခုတော့
တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
ခေါင်းအုံးအိပ်မိလို့
အကြင်နာအမဲ့ဆုံး ဆုလာဘ်ကို
သားရခဲ့ပါတယ်။

အမေ မသိဘူးလား
လူတွေရဲ့ အပြုံးမှာ
ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့။
ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့ လူတွေရဲ့ သဘောထားကို
သား တူးတူးခါးခါး မုန်းတယ်အမေ။

အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ
လက်တစ်ပစ်စာရယ်ပါ။

သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး။

သားရဲ့ ‘ဘီး’ ကလေးဟာလေ
ဘယ်လောက်တောင်
ပါးလှပ်နေသလဲဆိုတော့
ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင်
ဘီးက ထပေါက်သွားနိုင်ပါတယ် အမေ။

အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ်ခုန်ခုန်ချနေရတဲ့ ဘ၀ခရီး
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျနော် ဘယ်လောက်မှားယွင်းမိလို့လဲ။

အမေ
အဆုတ်က ကြပ်ခိုးစွဲ မီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီးထထတောက်တာ မြင်ရ
အမေရယ်
အတွင်းလူမမာတစ်ယောက်ပါ။

ဒါပေမယ့်
သစ်သားဘတ်စ်ကားအိုကြီး ခိုစီးလို့
ကဗျာဆရာ မာယာကော့စကီးဆိုတဲ့
လူလည်း ပါတယ်လေ
လူနဲ့သူနဲ့ မတူတဲ့လူလို့
လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့။

ဘယ်လောက်တောင်
ကြောက်မက်ဖွယ်ရာ ပြိုလဲခဲ့ပါသလဲ
ဘယ်တော့များမှ
သမ္မာဒေ၀တွေလက်ထဲ ရောက်မှာတဲ့လဲ
တစ်ယောက်ကို တစ်ယောက်မေးရင်းပေါ့
မျက်စိတမှိတ် လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြိုလ်တွေ ချောင်းကောဖြစ်သွား
ဘ၀ကို ဖြစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးလေးမှာ
အချိုရည်ကျန်သေးတယ်
အို …
အသည်းနှလုံးထဲမှာ
ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ်။

ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို အသေခံသောက်ချင်တဲ့
မြက်ပင်ကလေးရယ်
လမင်းကို
ပြည့်ပြည့်၀၀ တိုက်ရိုက်မြင်ချင်တဲ့ အပြုံးရယ်
အနေအထိုင်မတတ်တဲ့
ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက် ကဗျာပေါ် အချစ်ရယ်
မကြာခဏ
လူလိမ်ခံရတဲ့
ရင်ထဲက ကြယ်ပြာလေးရယ်
နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
အပျော်လေးရယ်
သားလက်ဖ၀ါးထဲမှာ
ကျစ်ကျစ်ပါအောင် ဆုပ်ထားလို့
တဆတ်ဆတ်တုန်နေတဲ့
သားဘ၀လေးရယ်
အမေ့သားမှာ ပိုင်ဆိုင်ပါတယ်။

ထမင်းစစ်စစ် စားချင်တယ် အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ပေးချင်တယ်
ဗမာပရဆေးသန့်သန့် သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်မိပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ဂရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ။

အမေရယ် …
အမေ့ဆိပ်ကမ်းမကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေ အမေရဲ့
ကျနော် ရိုးသားခဲ့ပါတယ်အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။ ။

မောင်ချောနွယ်

Wednesday, September 5, 2012

ကျေနပ်ပါလေ...........



ပေတရာလမ်းမကြီးက စင်းစင်းကြီးလှဲချလို့
သူ့ ကျောပေါ် ဖြတ်လျှောက်ရမှာ ကျွန်တော် အားနာနေတယ်
သက်ပြင်းပူပူကို နောက်ကျောမှာ ချီပိုးလွယ်ပြီး
ကျွန်တော့် ရဲ့ ဦးတည်ရာမဲ့ မျက်ဝန်းအစုံတို့က
ယုံကြည်မှုတွေ ခမ်းခြောက်
မျှော်လင့်မှု တွေ လမ်းပျောက်
အပေါစား လူတစ်ယောက်မို့လည်း
သူ့ ကျောပေါ် ဖြတ်လျှောက်ရမှာ ကျွန်တော် အားနာနေတယ်။

နာနေတဲ့ ရင်ခွင်အစုံကို
အပြုံးယဲ့ယဲ့ လေးတစ်ခုနဲ့ လုံစေတော့ရယ်လို့ ဖုံးထားမိတယ်။
စိတ်ရဲ့ ပြူတင်းဝမှတော့ ရေခိုးတွေ ငွေ့ရည်ဖွဲ့
လေညင်းလေးတွေက ကြမ်းရှလွန်းလှတယ်
ဆပ်ပြာဖူပေါင်းနဲ့ ပစ်ပေါက်ရုံလောက်နဲ့တင်
ချုပ်ငြိမ်းသွားဖို့ လုံလောက်ပါတယ်လေ.....

ပွဲတိုင်းကျော်တစ်ယောက်ရဲ့ လက်သီးချက်တွေသာ
ပစ်သွင်းလိုက် ပစ်သွင်းလိုက်စမ်းပါ
ဂျစ်ပစီတစ်ယောက်ရဲ့တေးသံလို
ငါ မှော်အောင်ပစ်လိုက်ချင်တယ်
ကောင်းကင်ရင်ခွင်ကို ဖေါက်ခွဲပြီး
ငါခိုးယူလိုက်တဲ့ ကြယ်တစ်ပွင့်
ငါ့ ညအနက်ရင့်ရင့်မှာ ဘယ်လောက်ကြာရှည် အလင်းပွင့်နိုင်မလဲ
အတွေးတွေ တွေးမိတိုင်း
ပွဲတိုင်းကျော်တစ်ယောက်ရဲ့ လက်သီးချက်တွေသာ
ပစ်... သွင်း .... လိုက်.....
တစ်ရှိုက်မက်မက် နာကျင်နေတဲ့ ရင်နဲ့
သူ့ ကျောပေါ် ဖြတ်လျှောက်ရမှာ ကျွန်တော် အားနာနေတယ်....

ငါ ကျောင်းတော်မှာ ပျက်လုံးကောင်းကောင်းမသင်ခဲ့ရဘူး
စင်ပေါ်မှာ လေချွန်နေတတ်တဲ့ ငနဲ တစ်ကောင်တဲ့လား
သူ ကျွန်တော့် ကိုကော ဘ၀ တစ်ခုလုံးကိုကော ပာားသွားခဲ့တာ
ရင်....နာ....တယ်

ပြာကျတဲ့အထိ လောင်ကျွမ်းပြီး
စွမ်းသလောက် အလင်းပေးသွားမယ်
အဆုံးထိမို့   ကျေနပ်ပါတော့......

ဂြိုလ်ကောင်တစ်ယောက်ကို
အမှောင်က လက်ယက်ခေါ်နေပြီ
ကျေနပ်ပါလေ
စက်ဆုပ်မှု အလုံးစုံကို ခံယူရင်း
ပြာကျတဲ့အထိ လောင်ကျွမ်းပြီး
စွမ်းသလောက် အလင်းပေးသွားမယ်.......

စက်ဆုပ်မှု အလုံးစုံကို ခံယူရင်း
ပြာကျတဲ့အထိ လောင်ကျွမ်းပြီး
စွမ်းသလောက် အလင်းပေးသွားမယ်...

စက်ဆုပ်မှု အလုံးစုံကို ခံယူရင်း
ပြာကျတဲ့အထိ လောင်ကျွမ်းပြီး
စွမ်းသလောက် အလင်းပေးသွားမယ်........

ဗေဒါ












လေချွန်သံ

ငါးလေးတစ်ကောင်ဖမ်းမိတယ်...
ဘာဖြစ်လို့ လွှတ်လိုက်တယ်......
ကျွန်တော့် လက် ကို သူ ကိုက်လို့.......

ဒီကဗျာလေးကို ပဲ ကျွန်တော် နုတ်ခမ်းကိုက်လို့ ဖတ်မိတယ်...


အပိုင်းအစ (၁)....

ခွေးတစ်ကောင် ပီသစေဖို့အတွက်
တအိုင်အိုင်နဲ့ပောာင်ပြနေစရာ လို လို့လား
အချစ်ဆိုတာ ဘီလူးတစ်ကောင်ရဲ့ နှာခေါင်းပေါက်လိုပဲ
ထွက်သက်၊ဝင်သက်တွေ ကြမ်းရှ တယ်......


အထီးကျန်ဆန်လွန်းတဲ့အချိန်တွေဆို လူတော်တော်များများက ဘာတွေလုပ်တတ်ကြ လည်းတော့ မသိ ဘူး။ ကိုယ် ကတော့ အထီးကျန်လွန်း  ရင် လေချွန်နေတတ်တယ်။ဒီအတွက် အကြောင်းပြချက်   ကောင်း  ကောင်း လည်း ပေးစရာမရှိပါဘူး။   လူတိုင်းမှာ ကိုယ့်အတ္တအတွက် လွတ်လပ်စွာ ထင်ရာစိုင်း ခွင့်တော့ ရှိ သင့် တယ် ထင်တယ်လေ။ လေချွန်ပြီး လမ်းလျောက်နေရတာ တစ်ခုခုကိုလိုက်ဖမ်း နေရ သလို   မျိုး ကိုယ့် အတွက် မျှော် လင့်တောက်စားနေရတဲ့ အချိန်ကာလ တစ်ခု ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ လမ်းလေး တွေတောင်ကိုယ့် လေချွန်သံကိုအလွတ်ရလာကြပြီ။ညနေခင်းလေးမှာ လေချွန်ရင်း၊ အထီးကျန်ရင်း၊ တစ် ခုခုကို ငြင်းဆန်ရင်း ၊ ပြင်းထန်တဲ့စည်းချက်တစ်ခုဖြစ်လာနေခဲ့ပေါ့။

အပိုင်းအစ (၂).......

သောင်တွေ သူ့ရင်ဘတ်ထဲရောက် နေလို့ တစ်ဆို့ကြီးဖြစ်နေတဲ့ မြစ်တစ်စင်းနားမှာလည်းတစ်ခါတလေ သွား ထိုင်နေဖြစ်တယ် ။   မြစ်ထဲမှာမျှော်လင့်ခြင်းတွေ မျှောချနေတဲ့အရသာ ကိုနှစ်ခြိုက်သွားလို့ပါ။  ကိုယ် ကတော့ အိပ်မက်တွေနဲ့ မြစ်စာကျွေး တဲ့ ညနေလို့ အမည်ပေးထားတယ်။ သူနဲ့စကားပြော ရတာကောင်းပါ တယ်။ သူ ဆိုတာမြစ်ကိုပြောတာပါ။ သူ ဒီနေ့တော့ ကိုယ့် ကိုသိပ်အလိုကျပုံ မပေါ်ဘူး။ မှုန်တေတေနဲ့ ။   ယောကျာင်္း   ပဲ ကွာ တဲ့။ တစ်ခုခုကိုရေးပြီး ခပ်ဝေးဝေးကိုပစ် လိုက်စမ်းပါတယ်။ မကောင်းသူထိပ်   ကောင်းသူ ထိပ် လို့တော့ ဆက် မပြောဘူး။ကိုယ် ကတော့ထုံးစံအတိုင်းပဲ လေချွန်ရင်း ငေးနေလိုက် တယ်။ကိုယ်စိတ် မဝင်စားမှန်း သိ တော့ သူလည်းဘာမှ  ထပ်မပြော တော့ပါဘူး။ လေချွန်သံ အဆုံးမှာ  သူ့ရင်ထဲ သောင်တစ်လုံး ထပ်ဖုံးသွားတယ်။

ချစ်ခြင်းတရားရဲ့ ဝ လုံးတန်းမှာ
မှင်နီတားခံထိတဲ့ကောင်
တစ်ညလုံးမှောင်နေတုန်း
အိမ်မက်ကို အိမ်မက်ဖုံးသွားလို့
ယူကြုံးမရ ဖြစ်ခဲ့ဖူးတယ်

ပောာ့ဒီ အခေါင်းဝက
အဖြူရောင်ပိတ်တစ်စလို
ငါ့ရဲ့သေဆုံးခြင်းမှာ ဖြူစင်နိုင်ပါ့မလားရယ်လို့
အနာဂါတ်ကို မီးလှုံရင်း
ခရီးကုန်အောင် တွေးခဲ့ဖူးတယ်
အပိုင်းအစ (၃)........

တကြော်ကြော် အော်ပာစ်ခေါ်နေတဲ့  ငှက်တို့ရဲ့ ဘာသာဗေဒကို အထူးပြုလေ့လာဖို့ ကိုယ် လူ့လောက ထဲ ရောက်လာခဲ့တာပါ။ ဒါပေမဲ့ လေချွန်သံလေးတစ်ခုပဲသင်ကြား တတ်မြောက်လာခဲ့တယ်။ ဒီလောက် ဆိုရင်ပဲ လုံလောက်နေပါပြီ။ အသိမကြွယ်သေး သူမို့ လောကကို အရမ်းမယုံရဲတာလည်း ဖြစ်တတ် တာ ပဲလေ။တစ်ခု နဲ့လုံလောက်နေရင် ကိုယ် ထပ်မတောင်းဆိုတော့ပါဘူး။ တစ်ခါတစ်ခါတွေးမိတယ်။ လွတ် ကျ သူနဲ့ လွှတ်ချသူ ဘယ်သူက  ပိုအပြစ်ကြီး လည်းရယ်လို့။  ပေါက်နေကျ နေရာ မှာ ပေါက်တဲ့   မြက်တစ်ပင် မို့ ကိုယ့် အဖြစ်က သိပ်လည်း မထူးဆန်းလှပါဘူး။ ခေါင်းရှုပ်ခံမတွေးပဲ လေပဲ ဆက်ချွန်နေမိတယ်။ ဝတ်ကောင်းစားလှ ဆင်ယင်လာခဲ့ပါ ပွဲတော်ညမှာ လေချွန်သံနဲ့ ကခုန်ကြမယ် အထီးကျန်ခြင်းတို့........။

ခွေးတစ်ကောင် ပီသစေဖို့အတွက်
တအိုင်အိုင်နဲ့ပောာင်ပြနေစရာ လို လို့လား
အချစ်ဆိုတာ ဘီလူးတစ်ကောင်ရဲ့ နှာခေါင်းပေါက်လိုပဲ
ထွက်သက်၊ဝင်သက်တွေ ကြမ်းရှ တယ်......

အပိုင်းအစ...........

လေချွန်ရင်းပန်းဝင်ခဲ့ရသူမို့ ဘယ်လိုဆုဖလားနဲ့မှ မထိုက်တန်ပါဘူး။ကိုယ့် လေချွန်သံ ကိုယ်ပြန်ကြား ရတာ လည်း နားထောင်လို့ မကောင်းလှပါဘူး။  လှည်းဘီးအိုကိုယ်ထည်ရဲ့ ခနော်ခနဲ့  ညူညည်း သံလို နားထဲမှာ အန်ချင်လာတယ် ။အထီးကျန် နတ္တိဝါဒီအဖြစ် မြစ်ကိုထိုးကျွေးဖို့ရာ ခုနောက်ဆုံးတစ်ပုဒ်လေချွန်သံကိုတော့ ငါ့မှတ်တိုင်မှာစိုက် ပေးထားကြပါ။ ဒီကမ်းစပ်မှာခြေရာ မကျန်ခဲ့အောင်တော့ သောင်တစ်လုံးထပ်ဖုန်းလည်း လုံလိမ့်မယ်လို့မထင်တော့။  ဘဝရဲ့ အရာတော်တော်  များများ   လေချွန်ရင်းဖျောက် ထားခဲ့ရပြီ။ မတော် တဆ များ လမ်းမှာ  လေချွန်သံကြားခဲ့ရင် လှည့်မကြည့်  ကြပါနဲ့။အဲ့ဒါ  ဒဏ်ရာကို လျှာနဲ့ ပြန်ယက်နေ တဲ့   ခွေး အ တစ်ကောင် ရဲ့ နာကျင်ခံခက်နေတဲ့အသံမို့လို့ပါ။

ငါကလည်းခက်တယ်
အပြစ်တစ်ခုလို့ ယူဆရင်
နာကျင်ခံခက် ဒဏ်ချက်တစ်ချက်လောက်နဲ့မှ
ကျေနပ်ရင်း ငါ့ကိုယ်ငါ ပျက်ယွင်းပစ်တတ်တယ်....

လက်သိပ်ထိုးမျှော်လင့်ရင်း
တေလေတစ်ယောက်ရဲ့ နောက်ဆုံးမီးတောက်ပာာ
နင်ငြိမ်းမှ ပြာဖြစ်မှာပါ ချစ်သူ..
နုတ်ခမ်းပြာအောင် အော်နေလဲ
အဖက်လုပ်ခံရဖို့ ကံမပါတဲ့ကောင်မို့
ပောာင်တာပဲ အဖက်တင်တယ်..
ကဗျာပွင့်တဲ့သစ်ပင်မို့
သောက်သုံးမကျမှာ အသေအချာ။

..............
ေ ဗ ဒ ါ

ညီလေး …သို့

မင်းကို ကြည့်ရတာလည်း
အိုက်ခမန်းရဲ့ ငရဲခန်းထဲ ဝင်နေရသူလိုပဲ
မိန်းမတစ်ယောက်ရဲ့ အဆိပ်ငွေ့နဲ့
စိတ်တစ်ကိုယ်လုံး ပျော့ခွေလို့ …
ယောကျာ်းဆိုတာ
လောကကြီးရဲ့ နံရံမှာ အဓိပ္ဗာယ်မဲ့ ချိတ်ဆွဲထားရမယ့်
ဂီတာတစ်လက်မဟုတ်ဘူး။
ငါတို့လည်း ငါတို့ဘဝအလျောက်
သူတို့လည်း သူတို့ဘဝအလျောက်
မင်းဟာ
ကွေ့ကောက် စီးဆင်းလွန်းတဲ့ မြစ်တစ်ခုထဲက
မကောင်းဆိုးဝါးပိုက်ကွန်ကို တိုးဝင်နေတဲ့ ငါးပဲ
ဘာတစ်ခုမှ
နားလည်မပေးနိုင်တဲ့ မိန်းမတစ်ယောက်ကို
မင်းရဲ့ အသုံးမကျတဲ့ မျက်ရည်တွေနဲ့ ဖွင့်ဆိုနေလည်း
ဘာထူးမလဲ ….
သဘာဝတရားကိုက
ရုပ်ဝတ္ထုပစ္စည်းတွေနဲ့မပြည့်စုံတဲ့ ပင်လယ်ကို
ဘယ်မိန်းမမှ
မိုက်လုံးကြီးပြီး စီးမဝင်ဘူး
အရှိကို အရှိအတိုင်းရှိစေတော့
အဖြစ်ကို အဖြစ်အတိုင်း ရှိစေတော့
ညီလေးရာ …
မိန်းမဆိုတာ
မင်းတို့ ငါတို့ရဲ့ ဘဝအထွေထွေကို
တရွှမ်းရွှမ်း ရိုက်နှက်နိုင်တဲ့ မာရ်နတ်ရဲ့
ကြာပွတ်တစ်ချောင်းပဲ
ဒီမယ် ညီလေး
ယောကျာ်းတစ်ယောက်ရဲ့ ခြင်္သေ့လို အသည်းနှလုံးတွေ
မင်း ဘယ်တိရစ္ဆာန်ဥယျာဉ်ကို
တင်ပို့လိုက်ပြီလဲ
လူ့လောကကြီးရဲ့ ရေပွက်ပမာ ဇာတ်လမ်းမှာ
အစွဲအလမ်းတွေနဲ့ သံသရာကြိုးရှည်ချင်သူ
မင်းဟာ လူညံ့
မင်းကို သိပ်ချစ်ရသူ အစ်ကို တစ်ယောက်အနေနဲ့
မင်းဘေးအနားမှာ ထိုင်ပြီး
ငါ ..
ဒီစကားပဲ ပြောနိုင်မယ် ။ ။

ဥတ္တရာအောင်
( ၂၀၀၆ ခုနှစ် ဧပြီ၊ နှလုံးအိမ် မဂ္ဂဇင်း )

Wednesday, August 15, 2012

ပရပိာတ နှင့် နိုင်ငံရေး


ပရပိာတ နှင့် နိုင်ငံရေး


အခုတစ်လော ပရပိာတနဲ့ပတ်သက်တဲ့ပွဲတွေ အတော်များများ ပြုလုပ်လာကြတယ်ဗျ။ ကျွန်တော် အမှတ်မမှားဘူးဆို ရင် ခု ၂၀၁၂ ကို ပရပိာတ နှစ်လို့တောင်တင်စားပြောရမယ်ထင်တယ်။ ပြောလည်းပြောစရာကိုးဗျ။လိုအပ်လိုက်ကြ တဲ့ နေရာတွေက နည်းတာမှမပာုတ်တာ။ပာိုး မြန်မာပြည် မြောက်ဖျားက စပြီး အရှေ့ အနောက် တောင် မြောက် အကုန်လုံး အခက်ခဲတွေ နဲ့ကြုံတွေနေရာတာကို။ဒါကြောင့် လက်သည်းဆိတ်တော့ လက်ထိပ်နာဆိုသလို  ဘယ်နေ နိုင်ကြတော့မလဲ။တစ်ချို့ကလည်း တစ်ဦးထဲ ကိုယ့်အသိစိတ်ဓါတ်နဲ့လှူ၊တစ်ချို့ကလည်း နီးစပ်ရာ စုပေါင်းစပ်ပေါင်း ကူညီ၊ တစ်ချို့ ကျော်ကြားထင်ရှားတဲ့သူတွေကတော့ မိမိတို့ တတ်ကျွမ်းတဲ့ အနုပညာနဲ့ကူ နဲ့  လှူလိုက်ကြတာ မှ အုန်းအုန်းကျွတ်ကျွတ်ပဲလားဗျာ။ဒီထဲမှာမှ စုစည်းမှုအားကောင်းကောင်း အင်အားကောင်းကောင်းနဲ့ လူငယ် ပရပိာတ အဖွဲ့တွေကလည်း လက်တွဲညီလိုက်ကြတာ များ ဘာပြောကောင်းမလဲ။ငွေကြေးအင်အားအနေနဲ့ မပြော ပလောက်ပေ မယ့် စုစည်းညီညွတ်မှုအင်အားနဲ့ တက်ကြွနိုးကြားမှုမှာတော့ ၂၀၀၈ နာဂစ် အပြီးနဲ့ အခု ၂၀၁၂ ခုနှစ်က ပိုတယ် လို့တောင် ဆိုချင်သေးတယ်ဗျ။လူငယ်တွေပရပိာတမှာ အားကောင်းလာတာ တိုင်းပြည်အတွက် လည်း လူစွမ်း အားတွေ  အဖြစ် ရည်မျှော်လို့ရတဲ့ လက္ခဏာတွေ ဆိုရင်လည်း အမှားဘူးပေါ့ဗျာ။အခင်းအကျင်း ပုံစံတွေပြောင်း လဲ သွားပြီး နည်းပညာထွန်းကားလာတဲ့ ရလာဒ်ကောင်းလေးတစ်ခုအဖြစ်လဲ ပရပိာတလောက မှ တွင်ကျယ် လာ တာတွေ လည်း တွေ့ရတယ်ခင်ဗျာ့။ဒါကတော့ လူငယ်တွေ နည်းပညာကို အသုံးပြုပြီး ပရပိာတ လုပ်ဆောင်လာ ကြ တာတွေပါ။ခုဆို အင်တာနက် အွန်လိုင်းကို အသုံးပြုပြီး ပရပိာတလုပ်ဆောင်လာကြတဲ့ လူငယ်အဖွဲ့တွေ ဆို နည်းတာ မှတ်လို့။ရန်ကုန်အခြေစိုက် လူငယ်အဖွဲ့တွေအပြင် ၊ပြည်ပရောက် မြန်မာလူငယ်တွေ သာမက နယ်မြို့တွေပါ တွင် ကျယ်လာတွေကို အားရ ပီတိဖြစ်ဖွယ် တွေ့မြင်နေကြရတယ်။ပာိုးယခင်က တော့ ပရပိာတဆိုတာ လူကြီးတွေ အလုပ် ပါ ငါတို့နဲ့မဆိုင်ပါဘူးဆိုပြီး လူငယ်တွေ အတွေးဝင်ခဲ့ကြတာတွေလည်း ရှိခဲ့ကြတယ်  မပာုတ်လား။   တွေးလည်း   တွေးစရာ ပဲလေ။ ထိုစဉ်အခါတွေတုန်းက ပရပိာတဆိုလို့ရပ်ကွက်ဆွမ်းလောင်းအသင်း၊မြို့နယ်အသင်း၊ သာရေး နာရေးနဲ့ ဘာသာရေးအသင်းတွေပဲရှိခဲ့ကြတာ ဆိုတော့ လူငယ်တွေ ဘယ်ဝင်ဆံ့ပါ့မလဲဗျာ။လားလား ခုတော့ ဘယ် ပာုတ် မလဲ လူငယ်တွေ ဖန်တီးတီထွင်မှုစွမ်းအားနဲ့လိုအပ်တဲ့ ကွက်လပ်တွေကို မြင်အောင် ကြည့်ပြီး ဖြည့်စည်း လို့ ရမယ့် ခေါင်းစဉ်အလိုက်ခွဲလို့ ရှာကြံလုပ်ဆောင်လာကြတဲ့ ပရပိာတအဖွဲ့တွေ ရည်ရွယ်ချက်မျိုးစုံ ၊လုပ်ဆောင်ချက်မျိုး စုံနဲ့ ထောင့်စေ့အောင် လုပ်ဆောင်လာခဲ့ကြပြီလေ။

၂၀၀၈ ခုနှစ် ၊ မေ လ (၂) ရက်နေ့

ပရပိာတအကြောင်းပြောရင် နာဂစ် ကိုလည်း မေ့ထားလို့တော့မရဘူးဗျ။ဘာလို့လဲဆိုရင် ဘယ်အရာမဆို အခြေခံ အကြောင်း ရင်းနဲ့ လတ်တလောအကြောင်းရင်းဆိုတာမျိုးက ရှိတတ်တာပဲမပာုတ်လား။ နာဂစ်ကြောင့် သွေး ၊ချွေး မျက်ရည်တွေနဲ့ စိတ်ဓါတ်ရေးရာ ချိနဲ့ယိမ်းယိုင်သွားခဲ့တာတွေကို ကုစားပေးဖို့ ကျွန်တော်တို့ မြန်မာလူငယ်တွေ စတင် ကြံဆ အကျိုးဆောင်ရာကစခဲ့တာကိုး။အဲ တစ်ချို့ကလည်း ပရပိာတလုပ်ရင်း လူလောက ထဲက ပျောက်၊ သံတိုင်တွေနောက် ရှိသွားတာမျိုးတွေလည်း မနည်းမနော။ ဘာပဲဖြစ်ဖြစ် နာဂစ်နောက်ပိုင်းမှာ မြန်မာလူငယ်တွေရဲ့ တက်ကြွနိုးကြားမှုနဲ့ တာဝန်ယူမှုတွေ နိုးကြားလာခဲ့တယ်ဆိုတဲ့ အချက်ကတော့ငြင်းလို့မရလောက် ဘူးဗျ။ ခုပဲ ကြည့်လေ အင်တာနက် အွန်လိုင်းအသုံးပြုပြီး ပရပိာတလုပ်တဲ့လူငယ်တွေ ၊ရပ်ရွာအခြေပြုပြီး ပရပိာတလုပ် တဲ့လူ ငယ်တွေ အများကြီး မှ အများကြီးဗျာ။ဒါတွေက နိုင်ငံအတွက် သားကောင်းတွေပဲ၊ နိုင်ငံအတွက် စွမ်းအားတွေ ပဲ၊ နိုင်ငံအတွက် အဖိုးတန်တွေပဲ။အခြေခံကျတဲ့ အကြောင်းတရားကို ကုစားဖို့ ကြိုးစားရင်းနဲ့ လတ်တလောမှာ ပိုးမွေး သလို မမွေးရပဲ ဖြစ်ထွန်းလာခဲ့တဲ့ လူ့စွမ်းအားအရင်းအမြစ် တွေလို့တောင်ပြောလို့ရတယ်ဗျ။ ဒါကြောင့် လူငယ်တွေ လည်း ကိုယ့်စွမ်းအား ကိုယ် မမေ့စေချင်ဘူး။


မှတ်ပုံတင်ကြရအောင်

တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုးကနေ ခုဆို မပါမဖြစ် တဲ့ စကားလေးတစ်ခုပေါ့။ ပာိုအဖွဲ့ကြည့်လဲ မှတ်ပုံတင်ဖို့ ဒီအဖွဲ့ကြည့်လဲ မှတ်ပုံတင်ဖို့ ပောာ လွှတ်တော်ထဲလဲ ဒီကိစ္စဆွေးနွေး ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ နယ်ခရီးစဉ်တွေမှာ လဲဝိုင်းမေးနဲ့ လူငယ်တွေကြားထဲမှာ သို့လော သို့လောနဲ့ အကြပ်ရိုက်သွားကြတယ်ဗျာ။မှတ်ပုံမတင်ရင်ပဲ တရားမ ၀င်တော့ သလိုလို၊ မတရားအသင်းပဲကြေငြာခံရပြီး ဖမ်းဆီးတော့မလိုလို ရှိစုမယ့်စုလေးတွေနဲ့ စုပြီးလှူပါတယ်ဆိုနေ မှ မှတ်ပုံတင်ကြေးငါးသိန်းဆိုတာကြီးကလည်း အေးဓမြတိုက်သလို ကန့်လန့် လာတိုက်နေကြတော့ ကျွန်တော်တို့ လူငယ်တွေ ဘာဆက်လုပ်ရမှန်းမသိတော့ဘူးပေါ့ဗျာ။ပြီးတော့ မှတ်ပုံတင်ဖို့အတွက်လည်းစည်းကမ်းချက်တွေ က များမှများပေါ့ဗျာ။ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်ဆိုတဲ့ အချက်ကြီးကလည်း ကျွန်တော်တို့လို အွန်လိုင်းပရပိာတ သမားတွေ အတွက် အခက်ခဲကြီးတစ်ခုပေါ့။ ဘယ်နှယ့်ဗျာ အွန်လိုင်းပရပိာတ လုပ်တယ်ဆိုတာ မြင်ဖူးတွေ့ ဖူး တစ် ရပ်ကွက်ထဲနေတဲ့ လူတွေ ကို စုပြီး အသင်းအဖွဲ့လုပ်ဆောင်တဲ့ ပုံစံမျိုးနဲ့မှ မတူတာ။ ဘယ် လူတိုင်းကို လိုက်ပြီး အာမခံလို့ ရ မလဲ။လူတိုင်းက ကိုယ့် ခံယူချက်နဲ့ ကိုယ် သမ္မတကြီးပြောသလိုပြောရရင် မတူတာတွေ ခဏဘေးဖယ် ထားပြီး တူတာတွေ လက်တွဲလုပ်မယ်ဆိုပြီး ပရပိာတအဖွဲ့ တစ်ခုခု ထဲမှာ လာရောက်တွေ့ဆုံဖြစ်ကြတာလေ။ ကိုယ့် ခံယူချက်နဲ့ကိုယ် နိုင်ငံချစ်စိတ်နဲ့ ဘာနိုင်ငံရေး ဘယ်ပါတီ အဖွဲ့အစည်းထဲဝင်ဝင်ဗျာ ပရပိာတလုပ်ဖို့တော့ နင် မပါရ ဘူး ဆိုပြီး ဘယ်လို လာကန့်သတ်လို့ရမလဲ။

နိုင်ငံရေးကင်းရှင်းရမယ်တဲ့လား

ဒီအချက်ကြီးကိုကော တကယ်ပဲ မှတ်ပုံတင်ချပေးတဲ့ လူကြီးမင်းများလိုက်နာကြရဲ့လား။ မသိလို့ တစ်ခုလောက်တော့   မေးကြည့်ချင်တယ်ဗျာ။ လွှတ်တော်ထဲရောက်နေတဲ့ ပိာုအမတ်မင်းကြီးဗျာ။ ဦးခင်ရွှေ ဆိုပါတော့။အာဏာရသူ့ ပါတီ ကြီးနေ ၀င်ပြိုင်အနိုင်ရပြီး ခုဆို လွှတ်တော်ထဲတောင် ခန့်ခန့်ကြီးဝင်ထိုင်နေတယ်။ ပါတီနိုင်ငံရေးသမား ကြီးနော်။   ပောာ ကြည့် သူ ဇေကမ္ဘာဖောင်ဒေးရှင်းဆိုပြီး ပရပိာတအဖွဲ့ကြီးလုပ်နေတယ်။ ဘယ်မှာလဲ နိုင်ငံရေးကင်းရှင်းရ မယ်  ဆိုတာ။ နိုင်ငံရေးသမားမို့ လွှတ်တော်ထဲရောက်နေတာလေ။ ရှင်းနေတာပဲ။ နောက်ပြီ သာသနာ့ နုဂ္ဂပာအသင်းဆို တာ  ကြီးမှာ လဲ သူပါသေးတယ်။ နာယက ဆိုလား ဥက္ကဌဆိုလားဗျာ။ ကဲ ဘယ်လိုလဲ။ ဥပဒေဆိုတာ အာဏာရ နိုင်ငံရေးသမားတွေကို အကျုံးမ၀င်တော့ဘူးတဲ့လား ။ ဒါဆိုလဲ ရှင်းအောင်တစ်ခါထဲ ရေးထားလေဗျာ။အာဏာမဲ့ နိုင်ငံရေးကင်းရှင်းရမည်လို့။ကဲ နောက်ပြီးဗျာ ခုထိ ဘယ်အပြည်ပြည်ဆိုင်ရာ အခမ်းနားမဆိုပါနေကြ မြန်မာပြည်ရဲ့  တရားဝင် လူမှုရေးအသင်းအဖွဲ့တွေလို ပွဲထုတ် ထုတ်နေတဲ့ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းတို့ အမျိုး သမီးရေး ရာတို့ နောက် ရပ်ကွက် မြို့နယ် ကြက်ခြေနီ တို့ အဲ့အသင်းအဖွဲ့တွေ အားလုံးမှာထိပ်ဆုံး က လူတွေကော   အောက်ခြေက အသင်းဝင်တွေကော အာဏာရပါတီကြီးထဲမှာ အမည်စာရင်းမရှိဘူးလို့ ကျိမ်ပြောရဲကြသလား။ဒါ ဥပမာလေးတွေပဲ ရှိသေးတာ ထပ်ပြီး တွက်ကပ်ပြရရင် အများကြီးကျန်သေးတယ်။ဆိုတော့ ခေတ်စနစ်က ဒီမို ကရေစီ စနစ်ကို သွားနေတာလေ။အများဆန္ဒကို လေးစားလိုက်နာပြီး အများပါဝင်နိုင်မယ့် အခင်းအကျင်းမျိုးကို ဖန်တီးပေးနိုင်ရမှာပေါ့။ဒီကန့်သတ်ချက်ကြီးက နိုင်ငံရေးသမားမို့ ပရပိာတမလုပ်ရဘူး ၊နိုင်ငံရေးပါတီဝင်မို့ နိုင်ငံရေးထောက် ခံ သူမို့ ပရပိာတမလုပ်ရဘူးဆို ကဲ အထက်က လူတွေကို ဘယ်လိုသဘောထားကြမလဲ။အဖြေက ရှင်းပါတယ်။

ပါတီနိုင်ငံရေး ၊အမျိုးသားနိုင်ငံရေး

မှတ်မှတ်ရရ ဒီစကားလုံးတွေကို စတွေ့ဘူးတာကတော့ အစိုးရ၀ါဒဖြန့် သတင်းစာတွေထဲမှာပေါ့ဗျာ။ ၀မ်းနည်း စရာကောင်း တာတစ်ခုက မျိုးဆက်တစ်ဆက်စာ ပြတ်ကျန်သွားခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ တက်ကြွရဲရင့်တဲ့လူ
ငယ်တစ်ချို့မှာ အကောက်အယူလွဲပြီး နိုင်ငံရေးဆိုတာ ပါတီနိုင်ငံရေးက သက်သက် အမျိုးသားနိုင်ငံရေးက သက် သက် လို့ ခွဲမြင်နေတယ်။ဒါကြောင့်လည်း ပြောကြ ရေးကြတဲ့ လူငယ်တွေ အများအပြားကို တွေ့မြင်နေခဲ့ရတာပေါ့။  ကျွန်တော် ၊ကျွန်မတို့ က မည်သည့် နိုင်ငံရေးနဲ့မှ မပတ်သက်ပါဘူးတို့ ဆိုတာမျိုး ခြေသွက်လက်သွက် နဲ့ ရေးကြ သားကြ ၊နုတ်သွက်လျှာသွက်နဲ့ ပြောကြပောာကြ နဲ့ မှိုင်းတိုက်ခံလိုက်ရပုံများ နောက်မျိုးဆက်ထိပါလက်ဆင့် ကမ်းတော့မယ့် အန္တရယ်နဲ့ ရင်ဆိုင်နေရတော့မယ့် အရေးပဲဗျို့။ တကယ့်အမှန်က နိုင်ငံရေးဆိုတာ နိုင်ငံသားတွေရဲ့ အရေးပဲဗျ။ဒါကို မှ အုပ်ချုပ်တဲ့ လူတန်းစား ပိာုးယခင်ကဆိုရင်တော့ အာဏာရှင်များက ဒီမိုကရေဆီ ဆိတ်သုန်းစဉ် အခါကဆိုတော့ သူတို့ အုပ်ချုပ်နေတာ ၊သူတို့ စီမံနေတာ အမျိုးသားနိုင်ငံရေး သူတို့ ရဲ့ အမိန့်တွေ အာဏာတွေကို မလိုက်နာတာ ပါတီနိုင်ငံရေးဆိုပြီး နည်းမျိုးစုံနဲ့ ၀ါဒဖြန့် မှိုင်းတိုက်နဲ့ လူအများကလည်း ရောယောင်နဲ့ဆိုတော့ ပာုတ် နိုးနိုးနဲ့ ခုထိ လူငယ်တွေမှာ အဲ့လို ထင်မြင်ယူဆနေတုန်းဗျ။သမိုင်းကြောင်းအရပြန်ကြည့်ရင် ၁၉၂၀ ကစပြီး မြန့်မာနိုင် ငံရေး ကို လူငယ်တွေက ဦးဆောင်ခဲ့တယ်။ ထိုစဉ်က လူငယ်တွေဆိုတာ ပညာတတ်တဲ့ ကျောင်းသား လူငယ်တွေပေါ့။ လူငယ်တွေရဲ့ နိုးကြားမှုနဲ့ လွတ်လပ်ရေးစိတ်ဓါတ် အင်္ဂလိပ်ဗြိတိလျရဲ့ ကျွန်ပညာရေးကိုတော်လှန် လိုရင်းစိတ်ဓါတ်တွေက ကျောင်းသားများစုဝေးရာ ကျောင်းသားသမဂ္ဂ၊က စတင်အခြေပြုခဲ့ကြ တယ်။ နောက် ပညာ တတ်လူငယ်တွေ စုစည်းပြီး ဗုဒ္စကလျာဏယုဝလိုပြီ ၊YMBA လို အသင်းမျိုးတွေ နောက် အမျိုး၊ဘာသာ၊သာသနာ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ပြောရရင် ပရပိာတကိုအခြေတည်ပေါက်ဖွားမျိုးစေ့ချပြီး နောက်အခါ နယ်ချဲ့တို့ ကို တော် လှန်  မယ့် လွတ်လပ်ရေးစင်မြင့်တွေ အဖြစ် ခေါင်းဆောင်ပေါင်းမြောက်မြားစွာ ကို မွေးထုတ်ပေးခဲ့ တယ်လေ။ ဒီ သမိုင်းကြောင်းကို ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေကအသိဆုံးပေါ့။ဒါကြောင့် အာဏာရှင်အဆက်ဆက်က လူငယ်တွေကို အန္တရယ်ကောင်တွေအဖြစ် မြင်ခဲ့ကြတာ ယခုထိတိုင်အောင်ပဲ။ လူငယ်တွေရဲ့ ခြေလှမ်းတိုင်း ကို   နှောင်ကြိုးတစ်ခုမပာုတ် တစ်ခု နဲ့ ချည်နှောင်နေကြတာခုတိုင် ရပ်မှ မရပ်သေးပဲလေ။


လူငယ်မျိုးဆက်ဆိုသည်မှာ

တိုင်းပြည်တစ်ခုတည်ဆောက်ဖို့ က မျိုးဆက်က အရေးကြီးဆုံးပဲ။ လက်ရှိ တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီး (၄) ရပ် လုံး ကိုနောင်တစ်ချိန်မှာ အစားထိုးဝင်ရောက်ဖို့ လူငယ်မျိုးဆက်တွေ က အရေးကြီးဆုံးပဲ။ ကျွန်တော်တို့ နိုင်ငံမှာ
အခြေခံ  ကျတဲ့ နိုင်ငံရေးအဆောက်အအုံ တစ်ခုမှ မရှိသေးဘူး။လက်ရှိပညာရေးစနစ်မှာလဲ နိုင်ငံရေးနဲ့ပတ်သက် တဲ့ ပြဌာန်းချက် တစ်ခုမှ မရှိသေးဘူး။ဒီတော့ လူငယ်တွေရဲ့ အသိပညာ ၊အရည်အချင်း ၊ အစွမ်းအစတွေနောင်တစ် ချိန် တိုင်းပြည်အတွက် အသုံးတည့်ဖို့ နိုင်ငံသားတို့ အရေး ဆိုတဲ့ နိုင်ငံရေး ခတ်ကွင်း ၊နိုင်ငံရေးလေ့ကျင့်ကွင်း အဖြစ် အကောင်းဆုံး ကတော့ အသင်းအဖွဲ့တွေပဲဆိုတာ ကျွန်တော်တို့လူငယ်တွေက နားလည်သိထားဖို့တော့ လို တယ်ဗျ။ အစုအသင်းနဲ့ လုပ်ဆောင်တတ်တဲ့စိတ်ဓါတ်၊ ရဲဘော်ရဲဘက်စိတ်ဓါတ်၊ အသင်းအဖွဲ့ကို ချစ်မြတ်နိုးတဲ့စိတ်ဓါတ်၊ ကိုယ့်  ပတ်ဝန်းကျင် ၊လူမှု့ပတ်ဝန်းကျင်အတွက် စွမ်းအားပြည့်ဝတဲ့ လူငယ်နိုင်ငံသားကောင်း စိတ်ဓါတ်တွေ ကို လေ့ ကျင့်    မွေးမြူထားဖို့ဆိုတာလည်း လူငယ်တိုင်းအတွက်လိုအပ်တယ်။ ဒါ နိုင်ငံရေးပဲ ။ နိုင်ငံသားတွေ အားလုံးနဲ့ ပတ်သက်နေ  တဲ့ အရေးပဲ။ ငယ်ငယ်ကဆိုခဲ့ဖူးတဲ့ လောကနီတိထဲကလိုပေါ့ဗျာ။မိမိကိုယ်ကိုကောင်းအောင်ကြိုးစား  မည်။ မိမိပတ်ဝန်းကျင်ကို ကောင်းအောင်ကြိုးစားမည် ။ ဒါတွေလည်း နိုင်ငံရေးပဲ။ နိုင်ငံသားတွေရဲ့ အရေးပဲ။ နိုင်ငံ သားတွေနဲ့ပတ်သက်တဲ့အရေးပဲ။ ဘယ်သူမှ ရှောင်နေလို့ မရတဲ့ ကိစ္စပဲလေဗျာ။ဒါကိုမှ အမျိုးသားနိုင်ငံရေး မှ နိုင်ငံရေး အစစ် ဘာဘာညာညာနဲ့ ပောာ နောက်ဆုံးအခြေခံဥပဒေထဲမှာလဲကြည့်ဦးဗျာ။တပ်မတော်က အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်ရမည်ဆိုပြီး ပြဌာန်းထားတယ်။အော် ဒါဆို ဘာလို့ ပါတီနိုင်ငံရေးသမားတွေ နေ တဲ့ လွှတ်တော်ထဲ ၀င်နေရ တာလဲလို့ မေးစရာက ရှိလာပြန်ပါလေရော။

လူငယ်ဆိုတာ

လူငယ်ဆိုတာ ကိုယ်ပိုင်အသိဥာဏ်ရှိကြပါတယ်။ ထိုးဖေါက် သင်ယူနိုင်စွမ်းလည်း ရှိကြပါတယ်။ စူးစမ်းလေ့ လာ နိုင် စွမ်းလည်းရှိကြပါတယ်။ကိုယ်တိုင်သိတဲ့ အသိ ၊ကိုယ်တိုင်ရတဲ့ သင်ခန်းစာ က မှားသွားပါစေ တန်ဖိုးရှိကြ ပါတယ်။ ငယ်ရွယ်တက်ကြွတဲ့ ၂၀ ကျော် အသက်အရွယ်တွေကစပြီး လူငယ်အရေး နိုင်ငံသားတွေရဲ့ အရေးဖေါ်ဆောင်ရင်း အန္တရယ်ကောင်တွေအဖြစ်အာဏာရှင်တွေက သတ်မှတ် ၊ဖမ်းဆီး အကျဉ်းချ နှိပ်စက်ခြင်း ကို ခံခဲ့ကြရ တဲ့ ကျောင်း သားခေါင်းဆောင်တွေကိုတော့ နာမည်တောင် မဖွင့်ရဲတဲ့ ကျွန်တော်တို့ ပရပိာတ သမားတွေ တိုင်းပြည်ဘဏ္ဍာငွေတွေ အလွဲသုံးစား အဂတိလိုက်စားတဲ့အမှုနဲ့ ဖမ်းဆီးခံရတဲ့ ၀န်ကြီးချုပ်ပောာင်းကိုတော့ ဖတ်လှဲတကင်း နဲ့ ဆိုတော့ လူ ငယ်တွေတို့ခေတ်မှာမှ ညံ့ကြတော့မှာလားလို့ မေးလိုက်ချင်တယ်ဗျာ။ သေချာ စဉ်းစားကြည့်ကြပါ။မြန်မာပြည်မှာ လူဦးရေ သန်းခြောက်ဆယ် ရှိတယ်ဆိုပါတော့ဗျာ။ ကျေးလက်နေလူဦးရေက (၇၀) ရာခိုင်နုန်း တဲ့ အချက် အလက်တွေ က ဆိုတယ်ဗျ။အဲ့မှာမှ မြို့နေ ပညာတတ် လူငယ်လူရွယ်အင်အားက အလွန်ဆုံးရှိမှ (၁၀) ရာခိုင်နုန်းပါ။ ဒီတော့ လူဦးရေ (၆) သန်းပဲရှိတယ်ဆိုကြပါစို့ ။ဒီအချက်အလက်ပေါ်မူတည်ပြီး တွက်ကြည့်ရအောင်။ ရန်ကုန် အခြေ စိုက် ပရပိာတအဖွဲ့ တွေရယ်လို့ ၂၀၀၉ ခုနှစ် စစ်တမ်းမှာတင် အဖွဲ့ပေါင်းခြောက်ဆယ်ကျော်ရှိပါတယ်။ယခု ၂၀၁၂ ဆိုလျှင် အဖွဲ့ပေါင်း (၁၂၀) ကျော်လောက်ရှိနေပါပြီ။(၁၂၀)နဲ့ပဲထားတွက် တစ်ဖွဲ့ ကို အဖွဲ့ဝင်လူငယ်ပေါင်း (၅၀) ဦး ရှိသည်ဆိုကြပါစို့။အဖွဲ့ပေါင်း (၁၂၀) ဆို လူငယ်စုစုပေါင်း (၆၀၀၀) ရှိနေပါပြီ။ ဒီအင်အားက မနည်းပါဘူး။ ရာခိုင်နုန်း အရဆို (၁)ရာခိုင်နုန်းကျော်ရှိပါတယ်။ကျန်တဲ့ရာခိုင်နုန်းအတော်များများ က အရွယ်မရောက်သေးတာ ၊ပြည်ပထွက် ခွာ ၊အကြောင်းအမျိုးမျိုးကြောင့် နည်ပညာခေတ်ကြီးနဲ့ မလိုက်နိုင်တာတွေစသဖြင့်နဲ့ အမျိုးမျိုးရှိနေကြပါတယ်။ ဆိုတော့  ဒီလူငယ်တွေ အားကောင်းတဲ့လူငယ်အင်အားတွေသာ အထက်ပါ အချက် အချက်တွေကြောင့် ပရပိာတ နယ်ပယ်တစ်ခုကနေ ရှေ့ဆက်မတက်လှမ်းနိုင်ခဲ့ရင် ခေါင်းဆောင်မှု ပညာတွေ အတွက် အခင်းအကျဉ်းမရှိခဲ့ရင် ပညာတတ်လူငယ်တွေလက်ထဲတိုင်းပြည်ကြီး ခေတ်ကြီး ရောက်လာခဲ့ရင် ကျွန်တော်တို့ ဘာတွေနဲ့ အသင့်ပြင်ထားမ လဲဆိုတာလည်း မေးခွန်းထုတ်ဖို့လိုလာခဲ့ပါပြီ။


အပိတ်အနေနဲ့ ပြောချင်တာကတော့ လူငယ်တွေ တွေးခေါ်ပါ ၊ကြံဆပါ ပရပိာတကို အဓိပါယ်ဖွင့်ဆိုရာမှာလဲ ဥာဏ် နဲ့ယှဉ်ပြီး သုံးသပ်စေချင်ပါတယ်။ဒီနေရာမှာ အငြင်းပွားစရာလေးတစ်ခုတော့ရှိပါတယ်။ ထင်ရှားတဲ့သူတစ်ဦးနဲ့ပဲ ဥပမာပေးပါရစေ။နာရေးကူညီမှုက ဦးကျော်သူ ပရပိာတပဲလုပ်နေတာ နိုင်ငံရေးလုပ်နေတာမှမပာုတ်ပဲဆိုလျှင်တော့ ကျွန်တော့်အနေနဲ့တစ်ခုပဲ ပြောစရာရှိပါတယ်။ ယခင် အာဏာရှင်ခေတ်တုန်းကဦးကျော်သူကိုလည်း နိုင်ငံရေး သမား တစ်ယောက်လို့ပဲ အုပ်ချုပ်သူအသိုင်းဝိုင်းက အသိမှတ်ပြုပြီး နည်းလမ်းမျိုးစုံနဲ့ ဖျက်ဆီးနှောက်ယှက် ပြိုကွဲအောင်လုပ် ခဲ့ကြတာ မှတ်မိကြမှာပါ။ဒါတွေကို ဦးကျော်သူနဲ့အတူ ဒီမိုကရေစီဘက်တော်သားများက ကြံ့ကြံ့ခံကာ ရပ်တည်ပေး နိုင်ငံသားအရေးလုပ်ဆောင်နေတဲ့ဦးကျော်သူကို နိုင်ငံသားတွေကပဲ ထောက်ခံအားပေးခဲ့ကြတာပါ။ခုလို ဒီမိုကရေစီ အစိုးရတက်လာပြီး ဒီမိုကရေစီလမ်းစဉ်တွေကို ဖေါ်ဆောင်နေတဲ့အချိန်မှာတော့ ဒီမိုကရေစီဆိုတဲ့ အများဆန္ဒကို အစိုးရအနေနဲ့လည်း လေးစားလိုက်နာအကောင်ထည်ဆောင်ရွက်ဖေါ်ဆောင်နေကြပြီဖြစ်ပါတယ်။ဒါကြောင့် ခေတ်ပညာတတ် ပရပိာတလူငယ်အသိုင်းအ၀ိုင်းမှာမှားယွင်းစွာသိမှတ်ထားကြတဲ့ ပရပိာတနဲ့ နိုင်ငံရေးဆိုတဲ့ အဓိပါယ်ဖွင့်ဆိုချက်ကို ကျွန်တော် ဥာဏ်မှီသလောက် ဆွေးနွေးကြည့်ခြင်းဖြစ်ပါတယ်။ပရပိာတသည် နိုင်ငံအရေးပါ။ နိုင်ငံ အရေးဖေါ်ဆောင် ရွက်နေသူများမှာ ပရပိာတ လုပ်သားများသာ။မိမိယုံကြည်ရာ ဘယ်ပါတီ ၊ဘယ်အဖွဲ့အစည်းထဲဝင်ဝင် အများအတွက် ဆိုတဲ့ ဆိုလိုရင်း ဦးတည်ချက်က သွေဖယ်မသွားသရွေ့ သင်လည်း ပရပိာတ သမားတစ်ယောက် ဖြစ်နေတယ် ဆို တာကို လိပ်ပြာလုံနိုင်ပါတယ်လို့ ဆွေးနွေးအကြံပြုရင်း.............


လေးစားစွာဖြင့်

ဗေဒါ








ကျွန်တော့် ဘ၀ ပရပိာတ အစ



၁၉၉၆ -၉၇ ခုနှစ် နှစ်ဆန်း (၂) ရက်နေ့
ငယ်စဉ်ကတဲက ဆော့ကစားဖူးနေကျ နေရာတွေဖြစ်နေပေမယ့် ဒီနေ့ ဒီလမ်းကို အသွားမှာ ရင်တွေ တဒိတ်ဒိတ်နဲ့ အခုန်မရပ်တော့။ လမ်းကြို လမ်းကြား များမှ ကွေ့ပတ်ရင်း သွားရင်းဖြင့် အုတ်လေးကား ထစ် နားရောက် လာသည်။  အုတ်လှေကားခြေရင်းမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း။ထိုကျောင်းတွင် မမ ရဲ့  သူငယ်ချင်းတစ်ယောက်နေသည်။ ကျွန်တော်နဲ့ ဘောလုံးကန်ဘက် သူငယ်ချင်း လည်းရှိသည်။ အားကိုးတကြီး နဲ့ တစ်ချက်လောက်တော့ လှည့်ကြည့်မိ လိုက်သည် ထင်သည်။ဘာရယ်လို့တော့ အဖြေရှာ လို့ မရ ။ရင်ခုန်နုန်း ကတော့ ရပ်လို့မရတော့ ။လှေကားထစ်အဆုံးမှာ သုံးပေ အကျယ်လောက် ကွန်ကရစ် လမ်းလေးပေါ်လာ သည်။ တစ်ချက်တော့ အားတင်းကြည့်မိသေး သည်။ ဒီနေရာတွေ ငါလာဆော့ဖူးနေ ကျ။ဘာလို့ ရင်တုန်နေရမှာလဲ အားတင်းထားစမ်း။ တစ်ဖြေးဖြေးနဲ့ တစ်ရွေ့ရွေ့  နဲ့ နီးကပ် လာလေ ခြေ လှမ်းတို့ မမှန်ချင်တော့ပေ။ဒူးတွေက ညွတ်ချင်နေပြီ။ အားကိုး တကြီးဘေး ဘီကြည့် မိတော့ လည်း အားလုံးက သူလို ငါလို မျက်နှာငယ်လေးတွေနဲ့ ချာတိတ်လေးတွေချည်း။ ကိုယ်လည်း တစ်ယောက် အပါအဝင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အားကိုးရှာနေကြချင်းပင်။ကျောင်းလေးကသစ်သား တစ် ထပ်ကျောင်း   လေး ။ မှုန်ကုတ်ကုတ်နဲ့ ရင်ဘတ်ကြီးကို ခပ်ကြပ်ကြပ်လေး သာ ဖွင့်ပေး ထား ပုံ။ကျောင်းပေါ်ရောက် ဖို့ လှေကား ထစ်လေး သုံးထစ်ရှိသည်။

လှေကားပေါ်တက်ရသည်မှာ သတ်ကွင်းထဲ အရဲကိုးပြီး ဝင်ရောက်နေရတဲ့ တပ်သား သစ်လေး ပမာ။ မဝင့်မရဲနဲ့ လှမ်း တက် လိုက်တော့ ခပ်ကြဲကြဲ ရိုက်ထားတဲ့ ပျဉ်ခင်းအချို့  က အလိုမတူလို့ ခါချတော့မည့် ပာန်။ခေါင်းလောင်း တစ် လုံးက လျော့ တိလျော့ ရဲနဲ့ ချာတိတ်လေးတွေကို စူးစမ်းကြည့်နေ သည်။ ခပ်မတ်မတ် သတိအနေ အထားနဲ့ ဝှိုက်ဘုတ် တစ်ချပ်ကတော့ နံရံမှာ အတောင့် လိုက် ကပ် လို့။မော ပိာုက်နေ တဲ့ ကျွန်တော့် ရင်အစုံထဲကနေ အသံအချို့  ကို မနည်း အားစိုက်ထုတ် လိုက်ပြီး နာမည် တစ်ခု ကို ရေရွတ်လိုက်သည်။ကိုယ့်နာမည်ကို ကိုယ်မပာုတ် သလို ပြောလိုက်ရ သလို ပင်။နားထဲမှာ စိမ်းကား စွာပြန်ကြားလိုက် သည်။နာမည် စာရင်းယူထားပြီး သူလိုငါလို ခဏစောင့်နေရသည်။ ကျွန်တော် တို့ အတွက် အမိန့်တစ်စုံ တရာ ချမှတ်တော့မည့် ဝှိုက်ဘုတ်ကြီးက စီးမိုးလို့ ကြည့်နေသည်။ အနည်းငယ်သိမ်ငယ်သလိုခံစားလိုက်ရပြန်တော့အံတစ်ချက်ကြိတ်ပြီးအားတင်းလိုက်သည်။ စာကြောင်းက(၁၀)ကြောင်း။အပေါ်ကစည်းကမ်းချက်များဆိုသည်ကြီးကရင်ကို ပြင်းပြစွာ လာပုတ်ခတ်နေသည်။ပေါက်ထွက်တော့မည့်ရင်ခွင်ကိုဘယ်လို ငြိမ်အောင်ထိန်းရမည်
မှန်းမသိတော့ ။ငိုချင်သလို ထွက်ပြေးချင်သလိုနဲ့ ပျော့ခွေယှိုင်နွဲ့ လျက်သာ။ အရင်ရောက် နှင့်ပြီး သူ များညွှန်ပြချက်အရ ကူးရေးပြီး အလွတ်ရအောင် ကျက်နေ မိတော့ သည်။

 (၁) ကျောင်းသား၊ကျောင်းသူများသည် တစ်ဦးနှင့်တစ်ဦးမောင်နှမ အရင်းခြာကဲ့သို့ ပြော ဆိုဆက်ဆံရမည်။
 (၂) တစ်ဦးနှင့်တစ်ဦး လက်မခံနိုင်သော နောက်ပြောင်ပြောဆိုခြင်း စာပေးခြင်း စသည်တို့ကိုမပြုရ။
 (၃) တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဒေါသမဖြစ်ပွားရ။
 (၄) ကျောင်းစာမှတပါး အခြားမည်သည့်စကားကိုမျှ ပြောဆိုဆွေးနွေးခြင်းမပြုရ။
 (၅)ကျောင်းမှန်မှန်တတ်ရမည်။ အကယ်၍ ကျောင်းတတ်ပျက်ကွက်ပါကပျက်ကွက်ရ သည့်အကြောင်းကို မိဘ    (သို့)အုပ်ထိန်းသူကိုယ်တိုင် ခွင့်တိုင်ကြားရမည်။
 (၆) အကယ်၍ ကျောင်းနှစ်ရက်ဆက်တိုက်ပျက်ကွက်ပြီး ခွင့်တိုင်ကြားခြင်းမရှိပါ က ကျောင်း တက် ခြင်းကို ရပ်ဆိုင်း မည်။
 (၇) ရက်ပတ်၊ လပတ်စာမေးပွဲများကို ပျက်ကွက်ခြင်းမရှိဘဲ အမြဲဖြေဆိုရမည်။ (မိသားစုနာရေးမှအပ)
 (၈)မိမိ၏ကဒ်ပြားကိုနေ့စဉ်ကျောင်းသို့လာတိုင်းမိမိနှင့်တပါတည်းယူဆောင်လာရမည်။
 (၉)သတ်မှတ်ထားတဲ့စာသင်ချိန်တွင် ကျောင်းစာသင်ခန်းထဲ၌ရှိရမည်။ နောက်ကျမှု့မရှိစေရ။
 (၁၀)မြန်မာ့ရိုးရာယဉ်ကျေးမှု့နှင့်ဆန့်ကျင်သော သရုပ်ပျက် ၀တ်စားဆင်ယင်မှုမပြုရ။

မှတ်ချက်။    ။"(၁) မှ (၆) ထိကျူးလွန်ပါက ကျောင်းတတ်ခြင်းကိုရပ်ဆိုင်းမည်။ ကျန်စည်းကမ်းချက်များကို ကျူးလွန်ပါက သင့်လျော်သောအပြစ်ဒဏ်ခံရမည်။"

နေရာကရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်၊ကြားတောရလမ်းအလယ်လောက်က ရွှေရင်အေး ဓမ္မာရုံရှေ့လမ်းကြားလေးအတိုင်း ဝင်ရောက်လာရင် လမ်းဆုံးခါနီးလောက်မှာ ခရိုး ခရိုင်သစ်သားကျောင်းလေး။လမ်းကျဉ်းလေးရဲ့အနည်းငယ်ကျယ်တဲ့နေရာလေးရောက်ရင် ရေတွင်းပျက်လေးတစ်လုံးဘွားကနဲ စောင့်ကြိုနေမည်။ထိုနေရာလေးကို အနည်းငယ်ကျော်လွန်လာခဲ့ရင်တော့ ရေညှိတစ်ထပ် ထုံးတစ်ထပ်နဲ့ ဆွေးမြေ့နေတဲ့ အုတ်တံတိုင်းလေးတွေကကာရံထားသည်ဆိုသာရုံ။ဘဝပေါင်းများစွာကို မဆံ့မပြဲရင် ခွင်ကြီးနဲ့ကျားကန်မချီထားသည့်ထိုအုတ်တံတိုင်းလေးကိုပင် ငယ်ပေါင်းကြီးဖေါ်ပမာ သုံးနှစ်သုံးမိုးတိုင်တိုင်လည်ပင်းဖတ်လို့ပေါင်းဖေါ်ခဲ့ရသည်။ရှေ့တည့်တည့်မှာ ကုန်း မို့ မို့လေးပေါ်မှာတော့ခြေတံလေးနည်းနည်းဆန့်ထုတ် ထားတဲ့ ကျောင်းဆောင်လေးက တည်တည်ငြိမ်ငြိမ်ပင် စီးမိုးနေ သည်။ ပင်းမ ကျောင်းဆောင်ဘေး တိုးချဲ့ အခန်းလေး မှာဖွင့်ထားတဲ့ပြူတင်းဝလေးတစ်ချပ်ကကျွန်တော်တို့ရဲ့အနာဂါတ်ကို အစဉ်အမြဲချောင်းကြည့်တည့်မတ်နေသည်ကို ယခုမှ ပုံဖေါ်ခံစားမိသည်။ကျောင်းရှေ့  ကိုတက်ရန်အုတ်လှေကားလေးထိပ် မှာ အောင်ဘော်ရှိသည်။အောင်ဘော်ဆိုသည်မှာ ဘုန်းဘုန်းရဲ့လက်ဆွဲတော် ခွေးကြီးပင်ဖြစ် သည်။
 
ဇင်းကျိုက်တောင် ၊ဗားမဲ့ အောင်မြေသာသနာပြုကုန်းပေါ်တွင်

မူလ ကျောင်းနာမည်က စံပါယ်ရုံကျောင်း ဖြစ်သော်လည်း ဆရာတော်ကို အစွဲပြု၍ ကွမ်းမန်းကျောင်းပာုသာလူသိများသည်။ထို့အပြင်ဘိုတောက် ကျောင်းပာုလည်း ခေါ်ကြသည်။ B.TDynamiteစေတနာအခမဲ့သင်တန်းကျောင်းအမည်ကြားရုံမျှဖြင့် လန့်စရာကောင်းလောက်သည်။နာမည်နဲ့လိုက်အောင်ပင်အရိုက်ကြမ်းသည်၊စည်း ကမ်းကြီးသည်ဆိုသောဂုဏ်ပုဒ်များကထပ်ဆင့်နေသည်။ထိုကျောင်းလေးမှာပင် ကျွန်တော့်ဘဝရဲ့ အထက် တန်း  အဆင့်ကိုစတင်ရတော့မည်။ ရင်တွေပူလာသ လိုခြေထောက်တွေယား လာသည်။ထွက်ပြေးချင်သည့် စိတ်တို့မှာအစိုး မရချင်တော့။ စည်းကမ်း ချက်များအလွတ်ကျက် ကာ ပြန် ဆိုပြ ရသည်။ မရလျှင်ကျောင်းဝင်ခွင့် မရ။ (၈) တန်းမှ (၁၀) တန်းထိ အစ၊အဆုံး အခမဲ့ သင်ပေး သည့် ကျောင်းလေး လည်းဖြစ်သောကြောင့် မည်သည့် အမှိုက်သရိုက်မှ အဝင်မခံရအောင် တင်းကြပ်ထား သည်ပာုလည်းထင်မြင်မိသည်။အခေါက်ခေါက်အခါခါ  ကျက်လိုက် ပြန်ရွတ်လိုက်နဲ့ ထစ်ငေါ့ချင်း မရှိ စွာ နဲ့ ဖြေဆိုအပြီးမှာမှ ကျောင်းဝင်ခွင့် ရသည်။ပာူး သက်ပြင်းပူ ကြီးကို ပေါ့ပါးစွာ မှုတ်ထုတ်အပြီး ကျွန်တော့် အတွက် ပရပိာတကျောင်း သားလေး ဘဝရဲ့   ပထမဆုံးနေ့ကိုသာ မြင်ယောင်ရင်း ရင်မောနေ မိတော့ သည်။
 
(၃၈)နှစ်တိုင်တိုင် စေတနာအခမဲ့ ပညာသင်ကြားရာ စာသင်ခန်း

 B.T Dynamite စေတနာအခမဲ့ သင်တန်းကျောင်းကို ၁၉၇၅ နှစ်တွင် ဆရာတော် ဘဒ္ဒန္တဦးဥာနဝရ မှ စတင် တည်ထောင်ခဲ့ရာ ယခုဆိုလျှင် (၃၈) နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ဘုန်းဘုန်း သည် ဇင်းကျိုက်ဇာတိဖြစ်ပြီး ငယ်စဉ် က ပညာအရာမှာ နယ်ဒေသဖြစ် သည် နှင့် အညီ ချို့  တဲ့ နောက်ကျစွာ ဆည်းပူးခဲ့ရသောကြောင့် စာနာစိတ်တို့ဖြင့် မပူမပင်ရသော ကျောင်းအခြေအနေလေးကို စိတ်ကူးမိရာကဖြင့် စေတနာအခမဲ့ သင်တန်းကျောင်း အဖြစ်စတင်ဖြစ် ခဲ့ခြင်းလည်းဖြစ်သည်။နှစ်စ ကနေ နှစ်ဆုံးတိုင်ထိ အခမဲ့စနစ်ဖြင့် ဘဝအခြေနေလေးများစွာကို တစ်ဆင့် တက်လှမ်း နိုင်စေ ရန် ပေါင်းကူးတံတားလေးသဖွယ် ဒီကျောင်း ကို ဖြစ်တည်ဖန်တီးမိခဲ့ခြင်းလည်းဖြစ် သည်။ထိုစဉ်ကယခုလိုပရပိာတကျောင်းများ၊ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များ တွင်ကျယ်မှုမရှိသေးပေ။ အခက်ခဲပေါင်းများစွာ ၊ပင်ပန်းဆင်းရဲမှုပေါင်းများစွာကို မာန် တင်း ရင်းရပ်တည် မြှင့်တင်ပေးခဲ့သည့် (၃၈)နှစ်ဆို သည့် ကာလ များမှာ မယုံ နိုင်စရာ ပင်။ကျောင်း သား၊ကျောင်းသူများထံမှ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မကောက်ခံပဲနှစ်စကနေနှစ်ဆုံးတိုင် လိုလေသေး မရှိ ဘုန်းဘုန်းရဲ့မေတ္တာစွမ်းအားဖြင့် သင်ကြားစောင့်ရှောက်ပေးသည်။စည်းကမ်းချက်များလိုက်နာပြီး စာကြိုးစားရုံသာ။ မပာုတ်လို့ကတော့ ဘုန်းဘုန်းရဲ့  ကြိမ်လုံးက ကျောသား ရင်သား မခွဲခြားပေ။ သက်တော် (၆၈) နှစ်ရှိပြီဖြစ်သောဘုန်းဘုန်းမှာ ယခုဆိုလျှင် အမြင်အာရုံတို့ အားမကောင်း ချင်တော့။ ဘုန်းဘုန်းကျောင်းမှာ ဆယ်တန်း ထိ ပညာသင်ကြားပြီး (၁၅)နှစ်နီးပါးလောက်ကြာမှပရဟိတအလှူပွဲတစ်ခု၏ဝါဆိုသင်္ကန်းအတွက်ပင့်လျှောက် ခါ မှသာ ကျောင်းသို့တစ်ခေါက်ပြန်ရောက်သည်။ နားထဲမှာ ဘုန်းဘုန်းပြောခဲ့ဖူးတဲ့ သံဝေဂ စကားလေးကို ပြန်ကြားယောင်နေ မိ သည်။ ဒီကျောင်းလေးကို အိမ်သာလေး အဖြစ် ပုံခိုင်းကာ အလိုရှိတုန်းရောက်လာပြီး ကိစ္စပြီးပါက လှည့်မကြည့်ပဲ ထွက်ခွာ သွားတတ်သည့် လူ့ သဘာဝကို ဘုန်းဘုန်းက နှလုံးသွင်းထားသည်မှာ ကျောင်းစတင် ခဲ့သည်မှ ဖြစ်သည်။ ဘဝ အတွက် အတ္တကိုယ်စီ ထမ်းပြီး ခရီးလမ်းလျှောက်ကြသော တပည့်များသည် ဘုန်းဘုန်းဆီသို့ တစ်နှစ် တစ်ခေါက်တောင် မရောက်တတ်တော့။ ဘုန်းဘုန်းသင်တဲ့စာတွေနဲ့ ဘုန်းဘုန်းဖွင့်ထားတဲ့ ပရပိာတ စာသင်ကျောင်းလေး မှာ ပရပိာတကိုကျောင်းသားအဖြစ်ကျွန်တော်စတင်ခံစားခဲ့ရဖူးသည်။ယခု ပရပိာတ နယ် ပယ် ကို ကိုယ်တိုင်လျှောက်လှမ်းမိတော့မှ ဘုန်းဘုန်းစေတနာ၊ ဘုန်းဘုန်းမေတ္တာ များကိုကိုယ်ချင်းစာ သိနားလည် လာမိ သည်။ငါးချက်ရိုက်လျှင် သုံးချက်ပေါက်ပြဲသွေး ထွက်စေခဲ့သော်လည်းကျွန်တော်တို့ရင်ထဲမှာတော့ဘုန်းဘုန်းကိုမနာကျည်းမိ။ စာမှား ဆိုမိ လျှင် ဘုန်းဘုန်းရဲ့   သော့ခလောက် နဲ့ ခေါက်ခံရသော်လည်း ဘယ်သော်အခါမှ စိတ်ထဲမှာဘုန်းဘုန်းကို အကြည်ညိုမ ပျက်။ကျေးဇူး ရှင်ဆရာတော်ဘုန်းဘုန်းကြောင့် သာမပာုတ်လျှင် ယခုအခြေနေထိ ရောက် ရန်ပင် မလွယ်။ လမ်းပေါ် မှာ လေလွင့် ဆုံးရှုံး ပျက်စီးသွားမည့် ကျွန်တော်လို လူငယ် လူမမယ်ပေါင်းများစွာကို ဘုန်းဘုန်း ရဲ့ မေတ္တာ ရိပ်နဲ့အညွန့်တွေ တလူလူလွှင့်စေခဲ့သည်။ဘုန်းဘုန်းရဲ့  ပရပိာတစိတ်ဓါတ် ကိုကူးစက်ခံစားလို့ဘုန်းဘုန်းရဲ့ကျေးဇူးတွေကို ဘုန်းဘုန်းရဲ့ လမ်းစဉ် အတိုင်းလျှောက် လှမ်း ရင်း ဆပ်ခွင့် ကြုံပါရစေ ဆရာတော် ဘုန်းဘုန်း ကို အခါခါ ဦးညွှတ်နေမိတော့သည်။

မွန်ပြည်နယ် ဇင်းကျိုက်တောင် အလယ်လောက်မှာ ဗားမဲ့ ကုန်း သာသနာပြုနယ်မြေ တွင်ဆရာတော်ကျောင်းရှိသည်။သို့သော် တပည့်ပေါင်းများစွာအတွက် ဘုန်းဘုန်းကြီး မှာ ကျပ်တည်း ကျဉ်းမြောင်း လှတဲ့ စံပါယ်ရုံကျောင်းဝိပာာ ရလေးမှာပင် သီတင်းသုံးနေထိုင်နေဆဲပင်။သက်တော်(၆၈)နှစ်ဆိုသောဇရာရဲ့ အထုထောင်း ဒဏ်တွေကြောင့် သွားရောက် ဦးချဝတ်ဖြည့်လျှင် နာမည်ပြောပြီး အစဖေါ်ပေး မှ မှတ်မိတော့သည်။သို့သော်ခပ်ဝါးဝါးအမြင် အာရုံတွေကြောင့်   စိတ်အတွင်းပုံဖေါ်ရုံ သာ။မေတ္တာ စွမ်းအားဖြင့် ကွမ်းရွက်ကို အယုတ်အလတ်အမြတ် မရွေး   မေတ္တာဖြင့် ကုသပေးခဲ့သော ဘုန်းဘုန်း သည် ကျွန်တော့်အတွက် အသက်သခင်ကျေးဇူး ရှင်လည်းဖြစ်ခဲ့ဖူး သည်။  တပည့်တွေအတွက် အစဉ်ပီတိဖြစ်နေတတ်သောဘုန်းဘုန်း အတွက် ကျွန်တော်တို့ ယခုတိုင် တာဝန် မကျေသေး။ လိုအပ်နေသော ဘဝပေါင်း များစွာအတွက်ပညာအာပာာရဖြည့်စည်းရာဘုန်းဘုန်းကျောင်းလေး ရဲ့  ခေါင်းလောင်း သံငယ်လေးတွေအတွက်လည်း ကျွန်တော် တာဝန်မကျေသေး။ညီငယ် ညီမငယ်များ စွာ အတွက်လည်း ကျွန်တော် သည် ယခုတိုင် တာဝန်မကျေသေး။ ဒီစာစုလေးနဲ့သာ ဘုန်းဘုန်းကျေးဇူးတရား များစွာ ကို မြင်ယောင်ရင်း ဦးခိုက်ပူဇော် လိုက်ရပါသည်။


Sunday, July 15, 2012

ဒို့ ဗိုလ်ချုပ်



ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရှားပါး ဓါတ်ပုံ

နှင်းဆီနီ ဥဒါန်း



ကိုမင်းကိုနိုင် ရေးတဲ့ နောက်ကြည့်မှန် ဝတ္တုမှာ မေတ္တာလက်ဆောင်ထည့်ပေးထားတဲ့ ကဗျာလေးပါ။

Wednesday, July 11, 2012

ကျောင်းဖွင့်ချိန် (ရွှေဘုန်းလူ)

ကျောင်းဖွင့်ချိန် (ရွှေဘုန်းလူ)

(၁)

ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစု ထုဆစ်နေကြတယ်။
သူတို့ဟာ ---
ရုပ်ထုရှေ့မှာ ကျိန်စာတွေရွတ်ဖက်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်ကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ---
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
'ကျောင်းဖွင့်ပြီ' ဆိုတဲ့စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

(၂)

ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက် ပြန်ငယ်ရွယ်သွားတယ်။
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ --- 'အောင်ဆန်း'တို့၊ 'ကျော်ငြိမ်း'တို့၊ 'သိန်းဖေ' တို့၊ 'ညိုမြ' တို့ရဲ့
ဝိဥာဉ်တွေပဲ ---
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခြဲ့ကတယ်။
ခု --- သူတို့ရဲ့ ဝိဥာဏ်တွေဟာ
'ကမ္ဘာကြေဘူး --- --- ---
ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတေး ---'
သီချင်းလေး နားဆင်ရင်း
ရာဇဝင်ရဲ့ တကျော့ပြန်စိန်ခေါ်ပွဲကို
မျက်ရည်တဝဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)

ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖက်နေကြတယ်။
တချို့ဖတ်တာ --- ကဗျာစာအုပ်
တချို့ဖတ်တာ --- သမိုင်းစာအုပ်
တချို့ဖတ်တာ --- နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
'ဗမာပြည်ကို ကယ်တင်ရတော့မယ်'
နောက်ထပ်အဖြူရိပ်တခု စာအုပ်ပိတ်
'ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးခတ်ပေးရမယ်'
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိတ်လွယ်သံများ
ဖိနပ်စီးသံများအဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ---
--- နောက်ထပ် --- ---
--- နောက်ထပ် --- ---

(၄)

ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက ---ထိုင်ရာမှ ဖြည်းညှင်းစွာထ
'ကျနော်တို့တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ'
စသည်ဖြင့်ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခေတ်
ပတ်ကြားအက်နေတဲ့ ရန်သူမျက်နှာတွေ
အဲဒီမှာ --- အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
'တောက အဖေနဲ့အမေ တော့
ကျနော့်ကိုမျှော်နေကြတော့မယ်ဗျာ ---'
ကြေကွဲစွာ သူ့မျက်လုံးပေါက်ထဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။

(၅)

ငါတို့ကျောင်းတော်ကြီးရဲ့
ပရဝဏ် အဝင်အထွက်လမ်းမတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်း နှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
'ကမ္ဘာမကြေ၊ ဗမာပြည် --- ဒါ တို့ပြေ
ဒါတို့မြေ --- တို့ပိုင်တဲ့မြေ' ဆိုတဲ့
တေးသံသာသာ
ညီညာစွာ ပဲတင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့တံဆိပ် --- တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍာန်သာဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမဲ့အစား
'သားရေ --- အမေ လိုက်ရှာနေတယ်လေ --- သားရေ'
ဆိုတဲ့ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇဝင်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)

ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး လမ်းငယ်များမှာ
ဒေါင်းအလံ တလူလူလွင့်လို့
ကျောင်းသားတွေချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံးကနေ အလံကိုင်ပြီးသွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်ကချီတက်လိုက်ပါလာတယ်။
'ဒီမိုကရေစီရရှိရေး --- ဒို့အရေး' တဲ့
ကိုယ့်ကိုကိုယ်တစ်ခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲ့ ငါတို့တော်လှန်ရေး
ဘယ်တော့မှ --- အရှုံးမပေးဘူးဟေ့ ---
သေနပ်သံတချက်ဖောက်ရင်
ရာဇာပလ္လင် မီးဟုန်းဟုန်းတောက်သွားမယ် ---
နောက်ဆုံးနေ့အထိ ---

(၇)

ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်
ရုက်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ချင်းပဲရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေချိန်း --- ---- ---
ဒိန်းဒုံး ဆူညံသွားတယ် ---
အဲဒီအခါ --- ကျောင်းတော်မှာ ---
ပန်းတွေ ဖျက်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေတလက်လက် တောက်ပကြ
ခုံတန်းလျားတွေ အုပ်ဂူအဖြစ် ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး --- တို့အရေး --- တို့အရေး --- တို့အရေး
ြေ<ွကးကြော်သံတွေနဲ့
ဗမာပြည်ကြီး တဝုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲအခါ
ငါတို့ကျောင်းတော်ကြီးဟာ --- ---
တလဲ့လဲ့ တဝင်းဝင်း
သွေးနီရောင် တောက်ပခါ ---
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာ တည်ရှိနေပါတော့တယ် --- ။

(၈)

ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု --- သွေးပင်လယ်ကြီး ခြားနေပါပြီ ---
'ကျောင်းဖွင့်ပြီ' ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျောခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ---
အဲဒီထဲက တချို့ဟာ ---
'အကြောင်းကြောင်းကြောင့်ပါ' လို့
စိတ်မကောင်းစွာပြောရင်း ---
ထုံးတံတားကိုလျှောက်နင်း ---
ကျောင်းခန်းအတွင်း ဝတ္တရားအရထိုင်
ငါတို့ --- နားလည်ခွင့်လွှတ်နိုင်ပါတယ်
တချို့ကတော့ ---
'ဂုဏ်တု ဂုဏ်ပြိုင်' ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ---
ရည်စားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို --- လူစားတွေကိုတော့---
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇဝင်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ --- သမိုင်းမှာ ---
'သစ္စာဖောက်' များသာဖြစ်တယ်။

(၉)

ကျောင်းသားနဲ့ ကျောင်း
တနေ့တော့ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင်မှန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တဝုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ---
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့ထဲက တချို့ဟာ ---
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့ထဲက တချို့ဟာ ---
ကိုယ့်လက်ဖဝါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မှန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ် --- ။

(၁ဝ)

နောက်ဆုံးမှာ ---
ဒေါင်းအလံကို --- ဖြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို --- သူရဲကောင်းတို့
အို --- ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ---
သူရဲကောင်းတို့
ထာဝစဉ် မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ---
သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ---
ထက်အောက်ဝန်းကျင်၌
ပျံနှံတည်ရှိကြကုန်တော့၏။
ထိုသော ---
သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံအပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ---သူရဲကောင်းတို့
အို --- ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူးအံ့
မိုးလုံးပြည့်ကောင်းချီးသြဘာပေးသံကြားမှာ
ငါတို့၏အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

တာရာမင်းဝေ

သူမ သည်

သူမ သည်
ကျွန်ပ်၏ နက်ဖြန်တိုင်းအတွက် လက်ကျန်သမိုင်းဖြစ်သည်။
သူမ သည်
ကျွန်ပ်အတွက် သေတပန် သက်တစ်ဆုံး စေတန်မျက်နှာဖုံးလေး ဖြစ်သည်။ 

သူမ သည်
ကျွန်ပ်၏ ဇီဝအလင်းဖြစ်စဉ်ရဲ့ ညီမျှခြင်းလေးဖြစ်သည်။
သူမ သည်
ကျွန်ပ် အတွက် ထာဝရထွန်းတောက်နေမယ့် ညွှန်းဖျောက် ကြယ်တစ်ပွင့်ဖြစ်သည်။

သူမ သည်
ကျွန်ပ်၏ နှလုံးခုန်သံ တစ်ဖက်ပိတ် စိတ်ရဲ့ အရိပ်လေးဖြစ်သည်။
သူမ သည်
ကျွန်ပ်အတွက် မရှိမဖြစ်သန်ခေါင်ယံညရဲ့ ပာန်ဆောင်မရ လွမ်းနေကြ သူလေးဖြစ်သည်။

သူမ သည်
ကျွန်ပ်၏ သောကတို့ ဆတ်စလူး ပူပန်စွာ အရူးဖြစ်စေသူလေးဖြစ်သည်။
သူမ သည်
ကျွန်ပ်အတွက် ရှင်ခြင်း ဆက်ပေးနေသော ထွက်သက်ဝင်သက်လေး တစ်ပွင့်ဖြစ်သည်။

ကျွန်တော် သည်
သူမ ၏ ဝဲဘက်နံရိုးက ဖြစ်တည်လာသည့် လူအထီးလေးတစ်ကောင်သာဖြစ်သည်။
ကျွန်တော် သည်
သူမ အတွက် ခန္စာကို မီးမြိုက် အလင်းစိုက်ပေးချင်သူဖြစ်သည်။

ကျွန်တော် သည်
သူမ ၏ အိမ်မက်တစ်ခြမ်းကို ကဗျာတစ်သန်းပေးဝယ်သူဖြစ်သည်။
ကျွန်တော် သည်
သူမ အတွက် ချစ်ခြင်းရဲ့ အတိမ်အနက်ကို ထိန်ဝှက် မထားတတ်သူလည်း ဖြစ်သည်.........


ဗေဒါ

အလွမ်းရဲ့ နာရီအို


6-12-2010

သေကောင်ပေါင်းလဲ အဖြစ်တွေနဲ့ မရေရာတဲ့ လူဘဝတွေထဲ နောက်ထပ်တစ်နေ့အရောက်မှာ. ..... .... ရင်ဘတ်တစ်ပိုင်းတစနဲ့ အိပ်ယာ က လန့်နိုးသွားသည်။ရီဝေ မူးနောက်ခြင်းများစွာနဲ့ နေ့သစ်တစ်ခုရဲ့ အစ က အရင်လို လန်းဆန်းတက်ကြွမှု နည်းပါး စွာ နဲ့ဘဝကို အစကပြန်စ နေရသလို။ဒူး ထောက် ထား မိနေသည်။ပောာ့ဒီက မျက်နှာကျက် အမိုးအောက် ဘဝ တစ်ခုလုံး လောင်ကျဉ်း ချခံထားရသလို....... .ပူလောင်ပျင်းရှ စွာဖြင့် လျှပ်စစ် စီးမျောသံလေးကို တောင်းတမိသည်။ လည်းချောင်းတွေ ချောက်ကပ်လို့။ အိမ်ပြင်ထွက်ပြီးကောင်းကင်ကိုခုန်အုပ်ပစ်လိုက်ချင်တဲ့စိတ်ကို အစိုးမရချင်တော့.....သူ့ ကို လွမ်းသည်။ အဖေ သူ့ကို ကျတော်လွမ်းတယ်....သား ပြန်အိပ်တော့မယ်နော်...... တွန့်ကြေနေတဲ့ အိပ်ယာပေါ် တွန့်ကြေနေတဲ့ နှလုံးသားတစ်စုံ အလွမ်းကို စောင်လိုခြုံလို့.

ညနေ (၄ နာရီ)

သူ့ တံဆိပ်ကပ်ထားတဲ့ အောက်ဆီဂျင်တွေ အပြည့်သိပ်ထိုး၊ ညနေကို အန်တုလို့ မျှော်ရဦးမည် ဖုန်း သံလေးရေ.....ရုံးမှာ ကျတော့်အတွက် ညသင်္ဘော မဆိုက်ကပ်ဖြစ်ခဲ့ ပါဘူး။တစ်ည လုံး မိုးလင်းပေါက် ဖုန်းသံလေးကို မျှော်ရင်း သတိရရင်း ငါပာာ ကောက်ရိုးနဲ့လောင်တဲ့မီးတောက် မပာုတ် ပဲ ကျောက် မီးသွေးယောင်ဆောင်ထားတဲ့ နှလုံးသားက ထတောက်တဲ့ လောင်မီးဖြစ်နေမှန်း အလန့်တကြားနဲ့
သိလိုက်ရတယ်။ပာစ်တလာရေ နင့် နုတ်ခမ်းမွှေးတစ်စုံလောက် ခဏလောက်ငှားပေးပါ။ နင့်ကို မုန်းတဲ့ လူတစ်သန်းလောက်ရဲ့ လက်သီးဒဏ်နဲ့ ငါ့ ရင်ဘတ်ထဲက အလွမ်းဒဏ် ဘယ်အရာပိုကြမ်းမလဲလို့ စမ်းကြည့်ချင်တယ်။ဂရေပာမ်ဘဲလ်ကို မုန်းလိုက်တာ.....မနက်လင်းရင် ဗင့်ဂိုးရဲ့ အုတ်ဂူမှာ ပန်းသွား ကြဲ မယ် ။ ငါ့ ကိုမုန်းတဲ့ သူတွေ လိုက်ဆဲချင်ဆဲနိုင်ပါတယ်။ဒီလိုပါပဲ လူတစ်ယောက်ကို ချစ်မိလို့ လူတစ်သိန်း ရဲ့ အမုန်းဆိုလဲ သူတို့ရှေ့မှာ ပြုံးပြီး ခပ်တုံးတုံး ဓါးတစ်လက်နဲ့ သူ့နာမည် ငါ့လက်မှာ ထွင်းနေမယ်။ချစ်တယ်ကွယ်။

7-12-2010

တစ်နေကုန် ခုခံရင်းလွန်မြောက် ငါ့နောက်ပါးမှာ ကပ်လိုက်လာတဲ့ ပူလောင်ခြင်းတို့  သောကတွေ ဖုန် အလိပ်လိပ်ထလို့ကဆုန်ပေါက်လာခဲ့ပြီးမှ အင်း သူပြန်ရောက်နေပြီလား။အိပ်ချင်လိုက်တာ။ ဗိုက်လည်း ဆာလာပြီ။နေမှ ကောင်းရဲ့လား။ အဖေ သားအဝတ်မလျော်ချင်သေးဘူး။ ဖုန်းဆက်ကြည့်ဦးမှပါလေ။ အကို တစ်ယောက်ရောက်လာပြီး ညီ မတွေ့ဖြစ်တာ ကြာပြီအားရင်းအေးဆေးစကားပြောရအောင် အင်း  အိမ် ပြန်ပြီးပြန် ဆင်းလာခဲ့မယ် သော့မရှိ ပြန်လိုက်ရှာပြီးဖုန်းလာရင် ပြန်ဆက်မယ်ပြောပေးနော် အေးအေး
ထပ်ဖုန်းဆက်ကြည့်တယ် မောင်လေး ဆီကော သူမဆက်သွယ်ဘူးလား အင်း ဖြစ်ပြီ အရူးတစ်ကောင် အရိပ်ပျောက် ခဏ်း ။ကဲ အစ ကပြန်ရိုက်မယ် ဒီ ကဒ် ကို ဒီလိုနဲ့ နေ့တစ်ဝက်ကျိုးသွားခဲ့တယ် 24 နာရီရဲ့ ညဉ့်တစ်ယံစာမရှိတရှိ နှစ်နာရီခွဲလောက်အိပ်ပြီးအိပ်ရေးတွေ ဝနေခဲ့တာ အိမ်မက်ထဲ ဖုန်းပြောလိုက်ရ လို့လေ။ အရူးပါး ဝ တယ်လို့ ဆိုဆို ရူးတာတောင် လွမ်းနေတုန်း။ဒါ အပေါစားစားသားတွေပါ ။ ဖတ် မနေနဲ့။ ရင်ပွင့်ပြီး လျောက်ထွေးထုတ်လိုက်တဲ့ အစ အန တွေ။အန်ချင်စော်တောင် နံသွားဦးမယ်။ လူတွေကိုသိပ်စိတ်ကုန်လာပြီ။ သူ မ အတွက်ဆို ဘုရားသခင်နဲ့တောင် စီးချင်းထိုးဖို့ ဝန်မလေးဘူး ကိုယ့် လူ။ ကျန်တာလာမပြောနဲ့။

ညနေ (၄ နာရီ)

ဒီလိုနဲ့ ၇၂ နာရီကြာ ထမ်းပိုးထားခဲ့တဲ့ ငါ့ရဲ့တနင်္ဂနွေပျိုလေးအတွက် အလွမ်းရဲ့ နာရီအိုတစ်စအိပ်မပျော်ညတွေနဲ့ ပြာချ လိုက်ချင်ပြီကွယ်........

စောဝေ

ထုံးစံ အတိုင်းပေါ့။ဒီအဖြစ်ပျက်တွေကို အစ က ပြန်ပြီး ဖေါက်ဖတ်လိုက် ရင် သင်ရူးနေလို့ပဲဖြစ်မယ်။


ဗေဒါ

ရင်ဝှက်ပန်းပုရပိုဒ်ရဲ့ အခန်းဆက်(၁)

အဲ့ ဒီ သောကြာညမှာ
အချစ်ပာာ ကြောက်စရာကောင်းလောက်အောင် လှနေတယ်
လမ်းကျဉ်းလေးတစ်ခုလို
ကျစ်လစ်သိပ်သည်းစွာ စီးမိုး
ခြေလှမ်းတွေတိုင်းမှာ
အားအင်တွေ ကြီးစိုးနေခဲ့
အဲ့ဒီ သောကြာညနေမှာလေ.....

ကောင်မလေးရေ........
အိုင်းစတိုင်းဆိုတဲ့ ပုဂ္ဂိုလ်ကြီးကတော့
အလျား၊အနံ၊အမြင့် နဲ့ အချိန်တဲ့
ငါတို့ အတွက် ဘယ်လို ဒိုင်မင်းရှင်းမှ မလိုပါဘူးကွယ်
ရိုးရိုးလေးပဲ ချစ်ခဲ့ မိကြတာ...

ခရားရေလွှတ်
တကယ်ကို ခရားရေလွှတ်ပါပဲ
ငါတို့ ကြားမှာ ပြောစရာတွေ များလှချေရဲ့
အို............
ခြေလှမ်းတွေ မလောက်ဘူးကွယ်.......

ပောာဒီ စိန်ဂျွန်းမှတ်တိုင်ကြီးအထိ
ရွှန်းရွှန်းဝေနေခဲ့တာ ငါတို့ ချစ်တဲ့ အရာတွေ အကြောင်းပဲ
အဲ့ဒီနောက် နင့် အကြောင်း ငါ့ အကြောင်းနဲ့
ခြေလှမ်းတွေ ပေါင်းခဲ့တာ
မိနစ်ခြောက်ဆယ်စာ စွန်းစွန်းပါ........

ကံကြမ္မာသာ သခွားသီးဆို
ငါ ဝါးစားမိတာ ကြာပေါ့
မတွေးရဲဘူး မဝေးရဲဘူး
အိုကွယ် ရေးတောင်မရေးရဲဘူး
ချစ်တယ်......

ကိုယ့်လက်ကို ယုံကြည်ထား မြဲမြဲ
ကိုယ့် နှလုံးသားက မင်းမှ တပါး အခြားမရှိ
ဘဝကို လည်း ဒီလိုပဲ မျှခြေညှိကြတာပေါ့ ကောင်မလေးရေ......

ဒီသောကြာညပာာ ခဏ်းနားစွာနဲ့ လှနေတယ်
ဘဝအတွက် ပထမဆုံး
ထို့နောက် ပထမဆုံး
ပထမဆုံး
အသေအခြာ ပထမဆုံး
အို အရာရာတိုင်းမှာ ပထမဆုံးတွေ များလှပေါ့
ချစ်လိုက်တာကွယ်..........
........
......
...........ခုချိန်ဆို
သူလည်းလွမ်း ငါလည်းလွမ်းနဲ့
အိပ်မက်တွေ ကြမ်းနေမှာ အသေအချာပါ....
နေ့တစ်နေ့ ရဲ့  နောက်ဆုံးလမ်းပာာ
ငါတို့ အတူတည်ဆောက်ထားတဲ့
အိမ်ပြန်ချိန်လမ်းလေးပဲ ဖြစ်စမ်းစေချင်တယ်.....
အဲ့ဒီ အုတ်ကျင်းမှတ်တိုင်ကြီး နာမည်ဆိုးဆိုးနဲ့
အုတ်ကျင်းမှတ်တိုင်ကြီး
ငါမုန်းလိုက်တာကွယ်......

ရင်ဆိုင်မယ် အချစ်ရယ်
ကိုယ့်လက်ကို ယုံကြည်ထားရဲရဲ
ဘဝဆိုတာ ဖရဲသီးလိုပဲကွဲ့
အခွံ့ ထူထူကို ခွာပြီးမှ
ချိုမြတဲ့ အရသာ တွေ့ မယ်.........

ပန်းလူတို့ ပြက္ခဒိန်ရဲ့ ပန်းဆီရောင် တော်ဝင် ရက်မြတ် ၊ထာဝရ ရင်ခွင်တော်ခဏ်းရဲ့ ပဏာမ စီရင်တော်မူရာ သောကြာ ညချမ်းရဲ့ ( ၃၈ )ရက်မြောက် အလွမ်း........

ဗေဒါ
(11-02-2011)

လေးတင်ပွဲ(၃)

ဘီလူးနက္ခတ်မှာမှ
လူ မတ်တပ်လာဖြစ်ခဲ့တဲ့ကောင်ပဲလေ
ခြေလှမ်းတွေ နည်းနည်းကြမ်းမှာပေါ့
ရင်ခွင်တံခါးကို
ပေါက်လွတ်ပဲစား ဖွင့်ထားမိတော့ လည်း
အတိတ်က နည်းနည်းတော့ ခါးတယ်......
ခု
ငါရောက်ချင်တဲ့ မြို့က သေချာနေပါပြီ
ညွှန်းပြမှတ်တိုင်တွေ မလိုဘူး....

သောက တွေ ကဆုန်ပေါက် ခဲ့ပြီးမှ
နောက်ဖေးပေါက်က ဝင်ကြည့်ခဲ့ရတဲ့ ပွဲ
ဇါတ်သိမ်းကိုတော့ ပရိတ်သတ်နည်းနည်းဆဲလိမ့်မယ်
ငါ ဝင်နွှဲလို့တဲ့လေ...........

သောက်ဂရုမစိုက်ဘူး
ချစ်ခြင်းတရားက လုပ်ယူလို့ မရသလို
နုတ်ယူလို့လည်း မရဘူး
ဒီတော့ သောက်ဂရုမစိုက်ဘူး........

ဘယ်လောက်ထိလည်းဆို
သူ့ စိတ်ကိုတောင် ဝင်ဖတ်လို့ရသည်အထိ
ချစ်ခြင်းတရားမှာ မှော်အောင်နေလိုက်ပုံများ
သူမ ပာာ ငါ့ရဲ့
နာမ်တရားဖြစ်နေပြီ
သူမ အတွက်သာဆို ငါ့ကိုယ်ငါ
မြိန်ယှက်စွာ သတ်ပြစ်နိုင်တယ်..........

ဘုရားသခင်ရဲ့ ဖိနပ်တော်အောက်မှာ
ငါ့ ချစ်ခြင်း အတွက် လုပ်ယူဖန်တီးထားမှု ရှိစတမ်းဆို
ဖိ...........နင်း..........ပစ်....လိုက်
သူမ ပာာ ငါ့ အတွက်
မပာာကမ္ဘာဦးကျမ်းရဲ့ အလင်းပွင့် မန္တာန် တစ်ပုဒ်ဖြစ်ကြောင်း
အသက်ပါ ထပ်လောင်းပြီး သစ္စာတည်မယ်........

နင့် မျက်ရည်တွေ သုတ်လိုက်
နင့် မျက်ရည်တွေ သုတ်လိုက်စမ်းပါ
တန်ဘိုးဆိုတာ လူ့ဖြစ်စဉ်သမိုင်းအတွက်
ခိုင်းနှိုင်းစရာ နေရာရှားတယ်
မြတ်နိုး ရုံ၊ ချစ်ရုံ၊ တန်ဘိုးထားရုံ ဆိုတဲ့
အသုံးနုန်းတွေထက်ပိုတဲ့ စကားလုံးတွေ
ဘယ်လို စကားလုံးတွေမှ
မခြုံငုံမိလောက်အောင်
ကိုယ် ၊ နုတ်၊ နှလုံး သုံးမျိုးလုံးနဲ့
နင့် သီလ ကို ပူဇော် နေပြီးခဲ့ပြီပဲ
နင့် လိပ်ပြာကို ငါယုံတယ်.........
နင့်မျက်ရည်တွေ သုတ်လိုက်ပြီး
နေကောင်းပါတော့ အချစ်ရယ်.........

အဲ့ဒီနေ့က ကန်ရေပြင်ပေါ် လေညှင်းမဆင်းဘူး
သက်ပြင်းတလူလူသာ မင်းမူနေခဲ့
ငရဲ ရဲ့ ပြည်ဝင်လမ်းလို
နောက်ဆံတင်းပြန်ခဲ့ရတဲ့ ည.............

ဗေဒါ

(၂၃-၂-၂၀၁၁)

ကဗျာပွင့်တဲ့ သစ်ပင်

ခွေးတစ်ကောင် ပီသစေဖို့အတွက်
တအိုင်အိုင်နဲ့ပောာင်ပြနေစရာ  လို လို့လား
အချစ်ဆိုတာ ဘီလူးတစ်ကောင်ရဲ့ နှာခေါင်းပေါက်လိုပဲ
ထွက်သက်၊ဝင်သက်တွေ ကြမ်းရှ တယ်......

သဝန်တိုလွန်းတဲ့ ကြယ်လေးအတွက်
ငါပာာ ဂြိုလ်ပဲ့ လေးတစ်လုံးပါ
နဂိုထက် နည်းနည်းပဲ ခုံး ခဲ့တယ်...

ချစ်ခြင်းတရားရဲ့ ဝ လုံးတန်းမှာ
မှင်နီတားခံထိတဲ့ကောင်
တစ်ညလုံးမှောင်နေတုန်း
အိမ်မက်ကို အိမ်မက်ဖုန်းသွားလို့
ယူကြုံးမရ ဖြစ်ခဲ့ဖူးတယ်

ပောာ့ဒီ အခေါင်းဝက
အဖြူရောင်ပိတ်တစ်စလို
ငါ့ရဲ့သေဆုံးခြင်းမှာ ဖြူစင်နိုင်ပါ့မလားရယ်လို့
အနာဂါတ်ကို မီးလှုံရင်း
ခရီးကုန်အောင် တွေးခဲ့ဖူးတယ်

ငါကလည်းခက်တယ်
အပြစ်တစ်ခုလို့ ယူဆရင်
နာကျင်ခံခက် ဒဏ်ချက်တစ်ချက်လောက်နဲ့မှ
ကျေနပ်ရင်း ငါ့ကိုယ်ငါ ပျက်ယွင်းပစ်တတ်တယ်....

လက်သိပ်ထိုးမျှော်လင့်ရင်း
တေလေတစ်ယောက်ရဲ့ နောက်ဆုံးမီးတောက်ပာာ
နင်ငြိမ်းမှ ပြာဖြစ်မှာပါ ချစ်သူ..
နုတ်ခမ်းပြာအောင် အော်နေလဲ
အဖက်လုပ်ခံရဖို့ ကံမပါတဲ့ကောင်မို့
ပောာင်တာပဲ အဖက်တင်တယ်..

ကဗျာပွင့်တဲ့သစ်ပင်မို့
သောက်သုံးမကျမှာ အသေအချာ

ဗေဒါဇော်

မီးခိုးရောင် ညနေ

အရာအားလုံးငြင်းဆို
အလင်းကို ချို ချင်ယောင်ဆောင်ပြီး
အတင်းမြိုချ လိုက်တဲ့ည
ဒင်း တော်တော် အ ခဲ့တယ်

ရိပ်သိမ်းဖို့နည်းနည်းကျန်နေခဲ့လို့
ဒီနွေဦးမှာ ငါဖူးနေတာပါ
ရွက်ဝါတစ်ခုရဲ့ဈပနပာာ နဂိုထက်
မှင်မောင်းကောင်းစွာ လှ ခဲ့တယ်..

ပုံပြောဆရာတစ်ယောက်က ခေါင်းပန်းလှန်ပြီး
ကံကြမ္မာခေါင်းလောင်းသံပေးနေတုန်း
အသက်ရှုရပ်သွားတဲ့ ရထားတစ်စင်း
မခိုင်မာတော့တဲ့ မှေးစက်ခြင်းနဲ့ပဲ တရေးနိုး
ဘယ်လို အုတ်ရိုးတို့က မြင့်သီးဝေးခေါင်လွန်းပါလိမ့်..

ငါ့ကိုယ်ငါ မေးကြည့်မိတိုင်း
ပီပီသသ သိရတယ်
.......
ရီရတယ် ဆိုရင်တော့
ဧရာမပြက်လုံး အဖြစ်
ငါ့ အခေါင်းဖုံးမှာ ကပ်ရစ်ကြပေတော့

လူလုပ်ထားတဲ့ ဗျက်စောင်းမို့
လူတီးမှ အသံမြည်မယ်..
ငါ နောင်ဘဝ ဘီးလူးကြီးတစ်ကောင် ဖြစ်ပါစေ...
ငါ နောင်ဘဝ ဘီးလူးကြီးတစ်ကောင် ဖြစ်ပါစေ...
ကျောက်ဆောင်ကို ရိုက်ခွဲ အသံ သဲ့သဲ့ လှုပ်ပြမယ်...

သေခြင်းတရားနဲ့ မိတ်ကောင်းဆွေကောင်းပမာ
တစ်ဝိုင်းထဲခွက်လှည့်သောက်ရင်း ကဗျာစပ်
သေရင်တောင် အခေါင်းထဲ ကဗျာ ထည့်သွားမယ့်ကောင်
ဘာအတွက်နဲ့မှ လက်မထောင်ရမှာ ရှက်တယ်...

ဒါကိုသိလို့ လူတွေ ရှောင်ကြတာ
ကဗျာရှင်က လေချွန်ရင်း ရှင်းပြတယ်
ကန်စပ်ဘေးက သစ်ပျိုပင်လေးကို.....


ဗေဒါဇော်

စိန်ပန်း



တသားမွေး တသွေးလှနေလိုက်ပုံများ
စွင့်စွင့်ကားကားနဲ့
ဆိုးဆေးတွေများနေသလားပဲ
ရနံ့တော့ မရှိဘူး
ပန်းဂုဏ်သတ္တိအရ
အပင်ပေါ်မှာပဲ လှ နေရှာသူ
အောက်ရောက်ရင် အမှိုက်
ငါ သိပ်ကြိုက်တဲ့ ကောင်ပေါ့
ခု ဒင်းက တစ်မြို့လုံးကို မင်းမူ
ဘယ်နေရာပြပြ သူ့ သာ အလှ......

ဗေဒါဇော်

အချစ်ဆိုတာ ပဲပင်ပေါက်လက်ရေးနဲ့ ဖတ်မရအောင်ရေးထားတဲ့ ဝှက်စာတစ်မျိုးမပာုတ်လား...

ကော်ဖီက ခါးတယ်
ခဏခဏ ပြန်ဖမ်းယူနေရတဲ့ ရေဒီယိုကို
ရိုက်ခွဲပစ်လိုက်ပါပြီ..
ပြက္ခဒိန်တွေကို စိတ်လိုလက်ရ ထိုင်ဖြဲနေမိတာ
ရာစုထက်ဝက်ကျိုးလုနီးပါး
ဖုန်ထနေတဲ့ လမ်းတွေကိုမုန်းလို့
ဘာသီချင်းမှ နားမထောင်ဖြစ်တော့ပါဘူး...
လိုချင်လောဘတွေများတဲ့ကောင်
အိတ်ထဲမှာ ဓါးတစ်ချောင်းဆောင်ထားတယ်..
ကိုယ့်နောက်ကျော ကိုယ် ထိုးစိုက်ပြီးမှ
လူမိုက်လို့ အမည်ခံမယ်...တဲ့။

အစွန်းတရား ကို ယုံကြည်နေမိတော့
ပာန်ချက်မညီရင် လဲမှာပဲ..
ဂရေပာမ်ဘဲလ်ကို မုန်းတဲ့ အထဲမှာလည်း
ဒီကောင်အပါ...ပြီးတော့
ရပ်နေခြင်းနဲ့ မခိုင်မာရင်
လှဲ ပြီးသာနေလိုက်ချင်တဲ့ ဒသနနဲ့
ရေလိုက် ငါးလိုက် ကို လောက်လို ရွံ့ ခဲ့တယ်...တဲ့။

ပင်လယ်ကို မယုံကြည်လို့
ရွက်လွှင့်ချင်ယောင်တောင် မဆောင်ခဲ့ဘူး
သေချင်းတရားကို သာ မိတ်ကောင်းဆွေကောင်းပမာ
တစ်ဝိုင်းထဲ ခွက်လှည့်သောက်ရင်း ကဗျာစပ်
သေရင်တောင် အခေါင်းထဲ ကဗျာထည့်ပေးဖို့
ခပ်ကြောင်ကြောင်မှာခဲ့မယ်...တဲ့။

စိတ်ပါလက်ပါ လက်သည်းကိုက်နေတတ်ပေမယ့်
စိတ်မပါရင် လူတစ်ယောက်ကို ပြုံးတောင်မပြဘူး
နေရင်းထိုင်ရင်းနဲ့ကို အသက်ရှင်ရတာ မုန်းတတ်သူ
လူပုံ ပိစိကွေးနဲ့ အငြိုးအတေးက ကြီးတတ်သေး
ပျော်ရင် ဝမ်းနည်းရင် ပြောပြဖို့ မမေ့တတ်တာကလည်း အကြောင်းရင်းတစ်ခု
ဒါ့ကြောင့် ဒီကောင်
ဘယ်တော့မှ လူပေါင်းသူပေါင်းလည်း မဆန့်ခဲ့ဘူး....တဲ့။

ဒီလိုနဲ့ တောအုပ်ကို ဖြတ်သန်းနေခဲ့တာ
ချောက်ထဲပစ်ချပြီး ကိုယ့်နံမယ် ကို ပြန်သတ်နေခဲ့တာ
ဘယ်အရာမှ မယုံကြည်လို့ ကိုယ့် ကိုယ် ကို မှိုစော်နံစေခဲ့တာ
ကြိုးတွေကို မုန်းလို့ စွန်တောင် မလွှတ်ခဲ့ဘူး..
ငြိမ်းကာနီးဆဲဆဲ...

............
ူ.............
အထိတ်တလန့် ကိုယ့်လိပ်ပြာကိုယ်စမ်းကြည့်တော့ မရှိတော့ပါဘူး
ကောက်ကောက်ပါအောင် လိုက်သွားနေခဲ့
ပကတိငြိမ်သက်မှုကြီးစိုးစွာ
ရိုင်းရိုင်းစိုင်းစိုင်း ငြင်းဆန်နေခဲ့ရင်းမှ
ခွေးလိမ္မာတစ်ကောင်လို ဝပ်ဆင်းသွားစေခဲ့
ကြိုးဆွဲချိန်တောင် မရလိုက်ဘူး
ဘာကို မှ မယုံကြည်ခဲ့တဲ့ကောင်လေ
ချစ်ခြင်းတရား ဆီတစ်ပေါက်ကနေ မီးထ တောက်နေခဲ့ရ
ကောင်းကင်လောက်နီးပါး
သူ  ကိုယ့် ကို တောခြောက်သလို ခြောက်သွားတယ်....

( မိသိင်္ဂီ...
အိမ်မက်တွေ ပွင့်အာစေခဲ့တဲ့ နတ်သမီး...)

ချော့သိပ်ဖူးတဲ့ ဆံနွယ်စတွေ အိပ်မောကျနေပြီ
နင့် နဖူးလေးဖျားတိုင်း ငါ့လက်ပါ လိုက်ဖျားနေခဲ့တာ
နင် မှီတွယ်ထားတိုင်း ငါ့ကိုယ်ငါ ယုံကြည်လာမိလို့
သေကောင်ပေါင်းလဲ အသက်ရှင်မှုတွေ ရပ်တန့်
နင့် လက်မှာ လူပြန်ဖြစ်ခဲ့ရတာ
သူပာာ ကဝေနှင်တံရှင်ပါ....

ဒီကန်ဘောင်ပေါ်ခြေချဖူးမှ
အချစ်ပာာ ဘယ်လောက်လှလဲ သိလိမ့်မယ်
ရင်ဝှက်ရာသီရဲ့ နောက်ဆုံးပန်ချီညနေခင်းများကို
သှိဝှက်စွာသိမ်းထုတ်ထားတဲ့ ကျမ်းထဲမပါခဲ့တဲ့
လျှို့ဝှက်နေရာလေး.......ဒီနေရာလေးမှာ
အနာဂါတ်ကို ထုဆစ်ရင်း သက်ပြင်းတွေ
ယုယစွာ ရှင်းပေးခဲ့ဖူးတယ်..........

(မိသိင်္ဂီ...
ပစ္စုပ္ပန်ရဲ့ နိမိတ်ဆိုး
နင့် လက်အုပ်မိုးရုံနဲ့ အရာရာကို ကျော်ဖြတ်
လှော်တတ်တို့နဲ့ ပြည့်စုံခဲ့ပြီ........)

ရိုးရိုးလေးပါပဲ .....
အပြန်အလှန် ပူပန်ခြင်းဓလေ့ကို ထုံကူးထားတယ်
မမြင်ရရင် လွမ်းတဲ့ အကျင့် ထွန်းကားနေတော့လည်း
သူ့ ရုံးဆင်းချိန်တိုင်းပာာ နွေဦးရာသီလေးဖြစ်ခဲ့
တစပြင် ဖြစ်ခဲ့ရသမျှ မြှုပ်နှံလိုက်ပြီ
အိတ်လေးထဲ သူ့ဘဝကိုပါ ထည့်ပြီး
သေဝပ်စွာ ထမ်းပိုးထားတဲ့
ပိုင်စိုးပိုင်နင်း ညနေများ
ကျတော့်အတွက်လေကောင်းလေသန့်ဆိုတာ
သူ့ ကိုယ်ငွေ့လေးတွေ ဖြစ်ခဲ့တဲ့ အထိ....

လမ်းလျောက်ပြန်ခဲ့ရတဲ့ နေ့တွေ
ကို တို့ လက်ဖဝါးတွေ ဘယ်တော့မှ မဖျားဘူး
အရိပ်တကြည့်ကြည့် ညနေခင်းတွေမှာ
ဆွဲဆိတ်ခံနေရတာလဲ များပြီ
ရိုးသားစွာ၊ပူပန်စွာ နဲ့ ရဲဝံ့တည်ကြည်ခြင်းများ
ဒါလည်း အထားအသို မမှားခဲ့ဘူး...

ဒီလိုနဲ့ ခိုင်မြဲနေခဲ့တာ
ဘဝမှာ အခဏ်းနားဆုံး
ကြမ်းကြုပ်တဲ့ အချိန်တွေကို
ပြိုင်တူပြုံးရင်း မုန်းတတ်လာခဲ့သည့်အထိ

နေဝင်ချိန်စောတဲ့ ညနေတွေမှာ
ရင်မောတတ်လာခဲ့ပြီးသည့်နောက်
ဒီလမ်းလေးမှာ ခြေရာချင်းထပ်ခဲ့တဲ့ညတွေ
အပင်ချင်း လိမ်ယှက်တဲ့ အထိ ငါတို့
ရုက္ခဗေဒဆန်ဆန်
မဖူးဘူး၊ မဝေဘူး၊ မပွင့်ဘူး၊ သို့ပေသိ
ရှင်သန်မြိန်ယှက်ဘူးခဲ့တဲ့ အိမ်ပြန်ညတွေ...

ဒီလိုနဲ့ ညနေတွေမှာ
သံဘီးတစ်ခြမ်း ခွာသံတခြမ်းနဲ့
ဒဏ္ဍာရီဆန်သွားတယ်
တေလေ တစ်ယောက်က
အင်းပေါက်ခဲ့တဲ့ မှော်ဆရာလို
မန္တာန်တွေ မန်းမှုတ်
သူ့ရင်ကို ထုတ်ချင်းခုတ်သွားတဲ့
တနင်္ဂနွေ နတ်ဘုရားမလေးအတွက်
အသက်ဓါတ်အကြည်ဆက်
ဘဝ ပါ နှင်းအပ်ခဲ့တယ်လေ......

ဒါကျိန်စာလား ဆုတောင်းလား ဆိုတာ
မကွဲပြားခဲ့ပါဘူးကွယ်တဲ့
ကန်ရေပြင်က လှိုင်းကြက်ခွပ်တွေ အသာလှိမ့်လို့
ခေါင်းတငြိမ့်ငြိမ့်နဲ့ပေါ့........

မကြာခင်ရောက်လာတော့မယ့် နွေဦးလေးက သူ ပါ...
ကန်ရေပြင်ရယ် ၊ငှက်လေးတွေရယ်
စေတီရယ်၊ သစ်ပင်ရယ်
ပေါင်မုန့်စားတဲ့ ငါးလေးတွေနဲ့သာ
ဖန်ဆင်း စီရင်တော်မူခဲ့တဲ့
ဘုရားသခင်ရဲ့ (၃)ရက်မြောက်ဥယျာဉ်တော်အတွင်းမှာ
ပြီးပြည့်စုံအောင် သာယာနေခဲ့ပါတယ်လေ
တာရာမင်းဝေ ပြောခဲ့သလိုပေါ့
အာဒမ် က ဧဝ ကို ပေးခဲ့တာ
နံရိုးတစ်ချောင်းတည်းစာ မပာုတ်လောက်ဘူး........

ဗေဒါဇော်

( ၃ ရက်နေ့တွင်ပြည့်စုံကျော်လွှားမယ့် ၄ လစာ အလွမ်းများ အမှတ်တရ.......)

ကဝေ

စိတ်တစ်ခုလုံးလွှင့်မျောသွားလိုက်ရတာ ပြန်ကျမလာတော့မယ့် အတိုင်း
ပြတ်ရွေ့ကြီးတစ်ခုထဲ တိုးဝင်ပျောက်ကွယ် အမှောင်တိုက် က ဝါးမျိုလို့
အေးစက်စက် လေတိုးသံများနဲ့ ဆိုးဝါးလွန်းတဲ့ အထိတွေ့
နာမည်ခေါ်သံကြားလို့ လှည့်ကြည့်မိတယ်
အလို ကံကြမ္မာပါလား မျက်မှန်ကြီးတဝင့်ဝင့်နဲ့ ငါ့ အလှည့် တန်းစီနေတဲ့
ရင်ဘတ်မှာ ဘယ်က ကပ်ပါလာမှန်းမသိတဲ့ နှင်းဆီ တစ်စ
ဆုတောင်းတွေ ခြံရံပေးခဲ့ပေမယ့်လည်း ခြံရံခွင့် မရတဲ့ ည ခြောက်ခြားလွန်းလှတယ် အမေ....

လက်သည်းထဲက ဂျီးတွေလို ကပ်ငြိနေတဲ့ စိုးရွံ့ခြင်း
ဒေါက်နတ်ကြီးပြောခဲ့သလိုပေါ့ အတွေးနဲ့တင် အန်ချင်လာတဲ့ ကမ္ဘာပျက်ပောာကိန်း
အလိုမတူပဲ ရိုက်ချ ခံလိုက်ရတဲ့ အစိမ်းကြွေ ခရေပွင့်တွေရဲ့ ကျိန်စာ
တဆစ်ဆစ် ကိုက်ခဲနေတဲ့ ဝဲဘက် ရင်တစ်ခြမ်းက ယူပါကယ်ပါ တစာစာနဲ့
ဒါတွေက အိပ်ခါနီးမှ ပေါ်လာတဲ့ အတွေးစတွေလိုမျိုး အိပ်ပျော်တော့လဲ မေ့သွားပါလေရော.........

ခု  မခြောက်တတ် ခြောက်တတ်နဲ့မို့
အုတ်ဂူပေါ်ထိုင်နေရတာ ကြာတော့ ညောင်းလာတယ်.......

ဗေဒါ

ရောင်စုံခြယ် ငါး

တိမ်တွေကို ကြိုးနဲ့ချည်ပြီး
မျက်စိတစ်ဆုံးထိ လွှင့်တင်ထားတယ်...
အဖြူရောင် ကင်းဗတ်စပေါ်မှာ ရောင်စုံခြယ် ၅ တစ်လုံး
ပီပီသသ ကို ပြုံးလို့ပေါ့.....

ဂျိုးနှစ်ကောင်နဲ့ ထနောင်းပင် ကဗျာ တစ်ပုဒ်ကို လေချွှန်ရင်းလွမ်းမိသေး
လွမ်းလို့လည်း လေချွှန်မိတာ ဖြစ်ကောင်းဖြစ်နိုင်တယ်.....
တစ်ယောက်ထဲ မပာုတ်ပေမယ့် တစ်ကိုယ်ထဲလို့
အဝေးကနေတောင် မြင်နိုင်မယ်..........
ဒါ (၃) ရက်နေ့ရဲ့ (၅) လစာ ဆက်ထုံး..........
သူ့ ပခုံးတို့ မရုန်းတော့ပါဘူး
နေရင်း နေရင်းကို လွမ်းတယ်.........

ဒါ ကမ္ဘာဦးအစက
အို အရာအားလုံးရဲ့အစက
အသံမဲ့ ဘာသာဗေဒ
ထွေ ညီ ဝေ မျှ.........

ဗေဒါဇော်

(3-06-2011 သောကြာနေ့ အမှတ်တရ....)

အိပ်မရခြင်း ကဗျာ

ဒီတစ်ခါ လေညင်း လာရင်မေးကြည့်ရဦးမယ်
ပလီပလာနဲ့စိတ်ကူးထဲ မေးကြည့်ခဲ့တဲ့ ကောင်မလေးရေ
နိမိတ်အရဆိုရင်တော့ ခု ငါ့ရဲ့ ညီမလေးပေါ့....
နင့်အချွဲစကားလေးတွေနဲ့ အသက်ရှုမှားခဲ့ရတာ
ဘဝမှာ လဲကျခဲ့သမျှ ပြန်ထူပေးတတ်သူလေး..
ဒီ လူမ လေးကို ငါ စောက်ရမ်းချစ်တယ်။

တရုတ်စကား ပွင့်ချပ်ဖြူဖြူလေးထက် နင် ပိုလှတယ်
ငါ့ ရင်ကို ဆွဲဆိတ်တတ်သူလေးရေ....
နင့်ရဲ့ ရယ်သံ လှလှ လေးတွေထက် နင်ပိုလှတယ်

အိပ်ယာထက်မှာ အိပ်မရခြင်းဖြစ်စေသူလေးရေ
စိတ်ကူးတွေကို မှော်အတတ်သွင်း သွေးချင်းချင်းနီစွေးလို့
ငါ နင့်ကို ညီညီလေးပြုံးပြမယ်...
ဒါ ယုံကြည်ခြင်းဖြစ်တည်ဆေးတွေကွဲ့....လို့ ခပ်တိုးတိုးရှင်းပြမယ်ကွယ်...

လိပ်ပြာလေးလို တောင်ပံတွေခတ် ငါ့ရင်ကို ရှပ်တိုက်သွားသူလေးရေ....
ရှက်တတ်တဲ့ ပာန်ပန်လှလှနဲ့ ဒီအလှမှာ ဖျားခဲ့ရတာ
နင့်ရဲ့ ဆံနွယ်နုနုလေးတွေကို ချော့ရင်း သိပ် ခဲ့ရဖူးတာ လွမ်းတယ်။

ကွယ် ဘဝကို အမှောင်ချထားခိုက်
ကို့ ရဲ့ အလင်းတိုင်ကလေး အဲ့ဒီ လူမလေးကို
စောက်ရမ်းချစ်တယ်........


ဗေဒါ

ငါ့ရဲ့ (၂၁) ရာစုရဲ့ နတ်မိမယ်...



စုန်းတစ်ကောင်ရဲ့ မီးတောက်စားခြင်းသက်သက်လို
ငါတို့တွေ ပက်ပက်စက်စက် လွမ်းဖူးကြတာပဲ
နေဝင်သွားတိုင်း အမှောင်က ခဏ်းနားစွာ ကြမ်းပြတယ်
ဒဏ်ရာကို ရင်နဲ့ထမ်းထားသမို့
ပြုံးရင်း ၊ လေချွှန်ရင်း ၊ပျော်ရင်း
ငါ့ ရှင်သန်ခြင်းရဲ့ အားဆေးပာာ နင်
မှော်ဝင်ညမှာ သိပ် သတိရတယ်.......

လေးပင်စွာ ထမ်းပိုးထားတဲ့ လုံးလ ပုခုံးကျောရိုးတို့ အပြင်
အလွမ်းတွေ ရင်နဲ့မလောက်တော့ကြောင်း
လက်ဖက်ရည်ဆိုင်ထိုင်ရင်းပြော
ပမယ်......
လက်တစ်ဖက်က ပျိုးကြဲနေတုန်း
လက်တစ်ဖက်နဲ့ မိုးသည်း ကို လှမ်းတားချင်နေတဲ့ကောင်
နင့်ကြောင့် ငါ
လွန်  လွန်း တဲ့ မိုး ကို  မုန်း တယ်...

သံလွင်ပန်းခတ်တွေ ဖြန့်ကျဲပြီး
နင့် လာရာ လမ်းကို ပူဇော်မယ်
ငါ့ရဲ့ (၂၁) ရာစုရဲ့ နတ်မိမယ်...
ငါ့ အိပ့်မက်တွေ ဝယ်သွားတယ်........

လေးထောင့်ကန်မောင်ဦး
(1-8-2011)

ဒိုင်ယာရီ အမှတ် (၃)

ဘဝကို လိုလိုလားလား ပေါင်းစည်းလိုက်ကြတယ်
နှစ်ဦးသဘောတူပေါ့
(၁၁) လမြောက် ရင်ခုန်သံကတော့
သာမာန်ထက် စည်းချက်တွေ မြန်နေမှာ အမှန်

ရိုးမြေကျ ၊ ရာသက်ပန်
ဒါ ရင်ဘက်ထဲက အသံ
ဆန်းဆန်း ပြားပြားတော့ မပာုတ်ရပါဘူး
မေခနဲ့ မလိခ ပေါင်းစည်းသွားသလိုမျိုး
ဘာလင်တံတိုင်းကြီး ပြိုကျသွားခဲ့သလိုမျိုး
ဇာတ်တော်ထဲက ရက်ပေါင်း တစ်ရာငိုကြွေးခဲ့ရအောင်
ခြားထားတဲ့ ချောင်းကြီးကော သွားသလိုမျိုး
ပိာုလိုတစ်မျိုး၊ ဒီလိုတစ်မျိုးနဲ့
ရိုးရိုးလေးပဲ ကြောင်းလမ်းခဲ့တယ်

ခေါင်းလောင်းသံတွေ ချိုခဲ့တယ်။
သံသရာ ရထားကြီး သြဥဆွဲ နေခဲ့
ရေစက်အမှန် အတီတေ တောင်းဆုက
(၃)ရက်နေ့မှာ အကြောင်းစု
ဖယောင်းနဲ့ ကို တို့ ထုဆစ်မယ့် ဘဝအိမ်ရဲ့ အစမှာ
ကြံ့ကြံ့ ခိုင်ဖို့ သာတွေး
ခုတော့ တစ်နေရာဆီ ခဏဝေးနေလဲ
အားမွေးထားပါ ညီမလေးရေ.......
.အားမွေးထားပါကွယ်.......

.ဗေဒါဇော်

ဒါ မနက်ဖြန်အတွက် ရေးတဲ့ စာမပာုတ်ဘူး

ဒါ ရောင်နီတစ်စလား
လှောင်ရီ ကြသူတွေရေ...
မှောင်ပြီ ဆိုမှသာ မီးထွန်း
ဒီနွေဦးအတွက် ရေဗူးပဲ လိုတယ်။

ငြိမ်းချမ်းရေးတဲ့
နားဝင်ချိုတေးတစ်ပုဒ်ပေါ့
ခေါင်းလောင်းသံမကြားလိုက်ရပဲ
ကျောင်းဆင်းလိုက်ရရှာတဲ့ သူတွေ
မင်းလား ငါလား
မကွဲပြားပဲ
ငါရော မင်းရော
ဆုံးရှုံးလိုက်ကြ
ခု ရှုံးတာ
မင်းလား ငါလား
ဒါမှမပာုတ်
ငါရော မင်းရောလား.....

ဒါ မနက်ဖြန်အတွက် ရေးတဲ့ စာမပာုတ်ဘူး
ဒဏ်ရာက နက်ပြီဆို အတော်နဲ့ မကျက်ချင်ခဲ့တဲ့ ကောင်
တဖြေးဖြေးနဲ့ မိုးမှောင်လာတာ မဆန်း.........


ဗေဒါဇော်

Wednesday, July 4, 2012

အာဘွား.........

ပိုကောင်းသောမနက်ဖြန်တို့မှာ
အညိုရောင်မသမ်းကြေး
အလွမ်းတေးသံတို့နဲ့ အလှမ်းဝေးပါစေ ချစ်ရယ် ........

ဖိဖိစီးစီးနဲ့ ထပ်တိုးချစ်နေပါရစေကွယ်
စိတ်ဆိုး စိတ်ကောက်တာတွေကို အနားသတ်လို့
ဘဝခရီးတွေမှာ မားမားမတ်မတ်
အနားကပ်ကာ ရှေ့ချီတက်
လက်တွဲညီလျက် ရှင်မကွာ ကြင်နာကြရအောင် ချစ်ရယ်.......

(၃) ရက်နေ့အတွက် အိပ်ယာဝင်တေးက
ကမ္ဘာသစ်တေးလည်းဖြစ်မယ်။
တူမျှ ညီညာ ပါရမီဖြည့်လို့
အားဖြစ်ရပါတယ်ကွယ်.........
ထွေထွေထူးထူးမို့ ကျေးဇူးကို ရူးလောက်အောင်တင်တယ် ချစ်ရယ်.......

ရုံးတော်က အပြန်
ရင်ထဲမှာ ကျန်ခဲ့ရတာက
နောင်သံသရာထိ ဆက်ချည်မြဲ
သံယောစဉ် လက်ညီတွဲ မှတ်တမ်းတစ်ခု
ရင်နဲ့ ထုဆစ်မိပြီ
သံယောစဉ်မှတ်တမ်း နှစ်လ သားအတွက်
အာဘွား အာဘွား အာဘွား ကမ္ဘာတုန်ကြားအောင်
ဆိုလိုက်ချင်ပါရဲ့ ချစ်ရယ်...............အာဘွား.............

Wednesday, June 27, 2012

ဒါပာာ.......လူသားဆန်မှု သက်သက်.....

ပာုတ်တယ် .......ဒါပာာ
လူသားဆန်မှု သက်သက်
ကိုယ်ငွေ့တွေ ခမ်းခြောက်ကုန်သည့် အထိ
ခြေကုန်လက်ပန်းကျသည်အထိ
လွတ်လပ်စွာ လွှင့်မြောနေရင်းနဲ့ လွှင့်မြောမှုတွေ ရပ်တန့်ကုန်သည်အထိ
ဒီလမ်းလေးကို လျှောက်လိုက်ကြရအောင်
ဒါပာာ.......လူသားဆန်မှု သက်သက်.....

ပခုံးထက်မှာ ကိုယ်သင်းရနံ့လေးတွေ ထမ်းပိုးထားတယ်
ငါ့ လက်ဖျားမှာ သူ့ဆံနွယ်လေးတွေ ခိုစီးထားတယ်
ယုံကြည်ခြင်းက ငါတို့ တွယ်ငြိစေတဲ့ ကြိုးတစ်ချောင်းပဲ
ဖြူစင်ရင်းနဲ့ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်သလို
သူများမလုပ်ချင်တဲ့ အလုပ်တွေလည်း လုပ်ဖြစ်တယ်
ခပ်ပါးပါး ကတိစကား ဆိုတာ ငါတို့ ကျွေးနေကြ ငါးစာ ပေါင်မုန့်တစ်လုံးလိုပဲ
ချစ်ခြင်းတရားကလွဲရင် ဘယ်အရာကမှ မနီးစပ်စေဘူး
ငါတို့က စုန်းတွေပါ
တစ်ယောက်ကို တစ်ယောက် ပြုစားရင်း နောက်ဆုံး
မီးခိုးလုံးအဖြစ် ပြောင်းသွားတယ်
ဒါလည်း ငါတို့လိုချင်တဲ့ ဘဝ အတိမ်အနက်မို့
ထွေထူးပြီး ထိမ်ဝှက်စရာမလိုဘူး
ဒါပာာ........လူသားဆန်မှုသက်သက်

အိမ်မက်တွေကို ခိုးဝှက်ပြီး လုံခြုံရာမှာ သိမ်းထုတ်ထားတာ
လောကဝတ်တစ်ချို့ကို ပာားတိုက်ရီမောရင်း ဖြစ်တတ်ပါတယ်လေဆိုတာ ငါတို့ စားနေကျ သကြားလုံးပမာ
အနောက်ရပ်မှာ နေဝင်မှ တစ်ယောက်ကို တစ်ယောက် လင်းပရင်း လမ်းပြရင်း
ခဏခဏ ခလုပ်တိုက်တဲ့ လမ်းလေးကို ဖြတ်လျှောက်မိတိုင်း
အနာဂါတ်တွေ အသက်ဝင်လာပုံများ
ပဉ္စလက်ဆရာရဲ့ မီးတောက်တစ က နှင်းဆီပန်းလှလှ ဖြစ်သွားသလိုမျိုး
ဒါလည်း ..........လူသားဆန်မှု သက်သက်

ဒဲာဒီနောက် မနက်ခင်းတွေမှာဆို  ပေါက်လွှတ်ပဲစား မတွေးတော့ဘူး
မိုးခါးရေတွေလည်း လက်ထိုးအန်ချလိုက်ပြီးပြီမို့
ဖျားနာနေတတ်တဲ့ နာရီတွေကို ရိုက်ခွဲလိုက်ပြီ
ဒီလိုနဲ့ ကျတော် ရွတ်ဆုတ်ပြက္ခဒိန်တွေကို မုန်းတတ်လာပြီလေ
ခွေးလေ ခွေးလွင့်တွေကို  မုန့်ချကျွေးတဲ့ အကျင့်မွေးထားတယ်
သူ့ ဘေးလွယ်အိတ်လေးကို ယူကိုင်ပေးတတ်နေမိတော့လည်း
တစ်ခါတရံ သူခေါင်းပေါ်မှာ ပိုင်စိုးပိုင်နင်း ဆံညှပ်လေးဖြစ်ချင်နေမိတာ
ဒါလည်း ..........လူသားဆန်မှု သက်သက်

မှင်မောင်းကောင်းတဲ့ ကန်ရေပြင်ပေါ်
ခဲလုံးတွေ ပစ်ချခြင်းနဲ့ ကျတော်တို့ မစော်ကားခဲ့ပါဘူး
ခရေပင်လမ်းလေးမှာ အနံ့သက်ကင်းကင်းနဲ့ သွားခဲ့တဲ့ ညနေတွေတိုင်း
ရီရီမောမောနဲ့ အိမ်ပြန်ချိန် နောက်ကျတတ်တဲ့ အကျင့်ကလည်း
ဘောလုံးစကားနဲ့ပြောရရင်
ဒီရာသီအတွက် အစဉ်လာတစ်ခုလို ဒါလည်း လူသားဆန်မှုသက်သက်
သူမျက်ကွယ်ပြုခဲ့တဲ့ တစ်ချို့ အရာတွေ အတွက်လည်း
ကျေးဇူးကို ရူးလောက်အောင် တင်နေတယ်
ဒါကြောင့် ရိပ်ဖမ်းသံဖမ်းလောက်တောင် ကျတော့်
ပူပန်မှုတွေ မဖူးဝေပြခဲ့တာပါကွယ်
ဒါလည်း ..........လူသားဆန်မှု သက်သက်

ကောင်းကင်က ယိုဖိတ်ကျလာတဲ့ ညီမလေးကို
ရက်ရက်စက်စက်ကို လွမ်းတယ်
ကျတော့် လက်မောင်းကို သူဆုပ်ကိုင်ထားတိုင်း
အားအင်တွေ တနင့်တပိုးနဲ့ ရက်ရက်စက်စက်ကိုလွမ်းတယ်
စိတ်ကောက်ပြီးမေ့သွားတတ်တဲ့ အကျင့်လေးကိုလည်း
ရက်ရက်စက်စက်ကိုလွမ်းတယ်
ဖြူစင်တဲ့ ရှက်ပြုံးလေးရဲ့ (၃) ရက်နေ့လေးတစ်နေ့ကိုလည်း
ရက်ရက်စက်စက်ကိုလွမ်းတယ်
အဲ့ဒီနောက် ကျတော့်ရဲ့ လူသားဆန်မှုတွေက
လူသားမဆန်ချင်တော့ပါဘူး
ပာုတ်တယ် ကျတော် သူ့ကို နတ်ဒေဝါတစ်ပါးလိုပါ ချစ် ချင်လာတယ်....

ဒီလိုနဲ့ ကျတော် ဖာသိဖာသာ နေတတ်လာတယ်
ဘဝမှာသူ့လောက်မှ အရေးလုပ်စရာမရှိတာ
ခပ်ပါးပါးပဲ ရီတတ်လာတယ်
ဘဝမှာ သူ့လောက်မှ သဘောကျစရာမရှိတာ
အေးတိအေးစက်နေတတ်တဲ့ ခုံတွေကိုမှ ရွေးထိုင်တတ်လာတယ်
အလေးမခိုးတတ်တဲ့ ချိန်ခွင်တစ်ခုကိုရှာရင်းနဲ့လည်
တစ်ယောက်ထဲ ခိုးဝှက်ပြုံးတတ်လာတယ်
ရေခဲမုန့် ကြိုက်တတ်လာသလို
ခွံ့ကျွေးရတဲ့ အကျင့်ကလည်း ဝဲစွဲသလို စွဲလာတယ်
ကြာတော့ တစ်ယောက်ထဲ လမ်းလျှောက်ရတာ ခါးလာတယ်
ကာလ အကြာကြီးကတဲက ခွဲလာခဲ့ရသလိုမျိုး ကြာလေဆိုးလာတယ်
ယေဘုယျ ပြောရရင်တော့
ချစ်တယ်
အမှန်က ဒီထက် သေချာပေါက် ပိုခဲ့တယ်............

တေလေတစ်ယောက်ရဲ့ တုတ်ထိုးအိုးပေါက် အလွမ်းတွေပါ.....
ဘယ်လိုနက္ခမျိုးနဲ့မှ လူမဖြစ်ချင်ခဲ့တဲ့ကောင်
တနင်္ဂနွေအလင်းနဲ့ ကျွမ်းလောင်နေပုံများ
............
............
...........

ဗေဒါဇော်

( 16-02-2011 )
( 3:41 AM )

ကချင်ပုဆိုးသုံးထည်








သူမရဲ့ စိတ်ကူးက
ကျတော့်ကို အရူးအမူးဖြစ်စေတယ်......

သိပ်မထူးပေမယ့်
သူမသည် ကျတော့်အတွက်
ထာဝရ ရနံ့ဝေ
ဆိတ်ဖလူးပန်း နဲ့ နွေ လေး ဖြစ်တယ်........

သူမ အကြောင်း အတွေးနဲ့
ကျတော် ညတိုင်းခေါင်းဆေးနေဖြစ်တာ အတော်ကြာပြီမို့
ဝေးဝေးကနေလည်း လွမ်း
အတူရှိနေရင်လည်း နှစ်ဦးသားအတူတူလွမ်းတယ်.....

လက်ကြားထဲက နတ်မီးပျိုလေးကို
(၁၃)ရက်နေ့မှာ သူမအတွက် ယဇ်ပူဇော်ခဲ့တယ်...

(၃)ရက်နေ့တိုင်း
ချွေးတွေ အသာသုတ်လို့
နောက်ဆို ရွှေရတု၊ငွေရတု ကနေ သံသရာ ရတုထိ ဆက်မယ်...

ဒီလိုနဲ့ အသက်ဝင်ခဲ့တဲ့ (၁၇) က
ကျောက်ခေတ်၊ကြေးခေတ် ၊ အာဒမ်ခေတ်
ကို တို့ နှစ်ဦးခေတ်အထိ
ရက်လွန်နေတဲ့ ပန်းသီး တစ်လုံး အလား......

ဝင်သက်ထွက်သက်ရဲ့ ပဉ္စလက် ကမ္ဘာမှာ
သူမ ရှက်ပြုံးနဲ့ တီတာ စကားအလှ
ညီညာ အသားကျနေတာ အတော်ကြာခဲ့ပြီမို့....


(၉)လပြည့် သံယောဇဉ်ခရီးရဲ့
ခိုးတွေ့ခဲ့ (၉) ရက်နေ့လေးမှာ
ပာိုးအရင်က ရင်ခုန်နုန်းလိုမျိုး
ကန်ရေပြင်မှာ လှိုင်းကြက်ခွပ် တွေ ရုန်းသွားတယ်......

ကချင်ပုဆိုးသုံးထည်နဲ့ သူ
ကျတော့် ဘဝတစ်ခုလုံးကို
သိမ်းကြုံးဝယ်သွားတယ်.........
အို.......ပြောရင်း ဆိုရင်း ကို လွမ်းတယ်.......


ဗေဒါဇော်

ပြီးနောက်.....

ဒီလိုနဲ့ ထုတ်ချင်းဖေါက်ခံထားရတဲ့
ကောင်းကင်တစ်ခြမ်း မြေမြင်တစ်ခြမ်း
လေပြေက နမ်းချင်သလို နမ်းပြီး
ချန်ထားခံခဲ့ရတဲ့ ရွက်ပောာင်းတွေကြွေလုဆဲဆဲ
အချမ်းပြေ လွမ်းနေလို့ရသေးတဲ့
နိုဝင်ဘာဆောင်းဦးရဲ့ ပထမဆုံး (၃)ရက်နေ့...

ကန်းနဖူးက အိမ်မက်တွေ လက်ခမောင်းထခတ်လို့
အနာဂါတ်ရဲ့ ပြူတင်းပေါက်ကို အသာအယာခေါက်
ပဝါတစ်ကမ်း လက်တစ်လှမ်းမို့
ထိုထို ဤဤ မလိုတော့ဘူး
ဆယ်နှစ် ဆယ်မိုးမကတော့တဲ့
ဆယ်လပာာ ကာလတစ်ခုထက်ပိုတယ်ဆိုတာ
သူ သူမ၊ကို ကိုယ်တိုင်သာသိ.......

ဘဝကို ဖြေပြီး ရေကြည်မိတိုင်း
ကျတော်မွှေးရနံ့ပာာ သူမ ဖြစ်ရမယ်အသိနဲ့
ခုဆို ဘဝမှာ အထွေထွေ သတိဖြစ်နေခဲ့မိ......

အမေ့ရဲ့ညင်သာတဲ့ သမီးလို့ခေါ်သံမှာ
ကျတော် တစ်ဘဝလုံး ဝပ်ဆင်းသွားခဲ့ပါပြီ
ကန်းနဖူးက အိမ်မက်တွေ လက်ခမောင်းထခတ်လို့
အနာဂါတ်ရဲ့ ပြူတင်းပေါက်ကို အသာအယာခေါက်
ပဝါတစ်ကမ်း လက်တစ်လှမ်းမို့
ထိုထို ဤဤ မလိုတော့ဘူး
ဆယ်နှစ် ဆယ်မိုးမကတော့တဲ့
ဆယ်လပာာ ကာလတစ်ခုထက်ပိုတယ်ဆိုတာ
သူ သူမ၊ကို ကိုယ်တိုင်သာသိ.......

ဘဝကို ဖြေပြီး ရေကြည်မိတိုင်း
ကျတော်မွှေးရနံ့ပာာ သူမ ဖြစ်ရမယ်အသိနဲ့
ခုဆို ဘဝမှာ အထွေထွေ သတိဖြစ်နေခဲ့မိ......

အမေ့ရဲ့ညင်သာတဲ့ သမီးလို့ခေါ်သံမှာ
သူမအတွက် ကျတော် တစ်ဘဝလုံး ဝပ်ဆင်းသွားခဲ့ပါပြီ


သူမရဲ့ သမီးဆိုတဲ့ အသုံးအနုန်းအောက်မှာ
ကျတော့်ဆင်ခြင်တုံတရားမှာ သတိကပ်လို့
အရာရာကို အပြီးသတ်ခဲ့ပြီတဲ့နောက်


ပင်နီနွမ်းနွမ်း

မိုးနတ်မင်းက စလိုက်တဲ့ ဇါတ်
ညနေဆို တလွှင့်လွှင့်နဲ့ အထူးတလည် တူညီစွာနဲ့ အရပ်ရပ်
ဆူလောင်သံတွေမပာုတ် ဆာလောင်သံတွေအဖြစ်
မြင်ကြည့်ပေးဖို့ ဆင်ခြင်တုံတရားမဲ့သူတွေကို စောင်းတီးပြရင်း
ခေါင်းလောင်းသံ ဆုံးခန်းမတိုင်ခဲ့ရတဲ့ ခေါင်းလောင်းသံများ
ရပ်တည်ရင်ဆိုင်ဖြေရှင်းရင်း ပွင့်လင်းစွာ
ငါ လူမှန်းသိတတ်ကတဲက စ ခုထိ လူမပီသေးဘူးဆိုတဲ့ အသိက
လူသားမဆန်သေး.......

နေဝင်နေဆဲ ဘဝတွေအတွက် ဆူလွယ်နပ်လွယ် နှစ်သိမ့်မှုများ
စနစ်ဆိုး ကို အသက်ငင်နေကြသူများနဲ့
ခုထိ မပာာတံတိုင်းကြီးခြားထားတဲ့ အမျိုးသားရေးနဲ့ နိုင်ငံအရေး
ဗိုလ်ချုပ်က လူတိုင်းကို စာဖတ်ဖို့ပြောခဲ့တာ အကြောင်းမဲ့မပာုတ်ဘူး
ဆရာဒေါက်တာသန်းထွန်းက သမိုင်းကို သိအောင်လုပ်ခိုင်းတာအကြောင်းမဲ့မပာုတ်ဘူး
လူငယ်လား လူမမယ်လားဆိုတာ ဆင်ခြင်ရင်း ငါ ခုထိ လူသားမဆန်သေး...

အာခံတာ မပာုတ်သေးဘူး အမှန်တရားနဲ့တောင့်ခံတာ
မိုက်ရူးရဲဆန်တာ မပာုတ်သေးဘူး အမှန်တရားနဲ့ ရဲဝံ့တာ
ပင်နီဖျဉ်ကြမ်းတစ်ထည်ကို တစ်ထောင့်ကိုးရာနှစ်ဆယ် စတိုင်ဖမ်းပြီး
လိပ်ပြာလုံစွာ ဝတ်ဆင်ခဲ့ဖူးတဲ့ တစ်မနက်
အမှန်တရားကို ငါ ပျားရည်လို လျက်ခဲ့တယ်
အမှန်တရားကို ငါ ကောင်းကင်ဘုံလို မက်ခဲ့တယ်။
ငါ့ဘေးက အကိုတစ်ယောက် စာရွက်လေးရွက် ထောင်ဒဏ်တစ်သက်
ခုထိ အပြုံးမပျက် သူက အမှန်တရားကို အသက်ထက် အလေးမြတ်ပြုခဲ့တယ်

နေဝင်နေဆဲ ဘဝတွေက ဒုနဲ့ဒယ်နဲ့
မီးတောက်မြင်မှ ပြေးပက်မယ့် အတိတ်က အချိန်တွေကို ခါးသီးပစ်လိုက်ပြီ
မျှော်လင့်ခြင်းတွေက ထမင်းတွေလို ပုတ်သိုးကုန်နေပြီလားလို့ ကိုချောနွယ်
လို တွေးတောရင်း လက်ခုပ်တီးပေးနေရုံသက်သက် လူဖြစ်ရတာ
လူသားဆန်ပြီတဲ့လား........

တမလွန်မှာ လေဆက်ချွန်နိုင်ဖို့
မယုတ်မလွန်တဲ့ ကြိုးစားမှုတွေ ရှိနိုင်ကြပါစေ..........

ဗေဒါ

၂၁-၀၆-၂၀၁၂