Wednesday, September 5, 2012

ကျေနပ်ပါလေ...........



ပေတရာလမ်းမကြီးက စင်းစင်းကြီးလှဲချလို့
သူ့ ကျောပေါ် ဖြတ်လျှောက်ရမှာ ကျွန်တော် အားနာနေတယ်
သက်ပြင်းပူပူကို နောက်ကျောမှာ ချီပိုးလွယ်ပြီး
ကျွန်တော့် ရဲ့ ဦးတည်ရာမဲ့ မျက်ဝန်းအစုံတို့က
ယုံကြည်မှုတွေ ခမ်းခြောက်
မျှော်လင့်မှု တွေ လမ်းပျောက်
အပေါစား လူတစ်ယောက်မို့လည်း
သူ့ ကျောပေါ် ဖြတ်လျှောက်ရမှာ ကျွန်တော် အားနာနေတယ်။

နာနေတဲ့ ရင်ခွင်အစုံကို
အပြုံးယဲ့ယဲ့ လေးတစ်ခုနဲ့ လုံစေတော့ရယ်လို့ ဖုံးထားမိတယ်။
စိတ်ရဲ့ ပြူတင်းဝမှတော့ ရေခိုးတွေ ငွေ့ရည်ဖွဲ့
လေညင်းလေးတွေက ကြမ်းရှလွန်းလှတယ်
ဆပ်ပြာဖူပေါင်းနဲ့ ပစ်ပေါက်ရုံလောက်နဲ့တင်
ချုပ်ငြိမ်းသွားဖို့ လုံလောက်ပါတယ်လေ.....

ပွဲတိုင်းကျော်တစ်ယောက်ရဲ့ လက်သီးချက်တွေသာ
ပစ်သွင်းလိုက် ပစ်သွင်းလိုက်စမ်းပါ
ဂျစ်ပစီတစ်ယောက်ရဲ့တေးသံလို
ငါ မှော်အောင်ပစ်လိုက်ချင်တယ်
ကောင်းကင်ရင်ခွင်ကို ဖေါက်ခွဲပြီး
ငါခိုးယူလိုက်တဲ့ ကြယ်တစ်ပွင့်
ငါ့ ညအနက်ရင့်ရင့်မှာ ဘယ်လောက်ကြာရှည် အလင်းပွင့်နိုင်မလဲ
အတွေးတွေ တွေးမိတိုင်း
ပွဲတိုင်းကျော်တစ်ယောက်ရဲ့ လက်သီးချက်တွေသာ
ပစ်... သွင်း .... လိုက်.....
တစ်ရှိုက်မက်မက် နာကျင်နေတဲ့ ရင်နဲ့
သူ့ ကျောပေါ် ဖြတ်လျှောက်ရမှာ ကျွန်တော် အားနာနေတယ်....

ငါ ကျောင်းတော်မှာ ပျက်လုံးကောင်းကောင်းမသင်ခဲ့ရဘူး
စင်ပေါ်မှာ လေချွန်နေတတ်တဲ့ ငနဲ တစ်ကောင်တဲ့လား
သူ ကျွန်တော့် ကိုကော ဘ၀ တစ်ခုလုံးကိုကော ပာားသွားခဲ့တာ
ရင်....နာ....တယ်

ပြာကျတဲ့အထိ လောင်ကျွမ်းပြီး
စွမ်းသလောက် အလင်းပေးသွားမယ်
အဆုံးထိမို့   ကျေနပ်ပါတော့......

ဂြိုလ်ကောင်တစ်ယောက်ကို
အမှောင်က လက်ယက်ခေါ်နေပြီ
ကျေနပ်ပါလေ
စက်ဆုပ်မှု အလုံးစုံကို ခံယူရင်း
ပြာကျတဲ့အထိ လောင်ကျွမ်းပြီး
စွမ်းသလောက် အလင်းပေးသွားမယ်.......

စက်ဆုပ်မှု အလုံးစုံကို ခံယူရင်း
ပြာကျတဲ့အထိ လောင်ကျွမ်းပြီး
စွမ်းသလောက် အလင်းပေးသွားမယ်...

စက်ဆုပ်မှု အလုံးစုံကို ခံယူရင်း
ပြာကျတဲ့အထိ လောင်ကျွမ်းပြီး
စွမ်းသလောက် အလင်းပေးသွားမယ်........

ဗေဒါ












No comments:

Post a Comment