Thursday, October 24, 2013

သူခိုးက သူခိုး..... အမျိုးက အမျိုး...

ယနေ့ အမှတ်တမဲ့ကြားလာခဲ့ရသောစကားတစ်ခွန်း......

ဆင်ခြေဖုံးမြို့နယ်တစ်ခုရှိ ဆိုင်ကယ်ကယ်ရီဂိတ်တွင်ဖြစ်သည်။

" ၂၀၁၅ ကို စိတ်ဝင်စားတယ်..အမေစုကိုပဲ သမ္မတ ဖြစ်စေချင်တယ်..
အမေစုနဲ့ပတ်သက်ပြီး ကျန်တာဘာမှ မသိဘူး.... ဗိုလ်ချုပ်အောင်ဆန်း
သမီးဆိုတာပဲ သိတယ်........ သူကတော့ ငါတို့ကို ဘယ်တော့မှ လိမ်မှာမဟုတ်ဘူး" တဲ့...

ဒါ နိုင်ငံရဲ့ လူများစုဖြစ်တဲ့ အခြေံလူတန်းစားတွေရဲ့ ရင်တွင်းစကားနော်........
နှစ်ပေါင်း (၅၀) ကျော် လိမ်ခဲ့၊ညာခဲ့၊ ရွှီးခဲ့သူတွေ အထုတ်သာပြင်ထားကြတော့.......

*************************************************
ဒီမြို့နယ်လေးက အတော်သဘောကျဖို့ကောင်းတယ်ဗျ။ ကြားဖြတ်တုန်းက အမေစုကိုယ် တိုင် လာဟောပြောခဲ့တဲ့ ရန်ကုန်ထဲက မြို့နယ်လေးပေါ့။တိုက်ခန်းတွေကြီးပဲ ရှိတဲ့ ရပ်ကွက်လေးဘေး နားမှာ လက်လုပ်လက်စားလူတွေအများစုနေတဲ့ ခရိုးခရိုင် ရပ်ကွက်လေးတစ်ခုက ကပ်လျက် တည်ရှိနေတယ်။လူမျိုးစုံရှိပြီး ပညာအခြေခံနည်းတဲ့ နေရာလေးဆိုတော့ ဟိုပါတီကြီး အကြိုက်ပေါ့။သူတို့ က အမာခံအဖြစ်သဘောထားပြီး လမ်းတွေခင်း၊ မီးတွေသွယ်၊ တစ်အိမ်ထောင်သုံးထောင်တွေပေး၊ ကွန်ကရစ်လမ်းကျယ်ကြီးခင်းလိုက်တာများ မုဒ်ဦးကြီးကို
ဟီးနေအောင် ထောင်ပေးထားတာ။ အမေစုလာတဲ့နေတုန်းကလည်း ဘီအမ်ကားကြီး
တွေစီစဉ်ပေးပြီး ဘုရားဖူးဆိုပြီးအခမဲ့ပိုဆောင်ပေးတဲ့အပြင် ငွေသုံးထောင်ပါ အဆစ်
ထည့်ပေးသေးတယ်။ အမေစု ဟောပြောပွဲလူနည်းအောင်လုပ်တာလေ။ တကယ် လည်း မဲ ပေးရော..... အဲ့ရပ်ကွက်ရဲ့ ၈၀ ရာခိုင်နုန်းလောက်က NLD ကိုပဲမဲပေးလိုက်တယ်... မှတ်ကရော........... ပေးတာယူ .....ကျွေးတာစားတယ်........ဒါပေမယ့် သူခိုးက သူခိုး.... အမျိုးက..... အမျိုး........ သိတာပေါ့..ခွဲခြားတတ်တာပေါ့...ဗိုလ်ချုပ်ရင်သွေး..... အမေစု ဆိုတာ ပြည်သူပြည်သားအားလုံးနဲ့ သက်ဆိုင်လို့ အမျိုးလိုဖြစ်နေတာ။ သွေးပြောတာကို ယုံကြတယ်။

မိုးဝေသော်

No comments:

Post a Comment