Sunday, October 13, 2013

ကျော်ဟိန်းပြန်လာပြီ......



ရမည်းသင်း NLD ရုံးမှာ ဝံသာနုရက္ခိတအသင်းဖွဲ့စည်းဖို့ တင်ပြတယ်ဆိုတဲ့ သတင်းလေးကို လွှတ်တော်အမတ် ဒေါ်စန္ဒမင်းက ရေးတင်ထားတာတွေ့လိုက်ရတယ်။ ဆူညံပွက်လောရိုက်နေ တဲ့ လူမျိုးရေးအရှုပ်ထွေးတွေကြားထဲမှာ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ တစ်သင်းပြီး တစ်သင်း ထပ်ထွက်လာပြန်တာလဲ။အမျိုး၊ဘာသာ၊သာသနာကိုကာကွယ်စောင့်ရှောက်မယ်ဆိုပြီးလက်သီး   လက်မောင်း တန်းလာကြပြန်ပြီ။ရင်လေးတယ်လို့ မျှော်မြင်တွေးတောပြီး ရေးထားတဲ့ လွှတ်တော် အမတ်ကိုလည်းနည်းမျိုးစုံနဲ့ ရှုတ်ချ ပုတ်ခတ်စော်ကားထားတာတွေ့ရတယ်..........
မြို့နယ်တိုင်းမှာ ဖွဲ့မယ့် အသင်း တစ်သင်းကိုလည်း ငွေတစ်သိန်းမတည်ပေးထားပါသတဲ့. ....... ဘယ်ကလာတဲ့ ပိုက်ဆံနဲ့လဲ။ ဘယ်သူက စပွန်ဆာပေးထားတာလဲ။လက်ရှိ ၁၆ သင်းဖွဲ့ပြီး သွားပြီ ဆိုပဲ။ ဒါဆို ၁၆ သိန်းပေါ့။ အများယူဆနေသလိုဒီအဖွဲ့တွေနဲ့ သာသနာ့ နုဂ္ဂဟ အသင်းနဲ့ ဆက်စပ်မှုရှိနိုင်လား။ သာသနာ့ နုဂ္ဂဟ အသင်း ရဲ့ နာယကကြီး က ဇေကမ္ဘာ ဦးခင်ရွှေ။  နိုင်ငံခြားသား လာရင်တောင် မှ ရွှေစလွယ်နဲ့ အဖူးမြှော်ခံနေကြ တကယ့် ကျိကျိ တက်သူဌေးကြီး။

ဗီဒီယိုခေတ်ဦးတုန်းက မင်းသားကြီးဦးကျော်ဟိန်းကို သတိရမိတယ်။ ဦးကျော်ဟိန်းရဲ့
ဒိုင်ယာလော့ဂ်တွေ တစ်ခွန်းဆို တစ်ခွန်း ရုံထဲက ပရိတ်သတ်တွေ လက်ခုပ်တီးပြီးတော့ ကို အားပေး ခဲ့တာ။ လူကြိုက်သိပ်များတယ်။ လူကြိုက်များတဲ့ ဇာတ်ရုပ်၊လူကြိုက်များတဲ့ စကားလုံးတွေ နဲ့ လူကြိုက်အောင် လုပ်သွားတာ။

ခုလည်း အမျိုး၊ဘာသာသာသနာဆိုတဲ့ စကားလုံးလေးတွေက လူကြိုက်များ မှာသေချာ တယ်။ ဝံသာနုရက္ခိတဆိုကတည်းက လက်ခုပ်က တီးချင်နေပြီ။အညှာကို ကိုင်ထားမိပြီလေ။ ကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်လာပြီးနောက် ကျယ်ပြန့်တဲ့ အတွေးအခေါ်တွေ ရှိတဲ့ လူငယ်အသိုင်းအဝိုင်းမှာအမြင်တွေကွဲပြားလာပြီ။ဒီတော့ပစ်မှတ်က ရွေ့သွားတယ်။ကျေးရွာတွေ ၊နယ်မြို့တွေမှာစလုပ်ကြတယ်။သာသနာ့နုဂ္ဂဟဆို ကျောင်းတွေမှာရှိတဲ့ကျောင်းသားလေးတွေကို အသင်းဝင်ခိုင်း တယ်။ ဟိုးယခင် ကြံ့ခိုင်ရေးအသင်းစဖွဲ့တုန်းကလိုပေါ့။ စာရွက်တွေ အတင်း ထိုးပေးပြီးဖောင်ဖြည့်ခိုင်းတယ်။ အခန်းထဲမှာ ကျောင်းသား၅၀ ရှိရင် အသင်းဝင် ၅၀ ဖြစ် ရမယ်ဆိုပြီး ကောက်လိုက်တာ သာသနာ့နုဂ္ဂဟဆိုတဲ့အသင်းထဲမှာ မယုံရင်လိုက် စစ် ကြည့်  ဘာသာခြားကလေးတွေတောင် နာမည်စာရင်းပါနေတယ်။ဘယ်နှယ့်က ဘယ်လို ဘာသာရေး က ပညာရေးဘက်ကို ညွှန်ကြားချက်တွေပေးနိုင်ရတာလဲဆိုတာတော့ မိုးဝေသော် လည်း မတွေးတတ်ဘူး။

အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေအဟောင်းအတိုင်းဆို EC တွေက နိုင်ငံရေးနဲ့ မပတ်သက် ရဘူး။ ဒီ သာသနာ့ နုဂ္ဂဟအသင်းရဲ့နာယကကြီးကဟော နိုင်ငံရေး သမားကြီးဖြစ်ပြီး လွှတ်တော်တောင် တက်နေတာ သိုင်းလောကစကားနဲ့ဆိုရင်တော့  မည်သို့ မည်ပုံလုပ်လိုက်သည်မသိပေါ့ဗျာ။

ခုလည်း ၂၀၁၅ မတိုင်ခင် အန္တရယ်ကြီးတဲ့ ကစားကွက်တစ်ခုနဲ့ ပွဲထွက်စပြုလာပြန်ပြီ။
၂၀၁၅ အတွက် ပြည်သူအားလုံးဦးတည်ချက်၊အာရုံတစ်ခုတည်းသာ ထားမယ်ဆိုရင်အာဏာရ ပါတီအတွက် (သို့) အကျိုးစီးပွားကာကွယ်လိုသူတွေအတွက် သိပ်ပြီးတော့လားရာကောင်း ဖို့မရှိ ဘူး။ ပြည်သူတို့ နှလုံးသား၊ပြည်သူတို့ အတွေးအခေါ်တွေ ရင့်ကျက်လာပြီး အခြေခံ ဥပဒေပြုပြင်ရေးနဲ့ ၂၀၁၅ ဒီမိုကရေစီ အရပ်သားအစိုးရစစ်စစ်ပေါ်ပေါက်လာရေးအတွက် လမ်းကြောင်း တစ်ခုထဲသာ အာရုံစိုက်ထားနေရင်သူတို့အတွက်ပွဲပြီးပြီ။ ဒီတော့ လမ်းလွှဲ၊ အာရုံလွှဲစရာ အကြောင်းတွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာသလိုတောင် ထင်ရတယ်။

လွှတ်တော်ထဲမှာ ပါတီဘယ်လိုကွဲကွဲ သရုပ်ခွဲကြည့်လိုက်ရင် နိုင်ငံရေးသမား (၂) မျိုးထဲသာ ရှိတယ်။ တစ်မျိုးက အကျိုးစီးပွားလိုလားမှုကြောင့် ဖြစ်လာတဲ့ နိုင်ငံရေးသမား(ဝါ) လွှတ်တော် အမတ်နဲ့ နောက်တစ်မျိုးကတော့ အကျိုးစီးပွား ပျက်သုန်းခံရပြီး နှစ်ရှည်လ များ စွန့်လွတ် အနစ်နာခံလာရတဲ့ နိုင်ငံရေးသမား ဒီ (၂) မျိုးထွက်လာတယ်။ဒီတော့ တိုင်းပြည်ကို ဘယ်သူ ပိုချစ်လဲဆိုတာ တွေး ကြည့်ကြပေတော့...........

No comments:

Post a Comment