Friday, October 25, 2013

အမေစု နှင့် BBC



BBC နဲ့ အင်တာဗျူးမှာ အမေစု ပြောသွားတာ ရှင်းရှင်းလေး။ " ဗုဒ္စဘာသာအသိုင်းအဝိုင်းနဲ့
မွတ်စလင်အသိုင်းအဝိုင်းကြားမှာ တစ်ဦးနဲ့ တစ်ဦး ကြောက်ရွံ့မှုတွေကနေ အသိုင်းအဝိုင်း
နှစ်ခုကြား တင်းမာမှုတွေကို ဖြစ်ပေါ်စေခဲ့တာပါ" ...... နိုင်ငံတကာက သိထားတာ လူနည်းစု
မွတ်စလင်တွေက လူများစု ဗုဒ္စဘာသာဝင်တွေကို ကြောက်ရွံ့နေရတယ်ဆိုပြီးသိထားတာ။
ဒီလိုအမြင်မျိုးဖြစ်အောင်လည်း ပြည်ပမီဒီယာတွေ နဲ့ အခြားအခြားသော အသိုင်းအဝိုင်းတွေ
လူ့အခွင်းရေးလှုပ်ရှားသူတွေက ထောက်ပြနေကြတယ်။ ဟုတ်ပြီ အဲ့တော့ အမေစု ပြောသလို
မွတ်စလင်အသိုင်းအဝိုင်းက ကြောက်ရွံ့နေမှု။ နောက်တစ်ခုက ဗုဒ္စဘာသာအသိုင်းအဝိုင်းက
ကြောက်ရွံ့မှုကျတော့ ပုံစံတမျိုး။ ကမ္ဘာနေရာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့်
ဘာသာခြားအသိုင်းအဝိုင်းကို စိုးရိမ်ထိတ်လန့်မှုက နဂိုရှိရင်းကြောက်ရွံ့မှုအဖြစ်ကိန်းအောင်း
နေတယ်။ ဒီအပြင် မသေချာသော ကိန်းကဏ္ဍန်းအချက်အလက်တွေနဲ့ နောက် နှစ်ပေါင်း ဘယ်
လောက်ဆိုရင် မြန်မာနိုင်ငံကြီးကဘာသာခြားနိုင်ငံဖြစ်သွားမယ်ဆိုတဲ့ ဟောပြောမှုတွေ၊ တေးသီ
ချင်းတွေ ၊ရေးသားမှုတွေကြောင့် စိုးရိမ်ကြောက်ရွံ့မှုက ဗုဒ္စဘာသာအသိုင်းအဝိုင်းမှာ ကြီးထွားလာတယ်။ ကြောက်ရွံ့မှုကနေ လက်ဦးမှုအဖြစ်အသွင်ပြောင်းလာကြတယ်။
လက်ဦးမှုခြင်း ထိပ်တိုက်တွေ့လိုက်တော့ မဆုံးနိုင်တဲ့ ပဋိပက္ခတွေနဲ့ မြို့လည်ခေါင်ဒုက္ခသည် စခန်းတွေသာ အရုပ်ဆိုးအကျည်းတန်စွာနဲ့ တစ်မြို့ပြီး တစ်မြို့ပေါ်ပေါက်လာပါရောလား။

အမေစုပြောသွားတာ ဘယ်လောက် ပါးနပ်လိုက်သလဲ။ ဦးဝီရသူကဲ့သို့သော အမျိုးသားရေး စိတ်ဓါတ်လွန်ကဲနေတဲ့ ၉၆၉ လှုပ်ရှားမှုမျိုးကို ဘယ်လိုသဘောထားလဲဆိုတော့ " ဒီ့အပေါ်မှာ အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကျွန်မရဲ့ အမြင်ကို မေးနေမယ့်အစား အစိုးရရဲ့ မူဝါဒ ဘယ်လိုရှိသလဲဆိုတာကို မေးသင့်ပါတယ်..." တဲ့.......

ဟုတ်တယ်လေ။အစိုးရရဲ့  မူဝါဒ ဘယ်လိုရှိတယ်၊ ဒီဖြစ်ရပ်တွေကို ဘယ်လို သဘောထားတယ်၊
နောက်ကွယ်မှ ကြိုးကိုင်နေသူတွေကို ဖေါ်ထုတ်ဖို့ ဘာလို့ ဒီလောက်ကြာနေတယ်ဆိုတာ
အမေစုက ဘယ်လိုလို့ သိနိုင်မှာလဲ။ နော့ ...........

မိုးဝေသော်

No comments:

Post a Comment