Monday, October 21, 2013

ပြတ်သားတဲ့ သမ္မတ


ဇာတ်ကတော့ ခပ်နာနာပဲဗျို့  ...... လွှတ်တော်မှာ ပြည်သူတို့၏ တိုင်ကြားစာနဲ့ အသနားခံ စာကော်မတီဆိုတာရှိတယ်။ဒီမှာတင် အသနားခံစာတစ်စောင်ရောက်လာပါလေရောလား.... သာမန်လည်းမဟုတ်ဘူး။ နိုင်ငံနဲ့လူမျိုးအတွက် သက်စွန့်ကြိုးပမ်းထမ်းဆောင်ထားခဲ့ဖူး သူတွေ ခုဆို အသက် (၉၀) ကျော် အရွယ်တွေပေါ့။ တစ်ခေတ်တခါကတော့သူတို့ကို နိုင်ငံဂုဏ်ရည် ပထမအဆင့် ၊ဒုတိယအဆင့် စသဖြင့် ခွဲပြီး ဂုဏ်ပြုခဲ့ကြတယ်။နိုင်ငံဂုဏ်ရည်တဲ့...နာမည်လေး ကတော့ အတော်လှပါတယ်။ သိပ်လည်း ဂုဏ်ယူဖို့ကောင်းလှတယ်။ ၁၉၈၀ လောက်ကပေးခဲ့ တာ ချီးမြှင့်ငွေ တစ်လ (၆၀၀) (၃၀၀) စသဖြင့်ပေါ့.... ခုတော့ ခေတ်ကာလနဲ့ လိုက်လျော ညီထွေတဲ့ ထောက်ပံ့ကြေးချီးမြှင့်ငွေလေးတိုးမြှင့်ပေးဖို့ အစီစဉ် ရှိမရှိကိုတုန်တုန်ချိချိ နဲ့ မရဲတရဲလေးမေမိကာမှပဲ ပြန်ဖြေလိုက်ပုံတွေကြောင့် ရင်ကွဲနာကျပြီး ဗိုင်းကနဲတောင် လဲသေနိုင်လောက်တယ်။

သမ္မတရုံးဝန်ကြီးဦးစိုးမောင်က ...အစီစဉ်မရှိပါဘူးတဲ့...... လူကြားလို့မကောင်းပါဘူးကွယ်ရို့  .....တဲ့ လွှတ်တော်ဥက္ကကြီးကတောင်မချိတင်ကဲ ပြန်ပြောယူရတယ်...... ကဲပါလေ... သမ္မတကြီးကို တင်ပြပေးကြည့်ပါဦးကွယ်..... တမျိုးစဉ်းစားနိုင်ကောင်းပါရဲ့...သမ္မတကြီး က မပေးနိုင်ဘူးဆိုရင်လည်း မပေးနိုင်ကြောင်းလာပြန်ဖြေပေးပါလားကွယ်....ဆိုတော့မှ အတွင်းသဘော စင်းစင်းပေါ်လာပါလေရောလားဗျာ........သမ္မတကြီးကို တင်ပြပြီးသား ပါတဲ့. ...... ဒီအတိုင်းပဲ ဖြေပေးထားပါသတဲ့လေ...........ပြတ်သားလိုက်ပါဘိ.........ဘဝနေဝင် ချိန်တွေ ၊ ဆင်းရဲခက်ခဲပင်ပန်းစွာ ရုန်းကန်နေရသူတွေ... မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းခဲ့သူတွေကို တစ်လ လက်ဖက်ရည်တစ်ခွက်စာနဲ့ သမ္မတကြီးနဲ့အတူ ဂုဏ်ပြုလိုက်ကြပါစို့လား ....

>>> ချီးယား<<<<<<


မိုးဝေသော်

No comments:

Post a Comment