Monday, October 7, 2013

အိုဘားမားကဲ နှင့် ဗြဟ္မစိုရ်ယဉ်ကျေးမှု



အိုဘားမားက သူ့ပြည်သူတွေကို ကျန်းမားရေးစောင့်ရှောက်မှုဥပဒေတစ်ခုနဲ့ စပြီးမိတ်ဆက်ပေးခဲ့တယ်။ အဲ့ဒါကတော့ ဝင်ငွေနည်းပါးပြီး ကျန်းမာရေးအာမခံမထားနိုင်ရှာတဲ့ အောက်ခြေပြည်သူများအတွက်
ကျန်းမာရေးစောင့်ရှောက်မှုဥပဒေတစ်ခုကို ၂၀၁၀ ပြည်နှစ်လောက်ကတဲက လက်မှတ်ထိုးပြဌာန်း ထားခဲ့တယ်။ ဥပဒေပါအချက်များအရဆိုရင် ဝင်ငွေနည်းပါးပြီး ကျန်းမာရေးအာမခံ မထားနိုင်တဲ့   ပြည်သူ(သန်း ၄၀) လောက်ကို အစိုးရက တစ်စိတ်တပိုင်းထောက်ပံ့ပေးအပ်သည့် ကျန်းမာရေး အာမခံကိုဝယ်ယူနိုင်ကာခွဲစိတ်ကုသခြင်းလိုမျိုးအကုန်အကျများနိုင်သည့် ကျန်းမာရေးပြသနာများ ကြုံလာရင်တောင်မှ ငွေကြေးအခက်ခဲကို အထိုက်လျောက်ခုသာခံသာ ရှိပြီး ပြည်သူတွေ အဆင်ပြေ သွားလိမ့်မယ်လို့ အိုဘားမားရော သူ့ ဒီမိုကရက်တစ်ပါတီကပါ ယုံကြည်နေကြတယ်။ ဒါကြောင့် ဒီဥပဒေကိုတောင် အိုဘားမားကဲလို့ နာမည်ပေးထားတယ်။ ထားပါ တိုတိုပြောရရင် ရီပတ်ဘလစ်ကန်တွေ က ဒီဥပဒေက ရှုပ်ထွေးမှုရှိတယ်ဆိုပြီး ကန့်ကွက်ကြတယ်။ အစိုးရဘတ်ဂျက်က ဒီဘဏ္ဍာရေးနှစ်မှစပြီးစိုက်ထုတ်ရတော့မယ်ဆိုတော့ လွှတ်တော်နှစ်ရပ်မှာ သဘောထားတွေကွဲပြီး ခုထိ အဖြေမထွက်လာသေးဘူး။အဲ့မှာမ အခြားဘတ်ဂျက်ကိစ္စတွေမှာပါ အတည်မဖြစ်အတည်မဖြစ်နဲ့ အစိုးရ အောက်တိုဘာ (၁)ရက်နေ့ကစပြီး အစိုးရဝန်ထမ်းတွေကို လစာမပေးနိုင်ဖြစ်လာကာ အစိုးရလုပ်ငန်းများ ရပ်ဆိုင်းမှုတွေဖြစ်လာတော့တယ်။

ကျွန်တော်ပြောချင်တာက    အမေရိကပြည်သူတွေနဲ့ အမေရိကန် လုပ်ငန်းရှင်တွေရဲ့ တုန့်ပြန်မှုပါ။
စားသောက် ဆိုင်အများစုက အစိုးရဝန်ထမ်းကဒ်ပြားပြနိုင်ခဲ့မယ်ဆိုရင် နေ့လည်စာ အခမဲ့ကျွေးမယ်
ဆိုပြီး ကူညီပေးတယ်။ မော်တော်ကားလုပ်ငန်းရှင်များကလည်း အရစ်ကျဝယ်ယူထားတဲ့ အစိုးရဝန်
ထမ်းများကို အကြွေးဆက်လက်တောင်းဆိုခြင်းမပြုပါဆိုပြီး ကြေငြာပေးတယ်။ ဘယ်သူမှ အတင်း
အကြပ်ဖိအားပေးစေခိုင်းခြင်း  မရှိပဲ ဗြဟ္မစိုရ်တရားသက်သက်နဲ့ ကူညီဖြေရှင်းပေးကြတာပါ။
နိုင်ငံရဲ့ အကြပ်အတည်းကို နိုင်ငံသားတစ်ဦးခြင်းစီက တတ်နိုင်သမျှ နည်းလမ်းများနဲ့ ဖြေရှင်းကြ
ရာမှာ ကိုယ့်နိုင်ငံနဲ့ ချိန်ထိုးစဉ်းစားမိလာတယ်။ ကိုယ့်စီမှာကော ဒါမျိုးအဖြစ်အပျက်ကြုံလာခဲ့
ရင် ဒီလို ဗြဟ္မစိုရ်တရားထားနိုင်ပါဦးမလား။အစိုးရဝန်ထမ်းဆိုရင် လာဘ်ပေးလာဘ်ယူကိစ္စ
တွေနဲ့ ယှဉ်တွဲမြင်နေသေးတဲ့ အတွက် ကြည်ဖြူနိုင်ပါ့မလား။ အချောင်ရလို့ဖြစ်စေ၊ အမှန်တကယ်
မရှိနွမ်းပါးရှာလို့ဖြစ်စေ အလှူခံတောင်းရမ်းစားသောက်နေရရှာတဲ့ သက်ကြီးပိုင်းများ၊ သားသည်အမေများကိုတောင်မှ ကန်တော့ပါသေးရဲ့လို့ လွယ်လွယ် ပြောထွက်နေတဲ့ ခေတ်ကြီးမှာ ဒါမျိုး ကိုယ်ချင်းစာတရားကရော ဘယ်လောက်ဖွံ့ဖြိုးနိုင်မလဲ။ ကိုယ့်ဘို့ တစ်ဘို့တည်းသာကြည့်ပြီး တိုင်းပြည်အတွက် မလွဲမသွေ ပေးအပ်ရမယ့် အခွန်တောင်မှ အပျောက်ရိုက်၊ ပေါင်းရိုက် နေတဲ့ ခရိုနီခေတ်သူဌေးတွေမှာလဲ ဒီမျိုးကြုံလာရင် ဒီလိုမျိုး စိတ်ထားနိုင်မယ့် ဗြဟ္မစိုရ် တရား   ရွေးစေ့လောက်တောင်မှ ရှိပါ့မလား။

ကမ္ဘာမှာ ဗြဟ္မစိုရ်တရားအထွန်းကားဆုံးနိုင်ငံလို့ တစ်ခေတ်တစ်ခါက ဂုဏ်ယူဝံ့ကြွားခဲ့လာလေသမျှ
ခုခေတ်၊ခုစနစ်မှာ မှေးမှိန်ပျောက်ကွယ်သွားလေပြီလား။ ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က
အတွေးအမြင်နဲ့ လူငယ်တွေအတွက်ပဲ အရေးများတဲ့ စာရေးဆရာကိုတာရေးသားသော အခြား
တဖက်မှ ဆင်ခြင်ရန်အကြောင်းများဆိုတဲ့ စာအုပ်ထဲက အဖြစ်အပျက်လေးကို ခုထိမှတ်မိနေခဲ့
တယ်။ပရပိာတစာသင်နည်းတဲ့ ......

အမေရိကန် မက်ဆာချူးဆက်က K-8 ကျောင်းလေးတစ်ကျောင်းမှာ အများအကျိုးဆောင် ပရိုဂျက်
(CommunityServiceProject)တစ်ခုရှိသတဲ့။ဆောင်းဦးပေါက်မှာငါးတန်းနဲ့ခြောက်တန်းကလေးတွေ
က သိုးမွေးဦးထုပ်လေးတွေလုပ်ပြီးအနွေးထည်လိုနေတဲ့ရပ်ကွက်ထဲက ကလေးတွေကိုဝေတဲ့ ပရိုဂျက်ပေါ့၊ပရိုဂျက်ကအလွန်အောင်မြင်ပါတယ်။ကျောင်းသားလေးတွေနည်းနည်းစက်ချုပ်တတ်သွားတယ်။ပိုအရေးကြီးတာကတခြားကလေးတွေမှာလိုအပ်နေတာကိုထိထိရောက်ရောက်နဲ့လက်တွေ့လုပ်ပေးလိုက်ရတာပါ။စာနယ်ဇင်းတွေကလည်း ကျောင်းသားတွေရဲ့အလှူကိုရေးကြတယ်။ဒါပေမယ့် ပရိုဂျက်အပြီး ဆရာတစ်ယောက်နဲ့ဆွေးနွေးတဲ့အခါမှာ တစ်ခုခုချော်နေသေးသတဲ့ ။ကျောင်းသား တချို့ကတကယ့်အသိလေးကို "မရ"လိုက်ကြဘူး။ဆရာတွေခိုင်းလို့သာလုပ်လိုက်သာ သူတို့ကိုယ်တိုင် က လိုအပ်နေတာလေးတစ်ခုကိုကူညီရတာလို့မခံစားရဘူး၊ဒီပရိုဂျက်နောက်ကွယ်က "အကြောင်း" ကိုနားမလည်ကြသေးဘူးတဲ့။ နယူးအင်္ဂလန်ဆောင်းဥတုအတွက် အနွေးထည်မတတ်နိုင်တဲ့ မိသားစုတွေရှိပါလားလို့သိစေမြင်စေချင်တာကိုကျောင်းသားတချို့မသိလိုက်ဘူး။ပြီးတော့ ဒီပရိုဂျက် ကလည်း သူတို့ကျောင်းသင်ခန်းစာနဲ့လည်းဘာမှမပတ်သက်ဘူး။

တကယ်တော့ပရပိာတအလုပ်နဲ့ ပရပိာတစာသင်နည်းကအဲနေရာမှာကွာတာပါ။ပရပိာတ စာသင်နည်း က ပရပိာတအလုပ်နဲ့ ကျောင်းသင်တန်းပေါင်းစပ်ပေးရမှာပါ။ကျောင်းသားတွေ ကိုတက်တက်ကြွကြွ သင်ယူနေသူတွေဖြစ်လာစေလျက်တစ်ပြိုင်နက်မှာပြည်သူ့နီတိကိုလည်းသင်ကြားပေးတာ ကို ပရပိာတစာသင်နည်းလို့ခေါ်ပါတယ်။ဒီနည်းမှာ "အများအကျိုးဆောင်ခြင်းနဲ့ သင်ယူခြင်း" ရည်ရွယ် ချက် နှစ်မျိုးရှိပါတယ်။အဲ ရည်ရွယ်ချက်နှစ်မျိုးပေါက်မြောက်ရဲ့လားလို့ကြည့်ရမှာပါ။

ဒီလိုသင်နည်းပာာ အရင်ကလည်းရှိပါတယ်။သို့သော် တစ်နေရာစီပြန့်နေလို့ပါ။ယခုတော့ ၁၉၉၀ ခုနှစ်ကတည်းက အမေရိကန်မှာဖယ်ဒရယ်အစိုးရကကော်မရှင်တစ်ခုဖွဲ့ပါတယ်။ အမျိုးသား အကျိုးဆောင်ကော်ပိုရေးရှင်း(Corporation for National Service) ဖွဲ့ပြီးပရပိာတစာသင်နည်းက ပရိုဂျက်တွေကိုအထောက်အပံ့ပေးပါတယ်။၂၀၀၁ မှာပြည်နယ် ၆ ခု၊နောက်ထပ်ပြီးတော့ ပြည်နယ် ၇ ခုကကျောင်းတွေမှာ စာမေးပွဲအောင်ဖို့ လိုအပ်ချက်တစ်ခုအနေနဲ့ အကျိုးဆောင်စာသင်နည်း ကိုထည့်ပါတယ်။ ကဲလော့ဖောင်ဒေးရှင်းလို ပြင်ပအဖွဲ့အစည်းတွေကလည်း ရန်ပုံငွေထည့်ဝင်ကြ
ပါတယ်။အစိုးရကျောင်းတွေရဲ့ ၃၂ ရာနုန်းကပရပိာတစာသင်နည်းကို လုပ်ဆောင်နေကြ တယ်လို့ ဆိုပါတယ်။ဒီနည်းမှာ ကျောင်းသားတွေပာာအလုပ်လုပ်ရတယ်။ရပ်ကွက်ကစားကွင်းကိုသန့်ရှင်းရေးလုပ်နေတာဖြစ်စေ၊ဘုန်းတော်ကြီးတွေစောင့်ရှောက်ထားတဲ့မိဘမဲ့ကလေးစာသင်ကျောင်းမှာစာသွားပြသည်ဖြစ်စေ ကိုယ် ကိုယ်တိုင်ပါဝင်လုပ်ကိုင်တာကိုတောင်းဆိုတဲ့နည်းဖြစ်ပါတယ်။မလှုပ်မယှက်ခံစားရုံ သက်သက် စာသင်သား(Passive Learners) တွေမပာုတ်တော့ဘဲ၊ပြင်ပကမ္ဘာကြီး ရဲ့ပြဿနာတွေ ကိုတွေ့ကြုံဖြေရှင်းတဲ့အတွေ့အကြုံယူသူတွေဖြစ်သွားတာပေါ့။ကလေးတွေ ကို သစ်ပင်လေးတွေ စိုက်ခိုင်းတဲ့ ပရိုဂျက်ဆိုပါစို့။မျိုးစေ့ အကြောင်း၊မြေသြဇာအကြောင်း၊မြေ၊ ရေ ၊နေ အကြောင်းစာအုပ်တွေ ဖတ်ရမယ်ရေလောင်း၊ပေါင်းသင်ရမယ်။သိပ္ပံအကြောင်းနဲ့ ဘောဂဗေဒကိုမိတ်ဆက်ပေးလို့ရတယ်။ရေရှည်လုပ်ရတာ စိတ်ရှည်ရတာကသိလာဖို့များတယ်။ကျောင်းသားတွေအနေနဲ့သူတို့ပာာလူ့အသိုင်းအဝန်းရဲ့အစိတ်အပိုင်းတစ်ခုပဲလို့သိလာတယ်။ကျောင်းသားတွေက"လူအသိုင်းအဝန်း (community)ဆိုတာ ဘာလဲ"ကိုသဘောပေါက်လာတယ်။ကျောင်းသားတွေရဲ့လူ့အသိုက်အဝန်းက ၂ မျိုးရှိလာတယ်။တစ်ခုကကျောင်းစာသင်ခန်း၊နောက်တစ်ခုကသူတို့အကျိုးဆောင်ပေးတဲ့ရပ်ကွက်။ဆရာတွေ၊ကျောင်းသားတွေအချင်းချင်း၊ရပ်ကွက်နေပြည်သူတွေနဲ့ အတူတူလုပ်ရင်းကအစုအသင်းစိတ်ဓါတ်ရှိ လာတာပေါ့။

မည်သည့်ပညာရေးရာဆောင်ရွက်သူမဆို"ကလေးတွေပာာလည်းအကောင်းအမွန်တွေလုပ်ချင်တဲ့ ဆန္ဒရှိကြတယ်။အခွင့်အလမ်းတွေရှိရင်လုပ်ကြမှာပဲ"လို့သဘောတူညီကြတယ်။ အကျိုးဆောင် စာသင် နည်းတွေပာာအဲဒီအခွင့်အလမ်းကိုပေးအပ်ပါတယ်။ကလေးသူငယ်တွေမှာလူမှုရေးစိတ်ဓါတ် ထွန်းကားအောင်လုပ်ပေးတာ။လှုမှုကျင့်ဝတ်(Socialrespons-ibility)ကိုပျိုးထောင်ပေးတာပါ။ အိုင်အိုဝါ၊ စင်စီနတီမြို့မှာ ပထမတန်းကလေးတွေပာာ အယ်လ်ဇိုင်းမားရောဂါယူနစ်ကို သွားပြီးလည်ကြ တယ်။ ကလေးတွေသာမက မိဘတွေပါ (ပရိုဂျက်ပြီးသော်လည်း)ရောဂါသည် လူအိုကြီးတွေ ထံအလည်အပတ်ဆက်လုပ်ကြသတဲ့။ မက်ဆာချူးဆက်၊ပာဒ်ဆန်မြို့ကလေးတန်းကျောင်းသားတွေ ပာာအနားကစိမ့်မြေတောကလေးကို ထိန်းသိမ်းဖို့ လေ့လာကြသတဲ့။တချို့ကလေးတွေပာာ    ပတ်ဝန်း ကျင် ထိန်းသိမ်းရေးမှာစိတ်ဝင်စားတဲ့ကလေးတွေဖြစ်သွားတယ်။ပာာဝိုင်ယီမှာတော့ ကျွန်းပေါ်က မီးတောင်တွေ ကိုလေ့လာ ကြတယ်။တစ်ကယ်တော့ မီးတောင်ဖြစ်စေ၊စိမ့်အိုင်ဖြစ်စေ အတူတူပါပဲ။
လူငယ်တွေကိုစိတ်ဝင်စားစရာတစ်ခုခု နိုးဆွတဲ့အကျိုးသက်ရောက်မှု ရှိမှာပေါ့။

ဒီစာအုပ်လေးထဲမှာ ပါတဲ့ ကလေးတွေက ခု လူကြီးတွေဖြစ်လာကြပါပြီ။ သူ့နိုင်ငံ သူ့အစိုးရအကြပ်တည်းဖြစ်နေ ကြချိန်မှာ ခုဆို နိုင်ရာတာဝန်ကို ဗြဟ္မစိုရ်စိတ်ထား အပြည့်နဲ့ ဝင်ရောက်ကူညီနေကြပါပြီ။ နည်းနည်းနောနော ရက်ရောမှုမျိုးမဟုတ် တဲ့  နေ့လည်စာ အခမဲ့ကျွေးမယ့်အစီစဉ်မှာဝန်ထမ်းကဒ်အတုနဲ့ ဝင်စားမယ့် လူတွေမရှိလောက်ဘူးလို့ ကို ပြည်သူ အချင်းချင်း ယုံကြည်မှုရှိကြပါတယ်။ အချောင်သမားစိတ်ဓါတ်တွေကလည်း သူတို့ နိုင်ငံမှာ မရှိသလောက် ရှားနေပုံပါပဲ။

အားကျအတုယူစရာ နိုင်ငံကြီးသားစိတ်ဓါတ်နဲ့ ဗြဟ္မစိုရ်နှလုံးသားစိတ်ထားလေးတွေရဲ့အခြေခံ ရေသောက်မြစ်ကတော့ စာသင်ကျောင်းပါပဲ။ကလေးဘဝ မှာ ရိုက်သွင်းခံရတဲ့ အသိမဟုတ်ပဲ၊ နှလုံးသားနဲ့ ခံစားရတဲ့ အသိတွေ ကြီးထွားရှင်သန်လာမှုကြောင့် ကိုယ်ချင်းစာတရားတွေ အပြည့်ရှိတဲ့ လူ့အသိုင်းဝိုင်း ကို   ဖော်ဆောင်နိုင်ခဲ့ခြင်း လည်းဖြစ်ပါတယ်။ဒါကြောင့် အရေးကြီးဆုံးဆိုတဲ့ တိုင်ပြည်တစ်ခုအတွက် ပညာရေးက မိမိကိုယ်တင်မက တိုင်းပြည်နဲ့ လူမှုဝန်းကျင်တစ်ခုလုံးကို အကျိုးသက်ရောက် မှုရှိ တယ်ဆိုတာ သတိပြုသင့်နေကြပါပြီ။ပျက်ပြားနေပြီဖြစ်တဲ့ မြန်မာ့စိတ်ဓါတ်ကို ကလေးငယ်လေးတွေ ကနေမှစတင်ပြီး ပြန်လည်ဖော်ဆောင်ကြပါစို့လို့ တိုက်တွန်းနိုးဆော်ရင်း အိုဘားမား
ကဲ နှင့် ဗြဟ္မစိုရ်နှလုံးသား ကို ယှဉ်တွဲ တွေးခေါ်နိုင်ရန် ဖော်ပြလိုက်ရပါကြောင်း..............

မိုးဝေသော်

No comments:

Post a Comment