Sunday, April 18, 2010

သူရူး အိမ်မက် (၁)













ရှုံးမဲမဲ ရလောက်အောင်
ပေါသွပ် နုံချာသူတစ်ယောက် မပာုတ်ဘူး
ကစားပွဲ ရလာဘ်ကို ဆန့်ကျင်
ဖီသွေ သူတစ်ယောက်လဲ မပာုတ်ဘူး
ညင်းသွဲ့နွဲ့လေပြေ
အရေးတယူနမ်းရှိုက်
စွန့်ပစ်ခဲ့သူလဲ မပာုတ်ဘူး
အလေးတယူ အထွဋ်အမြတ်တွေ
ဝေမျှဖြန့်ကျဲခဲ့ ငါ
ကိုယ်ခံအားနည်းသူလည်း မပာုတ်ဘူး........

ချစ်မှန်းမသိ မချစ်မှန်းမသိ
ပေါချောင်ရင် မကောင်းမှန်း သိခဲ့သူ
ရင်ဘတ်ချင်း နီးစပ်ဖို့ အထိ
စိတ်ကူးရင်စရာ ဇါတ်သိမ်းမကောင်းမှန်းလဲ သိခဲ့သူ
ယေဘုယျ အထွေထွေမျှဖို့
ဘဝအခြေအနေမက ခံယူချက်
တစ်နယ်စီသွားနေမှန်းလဲ သိခဲ့သူ........ဒီလိုနဲ့
သိခဲ့ တယ်........ထိ ခဲ့ပါတယ်......
သံယောစဉ်ဆိုတာ
အရောဝင်လို့ မကောင်းတဲ့ ခွေးလေးတစ်ကောင်သာဖြစ်မှန်း
ကိုတာရာမင်းဝေပြောမှ သိခဲ့သူ..........

ဗေဒါဇော်

18-04-2010 ( 12:21 Am )

No comments:

Post a Comment