Thursday, April 15, 2010

ပိတောက်ရိုင်းတဲ့ နေ့


ပိတောက်ရိုင်းတဲ့ နေ့


နာရီသေ တစ်လုံးလိုမျိုး ထာဝရ ရပ်ဆိုင်းပစ်လိုက်ချင်တော့တယ်........

ရိုးရာသမိုင်းမှာ ပိတောက်ရိုင်းတဲ့ နေ့

ခေတ်ပေါ် ဂီတ သံတွေဆိတ်သုန်း

ဗုန်း ဗုန်းလဲကြ ၊ ဗုန်း ဗုန်း လဲ လိုက်ကြ

စိတ်ကုန်တယ် အဝါရောင် နတ်ဆိုးရယ်

ကံကြမ္မာကို လာဘ်ထိုး မရခဲ့တဲ့ နေ့

နာရီသေ တစ်လုံးလိုမျိုး ထာဝရ ရပ်ဆိုင်းပစ်လိုက်ချင်တော့တယ်.......


မိစ္ဆာတွေ အုန်းအုန်းကြွ၊ တစ်တောလုံး တစ်တောင်လုံး

ပြီးတော့ တစ်လောကလုံး

ဘယ်သူရှုံးပြီး ဘယ်သူ အနိုင်ရခဲ့လဲ

ပိတောက်အဘိဓါန် နေ့စွဲ မှာ သွေးသံရဲရဲ

စတေးလိုက်ကြ၊ စတေးခံလိုက်ရ

လုပ်ရက်တယ် အဝါရောင်နတ်ဆိုးရယ်

ညည်းညူသံတွေ ဖူးဖူးဝေခဲ့တဲ့ နေ့

နာရီသေ တစ်လုံးလိုမျိုး ထာဝရ ရပ်ဆိုင်းပစ်လိုက်ချင်တော့တယ်.......


မလိမ်မိုး မလိမ္မာ ကောင်းကင်မှာ အကုသိုလ်တိမ်မဲ တစ်အုပ်

ဆွဲထုတ် မြေမြုပ်ပစ်လိုက်ချင်တယ်

ဒါ အပြစ်မဲ့တဲ့ ခရေတွေလေ....

ဒါ ဖြူစင်တဲ့ ရယ် သံတွေလေ.......

ဒါ ရိုးရာ ရင်ခုန်သံ သက်သက်.......

ဒါ အနာဂါတ်ရဲ့ မျိုးဆက်......

ဒါ အားလုံးအတွက် ခါးသက်ခဲ့ရပါတယ်......

ဖြစ်နိုင်ရင် ဖြစ်နိုင်မယ်ဆိုရင်လေ

ဝမ်းနည်းစွာ ပူဆွေးခဲ့ရတဲ့နေ့

နာရီသေ တစ်လုံးလိုမျိုး ထာဝရ ရပ်ဆိုင်းပစ်လိုက်ချင်တော့တယ်.......



ဗေဒါဇော်

(15-04-2010 ) 11:59 pm

No comments:

Post a Comment