Friday, April 16, 2010

ဆန္ဒ တစ် စုံ









ဘဝမှာ
ရော ရော ချနေခဲ့တာနဲ့
မော နေခဲ့ ရတာလည်း ကြာပြီ
ဘာဖြစ်လဲ ဘာ စစ်လဲ
အမှန်တရားဘက်
ခပ် မတ်မတ် ရပ်ရဲပလား ကိုယ်လူ
လူပီသ ဖို့ ဆိုရင်
ယူခဲ့သမျှ ပစ်ချ ဘယ်လောက်
ဝေမျှရဲခဲ့သလဲ
ဒေသနာထက် စေတနာ ကဲ ဖို့ပဲလိုတယ်

ကမ္ဘာမြေကို ပြုပြင်ဖန်တီးဖို့ လောက်
မထမမြောက်ရင်လည်း နေပါစေ
ငါ ၏ ဝန်းကျင်
နယ်တစ်ခွင်အတွက်
လုံးလ ရွတ်ကျိုး လူတန်ဘိုး၌
ကျိုးမဲ့ ချည်းနှီး မသေလို..........


ဗေဒါဇော်

16-04-2010

No comments:

Post a Comment