Thursday, April 15, 2010

ကျွန်တော် နှင့် သင်္ကြန်



သင်္ကြန် ဆို ကျွန်တော် အရမ်း စိတ်ပျက်မိပါသည်။ အဓိက က ရုံးတက်ရသောကြောင့်လည်း ဖြစ်ပါသည်။ နောက်တစ်ချက်က သင်္ကြန် နှင့် ပတ်သက်၍ ကျွန်တော်မှာ ပြသနာ လေး နည်း နည်းရှိခဲ့ဖူးသည်။ သင်္ကြန် သည် ကျွန်တော်အတွက် ခါးသီးလွန်းသော နေ့ ရက် များသာ ဖြစ်ခဲ့သည်။ အမေ က သင်္ကြန် ကျွန်တော် အိမ် မှာ မနေခြင်းဖြင့် ကုသိုလ်ယူပါလို့ ပြောနေသေးသည်။ ငယ်ရွယ်စဉ်က ဆိုးခဲ့ ပေခဲ့ လေ ခဲ့ လေသမျှ ခုဆို သင်္ကြန် ကျွန်တော် အိမ်မှာနေခွင့် မရသည်မှာ ငါးနှစ်ပြည့်လေပြီ။


ပူလောင်ပြင်းပြသော နေရောင်ခြည်အောက်တွင် ပိတောက်ရနံ့လေးတွေက စိတ်အစဉ်ကို ကြည်နူးချမ်းမြေ့ စေခဲ့ပါသည်။ သူမ ခုလောက်ဆို သင်္ကြန်နဲ့ အတူ ကျွန်တော့် ကို သတိရ နေပြီဆိုကြောင်း ကြေးကျော ပေး လို့ တောင် လောင်းလိုက်ချင်သေးသည်။ ကျွန်တော့် အ တွက်တော့ သူမ သည် တစ်နှစ်မှာတစ်ခါသာ ပွင့်ဖူးဝေ ဆာ သည့် အဝါရောင် နတ်သမီး ပန်း ပိတောက်လို ကျွန်တော် ဘဝမှာ တစ်သက်မှာ တစ်ခါသာ ဖြစ်တည် ပေါက် ဖွား လာ ခဲ့သည့် အဝါရောင်နတ်သမီးလေးသာ ဖြစ်ခဲ့ပါသည်။


အပင်ကြို အပင်ကြားမှာ နေပူစာ လာလှုံနေတဲ့ ဥသြငှက်တစ်ကောင် အငြိမ်မနေပဲ တွန် ကြူး နေသံကြောင့် ကျွန်တော့် အတွေးတွေ ပျံလွင့် နေရာမှ ဇိမ်ပျက်သွားသည်။ သင်္ကြန်နဲ့ ပိတောက်ကို အခြေတည်ပြီး ဇာတ် လမ်း ဆင်နေရာမှ ဒင်းက ဘယ်ကနေ ဘယ်လို ရောက် လာမှန်းမသိ။အင်း ဘာလိုလိုနဲ့ နွေ ရောက်လာပြီပဲ။ နွေ...နွေ....သစ်ပင်တွေလည်း သူတို့ အကြေးခွံတွေကို ခွာချ လို့ နွေ သဏ္ဍန်သရုပ်ကို ကူပာ လှစ်ပြနေပြီပဲ။ လူတွေမှာလဲ ရွက်ဝါ တွေလို ကြွေကျလို့ ရရင်ကောင်းမယ်။အညစ်ကြေးတွေကို ချွေချွေ ချလို့ ဘဝမှာ အခါခါ သာ ပြန်သန့်စင်လို့ ရခဲ့မယ်ဆိုရင် ဘယ်လောက်တောင် မကောင်းမှုတွေ လုပ်ကြ လေဦးမလဲ.......


ဘယ်သူကဘယ်လို စလိုက်တယ်မသိပါဘူး။သင်္ကြန်မှာ နှစ်ပောာင်းက အညစ်ကြေးတွေ သင်္ကြန်ရေနဲ့ ဆေး ကြောသန့်စင်တယ်ဆိုပြီး။ဒီအတိုင်းဆို သင်္ကြန်မှာ လည်ပတ်ပြီး ရေအ လောင်းခံတဲ့ လူတွေ အကုန်လုံး က အညစ် ကြေးထူ တဲ့ လူတွေဖြစ်ကုန်တော့မှာပေါ့။သူ့ ဖာသာ သူနေတဲ့ သိကြားမင်းတောင် ဆွဲထည့် လိုက် သေး.........ခွေးသေရေ ပေပုရပိုဒ်မှာ ဘာ ဘာညာညာတွေ ရေးမှတ်တယ်ဆိုပဲ။ကျွန်တော်စိတ်ဝင်စားတာ အဲ့ဒါ ပဲ။ တကယ် တမ်း သာ သိကြားမင်းအနေနဲ့ ရေးမှတ်ခဲ့မယ်ဆိုရင် ဘယ်လို ဘောပင်မျိုးနဲ့ ရေးမလဲပေါ့ ။ စဉ်း စား ကြည့်လေ အကုသိုလ်များလွန်းလို့ ရွှေပုရပိုဒ်မပာုတ်ပဲ ခွေးသရေ ပုရပိုဒ်ကို ဘယ်လို ဘောပင် အမျိုးအစားကို သုံးပြီး ရေးမှတ်မလဲရယ်လို့။အင်း ခက်တော့ ခက်ပြီ။


ဘာရယ်လို့တော့ ပာုတ်ပါဘူး။ သင်္ကြန်နဲ့ ပတ်သက်ပြီး ထူးထူးထွေထွေ ရေးစရာမရှိ လို့ ပေါက် ကရ လျောက်တွေး လျောက်ရေးနေရတာ။ ကဲ အတွေးလေးတွေဖျောက်၊အလုပ် ကိုရောက်စေ သောဝ်.......

ကဲ...ရွာစားရေ..........မတိန်းမစောင်းပဲ ဗိန်းမောင်းလေးနဲ့ ခေါင်းခန်းက ပို့စေဗျားးးးးးးးးးး

No comments:

Post a Comment