Friday, April 16, 2010

အွန်လိုင်းရေဒီယို အစီစဉ်




မင်္ဂလာပါခင်ဗျာ

ရပ်နားထားတာကြာပြီဖြစ်တဲ့ အွန်လိုင်းရေဒီယို စီစဉ်တင်ဆက်နေမှု ကို ယခု မြန်မာနှစ်ဆန်း မှ စတင်ပြီး ပြန် လည် အသက်သွင်းတင်ဆက်သွားတော့မှာဖြစ်ပါတယ်။

ဘယ်လောက်အသဲမာတဲ့ သူပဲဖြစ်ပါစေ နွေဦးကို ရောက်လာရင် ဥသြငှက် လေးတွေရဲ့ ချိုမြတဲ့ တွန်ကြူး သံ အောက်မှာ နစ်မြောသွားမိကြမှာအမှန်ပါ။လမ်းလေးတွေမှာလဲ ရွက်ဝါတွေဖုံးလို့ပေါ့။ ဘယ်ဆီဘယ်ဝယ်မှန်း မသိတဲ့ ပင်ကြို ထက်နား ဆီကနေ ဆွေးမြေခြင်း သရုပ်သကန်နဲ့ ဥသြငယ် အသံထုတ်နေတယ်။နွေဦးနဲ့ ငှက် ငယ် ဥသြက ဘယ်လိုမှ ခွဲခြားလို့ မရတဲ့အတွဲအစပ် တစ်မျိုးပဲ မပာုတ်လား။ရွက်ခြောက်ကြွေ တောထဲ က ဥသြ ငယ် ရင်မောသံကြောင့် အတိတ်ကို ပြန်ရောက်သွားကြတဲ့အခါ..........


မနက်ခင်းလေးတစ်ခု။သေချာအောင်ထပ်ပြောရရင် နွေဦးရဲ့ မနက်ခင်းလေးတစ်ခုပေါ့။ခပ်မြူးမြူးလေး လေချွန် ရင်းလမ်းလျောက်လာခဲ့တယ်။ဝန်းကျင်တစ်ခုလုံး လင်းပ ဝင်းဝါနေခဲ့တယ်လေ။ စိတ်တွေ တစ်ခုလုံးက ဂွမ်းနု ဝါဖတ်လေးလို ပေါ့ပါးဝဲပြန့် လို့ပေါ့။သူမ နဲ့မတွေ့ခင်အထိ နွေဦးရဲ့ ကျွန်တော့် မနက်ခင်းလေးပာာ လှပနေဆဲပဲ။ ကျွန်တော်ဆီက ခိုးဝှက်သွားတဲ့ အိမ်မက်တစ်ခု။ သူမပာာ ကျွန်တော့်အတွက်တော့ နှလုံးသားစောရ နတ်သမီး လေး တစ်ပါးပါ။


“နှလုံးသားကို ထုတ်ခါလိုက်တော့
တစ်ခုပဲ ထွက်ကျလာတယ်
ချစ်သူရဲ့ နာမ တစ်စုံတရာက
ခုထိ လက်ဆတ်နေတုန်း.......


နတ်သမီး ရယ်သံကို နားနဲ့ဆတ်ဆတ်ကြားဖူးတဲ့ လူတစ်ယောက် ရူးသွပ်သွားသလိုမျိုး။ပန်ဒိုရာ နှင်တံ ညွှန်ဖျား မှာ ဒူးညွှတ် ရှုံး ချ လိုက်မိသလိုမျိုး။အာကသ တစ်ခွင် အလင်းငှက်တို့အိပ်တန်းဝင်ချိန်ကို မြင်မိလိုက်တဲ့ သူရူး တစ် ယောက်လိုမျိုး.....သူမ ကို ငြိတွယ်စွာ မက်မော မိသွားတယ်။သူမ နဲ့ ပတ်သက်ပြီး အရာရာပာာ ကျွန်တော့် ဒိုင် ယာရီမှာ မှတ်တိုင် အဖြစ် စိုက်လို့ပေါ့။ပေါ့ပါးစွာ ရယ်မောခဲ့ကြဖူးတယ်။ ကြည်မွေ့စွာ ပျော်ရွှင်ခဲ့ ကြဖူးတယ်။ ရင် မော စွာ စိုးထိတ်ခဲ့ကြဖူးတယ်။ခရေကြွေတွေလေ မနင်းရက်လို့ ကောက်ဖယ်ယူ လမ်း ရှင်း ပေးကြဖူးတယ်။ လေ ညင်းလေးတွေတိုက်ခတ်လာတိုင်းလဲ အပြစ်မဲ့တဲ့ ဒီလေ ဘယ်သူကိုညင်းခဲ့လို့ လေညင်းလို့ခေါ်တာလဲ ဆိုပြီး ဆည်း လဲသံနဲ့စောဒက တက်ခဲ့ဖူးတယ်။ အမှတ်တရတွေပာာ ခုတော့ ရာသီတော်ပင်အောက်မှာ လဲလျောင်း အ သက် မဲ့လို့ နေခဲ့ပါပြီ။ပုံပြင်ထဲက မင်းသမီးလေးနမ်းမှ လူပြန်ဖြစ်မယ့် ဖားပြုတ်အိုလို ရင်ဘတ်ပောာင်း လောင်း နဲ့ ကောင်တစ်ယောက် သူ့လမ်းသူဖျောက်ထားနေဆဲပေါ့။ချစ်သူရေ........တွဲစပ်ခွင့် မရခဲ့တဲ့ ပုံပြင်သစ်လေးမှာ ငါ နောင်ဘဝ လူပြန်ဖြစ်ပါရစေ........အဆီငေါ်မတဲ့ မှု ကောင်းကင် အောက်မှာ ငါလောက်လောက်လားလား လွမ်း နေပါရစေ..........သေချာတာတစ်ခုကတော့ သူမ ကိုချစ်ခဲ့တယ်ဆိုတာ အမှန်တရားရဲ့ အထက်မှာ ဖြစ်တည် နေ တဲ့ အနှိုင်းမဲ့ ထာဝရရင်ခွင် ခွင်းခဏ်းရဲ့ အလင်းကျမ်းတစ်အုပ်အဖြစ် သိမ်းထုတ် သေချာစွာ သိုဝှက် ထားဆဲပါ .........ချစ်သူ ကြည်လင်နေပါစေ.......ချစ်သူ ကြည်လင်နေပါစေ........ချစ်သူ..........


ယခုတစ်ပတ် ရွေးချယ် တင်ဆက်ပေးလိုက်တဲ့ သီချင်းလေးကတော့ နွေးဦး ဆိုတဲ့သီချင်းလေးပါ။ဒီသီချင်းလေး က ကျွန်တော်အရမ်းနှစ်သက်ခဲ့တဲ့ အဆိုတော် ပာန်ထူးလွင် သီဆိုထားပြီး ဗီလိန် ဆိုတဲ့ တေးစီးရီးထဲက သီချင်း လေးတစ်ပုဒ်ပေါ့။ဒီသီချင်းလေးကို တောင်းဆိုထားတဲ့သူ မရှိပါဘူး။ကျွန်တော် အကြိုက်ကို သာ တင်ဆက် လိုက် ခြင်းဖြစ်ပါတယ်။သီချင်းလေးကို ခံစားပြီး ကျွန်တော့် ရင်ထဲ ရှိနေသလိုလေး ဇာတ်လမ်းဆင် ရေးသား တင် ဆက် ထားခြင်းလည်းဖြစ်ပါတယ်။နားဆင် ခံစားရင်း ကျေနပ်နိုင်ပါစေ..........

ဗေဒါဇော်


2 comments:

  1. သီချင်းလေး က ဘယ်လိုမှ တင်ပေးလို့ မရတဲ့ အတွက် ခွင့်လွတ်ပေးပါ
    ဒီအစီစဉ်လေးကို ကြိုက်နှစ်သက်တယ် ဆိုရင် အပတ်စဉ်တင်ဆက်ပေးနေ
    တာဖြစ်တဲ့ အတွက် Mail ကနေတဆင့် တောင်းဆို နားဆင်နိုင်ပါတယ်

    ကျေးဇူးတင်ပါတယ်

    ဗေဒါဇော်

    ReplyDelete
  2. မိန်းမ သီချင်း နားထောင်ချင်တယ်ဗျာ

    ReplyDelete