Tuesday, September 3, 2013

ထို မိုးတည ထိုးစိုက်ခဲ့ဆူး



လွန်ခဲ့သော မိုးရာသီ၏ တစ်ခုသော ညတစ်ညမှာတစ်စုံတရာကို လွတ်ကျကွဲခဲ့ဖူးတယ်။နောင်တ မရခဲ့ပါဘူး။ ဘယ်တစ်ဦးတစ်ယောက်ကိုတောင်မှ မရှင်းပြခဲ့ဘူး။အမှန်တရားက တစ်သက် လုံးမြေမြှုပ် သွားခဲ့မယ်ဆိုရင်တောင်မှ ကျေနပ်တယ်။တစ်လောကလုံးပြန့်နေတဲ့ သတင်းစကားတွေ က ကျွန်တော် အိပ်ယာမနိုးခင်လေးမှတင် ကမ္ဘာပတ်ပြီးနေပြီ။အတွေးထဲမှာ တစ်ချက်ပြုံးလိုက်မိတယ်။

ထိုနေ့ပြီး နောက်နေ့ ကျွန်တော်သူမနဲ့ အကြီးအကျယ် စကားများခဲ့တယ်။ မိုးဖွဲလေးများကျပြီးစ ရှည်လျားတဲ့လမ်းမကြီးမှာ စိုလက်ဆဲပင်။အမေးတစ်ချက်ကို မကြားဟန်ပြုပြီး လမ်းဖြတ်ကူးဖို့ ဟန်ပြင် လိုက်တယ်။သူမလက်ကိုဆွဲအပြေးလေးလမ်းဖြတ်ကူးပြီး ပလက်ဖောင်းပေါ် ခြေထောက်အတင်မှာ ခုနစကားပြန်ဆက်လာတယ်။ဒီလိုပါပဲကွာ..... ဆိုပြီး ကျွန်တော်ပြန်ပြီးနုတ်ဆိတ်နေတယ်စကား လမ်းကြောင်း ကို ပြန်လွှဲဖို့ ထပ်ကြိုးစားတယ်။ ဘာထပ်ရှင်းဖို့လိုမှာလဲ။ကမ္ဘာပတ်ပြီး သားစကားတစ်ခွန်း ကို ထပ်ရှင်းဖို့ဆို ကမ္ဘာတစ်ခုလုံးစာ ဗီနိုင်းကြီးစကြာဝဌာတစ်နေရာမှာ ကပ်ထားဖို့ပဲရှိတော့တယ်။

ခါတိုင်းထက်ပိုပြီး တိတ်ဆိတ်နေတဲ့ ကားဂိတ်အမိုးလေးအောက် ဝင်လာတော့ကျတော် အသာအယာ ပဲ ထိုင်ချလိုက်တယ်။ သူမမျက်နှာမီးခိုးရောင်မှာကြက်ခိုးတွေတောင်စွဲနေ သလားပဲ။ သူမရင်ထဲမှာ ဘယ်လိုရှိနေမလဲဆိုတာစာနာလို့ရပါတယ်။ ' မရက်စက်ပါနဲ့ လူတစ်ယောကို ပန်းနဲ့တောင်မပေါက်ပါနဲ့
သူဟာ......... တစ်စုံတစ်ယောက်ရဲ့..........အချစ်ဆုံးဖြစ်နေနိုင်လို့ပါ.." ဆိုတဲ့မှတ်မိနေတဲ့ စကားလေး လို သူမလည်း သူမချစ်ရတဲ့သူတစ်ဦးအပေါ် အားလုံးရဲ့အမုန်းတွေကျရောက်နေ တာကို ဗလောင် ဆူနေမယ့်အဖြစ် ကျတော်မြင်ကြည့်မိတယ်။ဘာလဲ...အမှန်တရားက ဘာလဲ ဆိုတာ ကျတော် ထိုစဉ်က ရှာမတွေ့မိဘူး။ စိတ်ထဲ အော်ဂလီဆန်စွာ ရီချင်နေတာပဲသိတယ်။ မှော်ဆရာတစ်ယောက်
ရဲ့ ပုံတိုပတ်စတွေထဲမှာ မှင်သက်အံ့သြနေတဲ့ ပတ်ဝန်းကျင်ကို ကျတော်အသက်တစ်ချက် ရှုထုတ်ပြီး လေသံနဲ့ရီဟန်ပြုလုပ်လိုက်တယ်။ ပြုံးလိုက်တာပါ။မဲ့ရင်လည်း မဲ့သွားနိုင် တာပေါ့။ ကျတော့်  ဒသနဆန်ဆန်စကားလုံးတွေကိုသူမ နားမလည်ခဲ့ပါဘူး။ အမှန်က ဒသနမဟုတ်ပဲ ခံယူချက်စကား လုံးတွေပါ။ရင်ဘတ်ချင်းမနီးစပ်တာ မဟုတ်ခဲ့ပေမယ့် လက်တွေ့အခြေနေမှာ ဒီထက်ရှင်းလင်းချက်တွေ သူ မ လိုကောင်းလိုလိမ့်မယ်။ဒါပေမယ့် ခံယူချက်ကို အရောင်းပြောင်းဖို့ ကျတော်မလုပ်နိုင်ခဲ့ဘူး။ ကားတစ်စီး ထိုးစိုက်လာပြီး လူတစ်ချို့ကိုပြန်အန်သွားတယ်။ လူတစ်ချို့ကို ရေသောက်သလိုသောက် သွားပြီး ဝူး ကနဲလေချဉ်ပြန်တက်ပြသွားတယ်။

မြင်ကွင်းတွေအားလုံးက ခပ်ဝါးဝါးပါ။ သူမ လက်ခံရရှိထားတဲ့အကြောင်းအရာတွေကို နားထောင်ရင်း ကျတော် မဲ့ပြုံးပြုံး ပြုံးတတ်လာတယ်။ ကျတော်မှာ လုပ်နိုင်စရာက တစ်ခုပဲ ရှိတော့တာ တဖြည်းဖြည်းနဲ့ ပိုမိုထင်ရှားလာတယ်။ ကျတော်စွန့်လွတ်လိုက်ဖို့ပင်။ကျတော်ဆုံးဖြတ်ချက်ကို ပြောအပြီး သူမနဲ့ ကျတော်  ကြား မှာမြူခိုးတွေနဲ့ ဝါးသွားသလို။အရိပ်အငွေ့တစ်ခုစာ ခြားသွားတယ်လို့ ခံစားလိုက်ရ
တယ်။ခြေအစုံတို့ မားမတ်တောင့်တင်းစွာနဲ့ သူမ ထိုင်ရာက ထလိုက်တယ်။သူမ ထွက်သွားမှာကျတော် အကြောက် ဆုံးပဲ။တစ်လောကလုံးက နားမလည်ရင်လည်း သူမရဲ့ အားပေးပြုံးလောက်နဲ့တင် ကျတော် လဲသေသွားလို့ရတယ်ဆိုတာ သူမ အသိဆုံး။ ခုတော့ ............

ရုတ်တရက်ထူပူသွားတဲ့စိတ်အစုံနဲ့အတူ သူမလက်ကောက်ဝတ်လေးကို ဖမ်းဆုပ်ကိုင်လိုက်ပြီး ထိုင်ခိုင်းလိုက် တယ်။ သူမ အတင်းရုန်းပါတယ်။ ကျတော်လည်းစိတ်လှိုင်းထန်နေပြီ။အမှတ်တမဲ့ဖြစ်ပေါ်လာတဲ့ အင်အားတစ်ချို့နဲ့ကျတော်သူမကို လက်ဆွဲလိုက်ပြီး ထိုင်စေခဲ့တယ်။ နုတ်ဖျားကတော့ ဆွံ့အနေခဲ့တယ်။စကားလုံးတွေ ကျတော်မှာ ရှားပါးနေဆဲပင်။ နုတ်ခမ်းကို တင်းတင်းစေ့ကိုက်
ထားတဲ့ သူမကို ကျတော် မကြည့်ရက်တော့ချေ။ထို့အတူ......ကျတော်ကို နားမလည်နိုင်တဲ့သူမကို လည်း ကျတော် ....... ဆွဲအားနှစ်ခုကြားမှာ ကျတော်ဘယ်ဘက်ကိုမှ ပါမသွားချေ။သူမ ရပ်လာတဲ့ကားတစ်စီးပေါ်တက်လိုက်သွားပြီး လမ်းထိပ်လေးတစ်ခုမှာဆင်းလိမ့်မည်။ အလိုမတူပဲ ကျလာ တဲ့ မျက်ရည်စတွေကို မုန်းတီးစွာနဲ့ ဖယ်ရှားသုတ်ရှင်းလိမ့်မည်။နာကျည်းစွာနဲ့ ကျတော်ကို
သူမ............................... မုန်း.......သွား...... ပေ.....လိမ့်.......မည်။

ဒီအဖြစ်ပျက်တွေဟာ တစ်ခုသော မိုးရာသီရဲ့ တစ်ညမှာ အခြေတည်ခဲ့တယ်
ဆိုတဲ့ ဆူးတစ်ချောင်း ရင်ထဲ ခုထိ ထိုးစိုက်နေမိတုန်းပင်................

No comments:

Post a Comment